(နိဒါန်း)
ပုခက်လွှဲသောလက်သည် ကမ္ဘာကိုအုပ်စိုးနိုင်၏။
တဲ့ - အတော်များများကြားဖူးကြမှာဖြစ်တဲ့ ဒီစကားပုံလေးထဲက စကားရပ်ကလေးကိုသုံးလို့ ကျွန်တော်ဒီစာကိုရေးလိုက်ရတာ
အကြောင်းရှိပါတယ်။ ရင်ကိုထိရှလာတဲ့ ဖြစ်ရပ်လေးနှစ်ခု ကြောင့်ပါ။ ပထမဖြစ်ရပ်က ကမ္ဘာလောကရဲ့တောင်းဆိုသံကို
နှလုံးသားနဲ့ခံစားမိစေတဲ့ ဖြစ်ရပ်လေးပါ။ ဒုတိယဖြစ်ရပ်က တော့ အဲဒီကမ္ဘာလောကရဲ့တောင်းဆိုချက်၊လိုအပ်ချက်ကို
ဖြည့်စွမ်းပေးနိုင်တဲ့ တမျိုးတည်းသောသူ အမျိုးအစားထဲမှ တချို့က အဲဒီတောင်းဆိုသံကို ပစ်ပယ်ချင်ကြပြီလို့ ခံစားလိုက်ရတဲ့
ဖြစ်ရပ်လေးပါ။ ဒါကြောင့်မို့ အဲဒီဖြစ်ရပ်လေးနှစ်ခုကို အရင်ဆုံးတင်ပြပါရစေ ။
ပထမဖြစ်ရပ်လေးက - - - ကျွန်တော့်မှာ သုံးနှစ်ခွဲအရွယ် သမီးငယ်လေးတယောက်ရှိပါတယ်။
သူက တနှစ်ခွဲ လောက်မှာ နို့ပြတ်သွားခဲ့ပါတယ်။ ဖြစ်ပုံက သူ့အမေကသူ့ကိုစချင်လို့ နို့သီးမှာ
ဆေးရည်သုတ်သယောင်ပြုပြီး သမီးလေး ခါးခါး၊ မစို့ရဘူးနော်လို့ ပြောလိုက်တာ အတေးအမှတ်ကြီးတဲ့
သမီးလေးက အဲဒီကတည်းက မစို့တော့တာ၊ သူ့အမေက စိတ်မကောင်းဖြစ်ပြီး သမီးလေး မေမေစတာ၊လာ
လာ ပြန် စို့၊ မေမေ ရေနဲ့ဆေးပစ်လိုက်ပြီ ပြောပြီးပြန်တိုက်လဲ မစို့တော့ ဘူး။ အဲဒီထဲက
နို့ပြတ်သွားလိုက်တာ အခုထိပါပဲ။ ဒါပေမဲ့ထူးခြားတာတခုက သူအိပ်တော့မယ်ဆိုရင် သူ့အမေကိုအတင်း
ခေါ် အမေ့နို့ကိုကိုင်ပြီး ပါးစပ်က နို့စို့တဲ့ပုံစံနဲ့ နှုတ်ခမ်းလေးကိုက်ပြီး တမြုံ့မြုံ့နဲ့အိပ်ပျော်သွားလေ့ရှိတာ
ခုထိပါပဲ။ အမှတ် တမဲ့ကြည့်ရင်တော့ သူ့အမေကိုနို့တောင်းနေသလိုပေါ့၊ ဒါပေမဲ့ ကျွန်တော်ခံစားလိုက်ရတာက
သူဟာ ရုပ်ဝတ္ထုပစ္စည်းဖြစ် တဲ့ နို့ရည်ကို တောင်းနေတာမဟုတ်ဘူး၊ သူနို့မစို့တော့ဘူးလေ။
သူတောင်းနေတာက သူ့အမေဆီက နို့ရည်ထဲကနေ တိုက်ရိုက်ရလိုက်တဲ့
မိခင်မေတ္တာကိုတောင်းနေတာ။ သမီးလေးလိုပဲ
ကမ္ဘာလောကထဲကလူတွေ ငတ်မွတ်တောင်းခံနေကြ တာ အဲဒီ မိခင်မေတ္တာပါပဲ။
ဒုတိယဖြစ်ရပ်ကတော့ - - - အင်တာနက်ထဲမှာ ဆောင်းပါးတိုလေးတပုဒ်
ဖတ်လိုက်ရတယ်။ မြန်မာမိန်းကလေး တဦးမှမေးခွန်းထုတ်သည်ဆိုပြီး ဓါတ်ပုံလေးတပုံနဲ့ ပူးတွဲဖော်ပြထားတာပါ။
(အပျို စစ်မစစ် အရေးကြီးသလား၊ ကိုယ်ပိုင် အရည်အချင်း၊အတွေးအခေါ်က အရေးကြီးသလား)ဆိုတဲ့
ခေါင်းစဉ်နဲ့ပါ။ ဆောင်းပါးအချုပ်ကတော့ ( အပျိုစင်ဘဝ ကို တော့ ထိန်းရမယ်။ဒါပေမဲ့ အကြောင်းကြောင်းကြောင့်
အပျိုရည်ပျက်ခဲ့ရမယ်ဆိုလဲ အပျိုမစစ်တော့တာနဲ့ တသက်လုံး ခေါင်းငုံ့အနှိမ်ခံနေရမှာလား။
မိန်းမတယောက်ဟာ ယောက်ျား မရှိလဲ ကိုယ့်အားကိုယ်ကိုးပြီးနေနိုင်ရမယ်။ အပျိုစစ်စစ်/ သုံးမရ
(အိပ်-ခံ-ပက်လက်-ထမင်းချက်)ဆိုတဲ့မိန်းမခေတ် ၂၁-ရာစုမှာ ကုန်သွားပြီ - -) ဒီလိုသဘောရတဲ့စာနဲ့
ပူးတွဲ ဖော် ပြလိုက်တဲ့ ဓါတ်ပုံ ကတော့
- - - - - မိန်းကလေးတယောက် အိပ်ရာထဲမှာ ဂျာနယ်နဲ့မျက်နှာကိုဖုံး
( ကန်တော့ပါရဲ့ ) ဖင်ပြောင်ချွတ်ကြီးနဲ့ ဒူးနှစ်ချောင်းမိုးပေါ် ထောင်ထားတဲ့ ပုံကြီးပါပဲ။
ကိုယ့်ဟာကိုယ်သာ အကျယ်ချဲ့စဉ်းစားကြည့်ကြပါ တော့ အမျိုးကောင်းသား/သမီးအပေါင်းတို့ -
- ။ သူပြောတဲ့ ကိုယ်ပိုင်အရည်အချင်း၊ အတွေးအခေါ်ဆိုတာ ဒါကြီးလားဗျာ။ ဒီလိုတော့ မလုပ်လိုက်ကြပါနဲ့ဗျာ
။ အရှက်၊အကြောက် (ဟီရိ၊သြတ္တပ္ပ) တရား ဆိုတာ
ကမ္ဘာကိုစောင့်ရှောက်တဲ့တရားပါ။ အရှက်၊အကြောက်မရှိတော့တဲ့
လောကကြီးဟာ မဖွယ်မရာတွေ ပြရဲ၊ပြောရဲ၊ မဟုတ်တာတွေ လုပ်ရဲ၊ကိုင်ရဲနဲ့ ကြာလာရင် တလောကလုံး
ပူလောင်ဆူပွက်လို့ ကမ္ဘာပျက်မတတ် ခံစားကြရပါလိမ့်မယ်။ အဲဒီအစားထဲ ရိုးသားတဲ့မြန်မာမလေးတွေကို ဆွဲမထည့်ချင်ကြပါနဲ့ဗျာ။ မြန်မာမလေးတွေဟာ(ဟီရိ၊သြတ္တပ္ပ)
အရှက်၊အကြောက်ကြီးပြီး သစ္စာတရားကိုတန်ဖိုးထားတတ် ကြသူတွေပါ။ သူ့အဆိုအရ ခေတ်ကုန်သွားပြီဆိုတဲ့
မြန်မာအိမ်ထောင်ရှင်မိန်းကလေးတွေဟာ လင်သားအပေါ်သစ္စာရှိခြင်း သားသမီးတွေအတွက် သူတို့ဘဝကိုမြှုပ်နှံလို့
ထာဝရပေးဆပ်ခြင်း ဆိုတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ (Home)လို့ခေါ်တဲ့ အိမ်ကလေးထဲကနေ နွေးထွေးတဲ့မေတ္တာတွေကို
တိတ်တိတ်လေး ဖြန့်ဝေနေကြသူတွေပါ ။ ဒီတန်ဖိုးတွေကို(- ထမင်းချက်) ဆိုတဲ့ စကားလုံးရိုင်းကြီးနဲ့ဖုံးပြီး
ပစ်ပယ်ချင်နေကြပြီလို့ ခံစားလိုက်ရတာ တော်တော်မကောင်းဘူးဗျာ။
မေတ္တာဆိုတာ ကောင်းကျိုးလိုလားသောစိတ် တဲ့။
တလောကလုံးအပေါ် ကြီးမားတဲ့မဟာကရုဏာ၊မေတ္တာထား တော်မူတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ
မေတ္တာသုတ်ပရိတ်တော်မှာ မေတ္တာရဲ့သရုပ်ကို နှိုင်းယှဉ်ဖော်ပြခဲ့ပုံ က - - မာတာယထာနိယံပုတ္တ မာယုသာဧကပုတ္တ မနုရက္ခေ ဧဝံပိသဗ္ဗဘူတေသု
မာနသံဘာဝေယ် အပရိမာနံ ။ တဲ့ မိခင္တေယာက္ဟာ
သူ့ရဲ့တဦးတည်းသောသားလေးကို မကောင်းဆိုးဝါး၊ဘေးရန်အန္တရာယ်မှ ကာကွယ်ရန်အလို့ငှာ ရင်ဝယ်ပိုက်ထွေးထားသကဲ့သို့
သတ္တဝါတွေအပေါ်မှာ မေတ္တာစိတ်ကိုပွားများရာ၏ ဟု
ဆိုလိုပါတယ်။ ကမ္ဘာလောကကြီး အတွက် တခုတည်းသော ငြိမ်းချမ်းရေးတရားဟာ မေတ္တာတရားပါ။ အဲဒီ
မေတ္တာတရားဟာ ဘယ်လိုဟာမျိုးလဲဆိုရင် မိခင် တယောက်ရဲ့သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာမျိုးတဲ့။
ဗုဒ္ဓမြတ်စွာဟာ အကြောင်းမဲ့ဟောခဲ့တာမဟုတ်ပါဘူး။ ဘုရားရှင်ကိုယ်တိုင်ဝန်ခံတော်မူခဲ့သေးတာက
ငါဘုရားသည် မယ်တော်နတ်သားကို အမြတ်ဆုံးအလှုဖြစ်တဲ့ တရားအလှု နဲ့ ကျေးဇူးဆပ်ခဲ့တာတောင်
နို့တလုံးဖိုးပဲကျေပါတယ် တဲ့။ မယ်တော်မာယာဒေဝီဟာ အလောင်းတော်မင်းသားကို ဖွားမြင် ပြီးတာနဲ့
ကွယ်လွန်သွားတာပါ။ အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မယ်တော်ရဲ့ဝမ်းကြာတိုက်ထဲ ရှိစဉ်ကာလမှာ
အချင်းတိုင်မှတဆင့် သောက်စို့ခဲ့ရတဲ့ နို့ရည်ဖိုးတောင် ဘုရားရှင်ဆပ်တော်မူလို့မကုန်နိုင်ပါဘူးတဲ့။
ဘာလို့များဒီလောက် ကျေးဇူးကြီးမားရတာလဲ။ သေချာစဉ်စားကြည့်ပါ
။ ကမ္ဘာပေါ်မှာ
အနီရောင်သွေးရည်ကို အဖြူရောင်နို့ရည်အဖြစ် ပြောင်းပစ်နိုင်စွမ်းရှိတဲ့အရာဟာ မိန်းမသားတွေရဲ့
မိခင်စိတ်(ဝါ)မိခင်မေတ္တာတခုတည်းပါပဲ။ အဲဒီဓါတ်ကို ယနေ့ခေတ်သိပ္ပံပညာရှင်တွေတောင် အတိအကျ
မဖော်ပြနိုင်ပေမဲ့ သူ့ရဲ့အာနိသင်ကိုတော့ အားလုံးအသိအမှတ်ပြုထားရပါတယ်။ ဒါကြောင့်မို့
မိခင်နို့ကို အနဲဆုံးခြောက်လခန့်သောက်စို့ခွင့် ရသောကလေးသည် အခြားကလေးတွေထက် ဉာဏ်ရည်ထက်မြက်တယ်၊ရောဂါဒဏ်ခံနိုင်စွမ်းရှိတယ်လို့
တရားဝင် ထုတ် ဖော် ကြေငြာထားရတာဖြစ်ပါတယ်။ ဒီနေရာမှာ မိခင်စိတ်/မိခင်မေတ္တာလို့ပြောတော့
အိမ်ထောင်မရှိ၊ကလေးမရှိတဲ့ အမျိုး သမီးတွေမှာ ဒီစိတ်မရှိတော့ဘူးလား မေးစရာရှိပါတယ်။
ကျွန်တော့်မိတ်ဆွေတယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးကိုပြော ပြချင်ပါတယ်။ သူ့အိမ်မှာခွေးမလေးတကောင်မွေးထားတယ်။ခွေးမဒါန်းမလေး(ခွေးအပျိုမ)ပေါ့
။တနေ့ အိမ်အောက်မှာ အခြားခွေးမတကောင် သားလာပေါက်ပြီး သေသွားတယ်။ ခွေးပေါက်ကလေးတွေဟာ
အမေသေမှန်းမသိ။နို့သာအတင်းစို့ တော့တယ်။ သေနေတဲ့ခွေးမက နို့မထွက်နိုင်တော့ ခွေးပေါက်ကလေးတွေခမျာ
နို့ဆာလို့တကိန်ကိန်အော်နေတာကို ခုန ခွေးပျိုမလေးမြင်သွားတော့ သနားပြီးခွေးလေးတွေဆီသွား၊လှဲချလိုက်ပြီးသူ့နို့လှန်ပေးလိုက်တော့
ခွေးပေါက်လေးတွေလဲ ဆာဆာနဲ့ဝိုင်းဆွဲကြတာ အဲဒီခွေးပျိုမလေးဆီက နို့ထွက်လာသတဲ့။ အသိဉာဏ်မရှိတဲ့
ခွေးအပျိုမလေးမှာတောင် မိခင်စိတ် ရှိသေးရင် မည်သည့် လူမိန်းကလေးမဆို မိခင်စိတ်ရှိကြမှာပါ။ ကျွန်တော်စမ်းသပ်မှုတခုလုပ်ကြည့်ဖူးတယ်။ မိခင်နို့ရည်ကိုယူ၊
ခွက်ထဲထဲ့ပြီး မီးဖိုပေါ်တင် ကျိုကြည့်တာ ဆူလာ တော့ သွေးရောင်ပြောင်းသွားတယ်။ သေချာတယ်၊သွေးကနေနို့ရည်ဖြစ်တာ။
နွားနို့ညှစ်ကုလားတွေ နို့ညှစ်ပုံကိုထိုင်ကြည့် ဖူးတယ်။ ဒီအတိုင်းညှစ်၊မထွက်ဘူး။နွားသားပေါက်ကလေးအနားပြပြီး
အော်သံထွက်လာမှ နွားမကြီးနို့ရည်တွေစီးကျလာ တော့တာ။ သားကိုချစ်တဲ့မိခင်မေတ္တာစိတ်ဟာ
မိန်းမသားတွေရဲ့သွေးထဲမှ ဟိုမုန်းဓါတ်ပြောင်းလဲမှုတခုဖြစ်စေပြီး နို့ရည်ဖြူ အဖြစ်ပြောင်းလဲသွားရတာပါ။
သွေးဖြူဥပါဝင်နှုန်းမြင့်တဲ့အတွက် ရောဂါဒဏ်ကိုခံနိုင်ရည်ရှိတာပါ။ ဒီနေရာမှာ လူတချို့ရဲ့
မှတ်ချက် စကားတခုကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။ မိခင်တွေ ပဋိသန္ဓေတားဆေး သုံးထားပြီး နို့တိုက်ရင် ကလေးမှာ side effect ဖြစ်နိုင်လို့ - - - ။ကျွန်တော်သိသလောက်တော့
တားဆေးတွေဟာ ပဋိဇီဝဆေးအမျိုးအစားဖြစ်တယ်လို့ ထင် ပါတယ်။ (ကျွန်တော်မှားရင်ပြင်ပေးကြပါ)
ပဋိဇီဝဆေးတွေဟာ လူ့ခန္ဓာကိုယ်ထဲမှာရှိနှင့်ပြီးဖြစ်တဲ့ မူလသွေးCells တွေကို ဇီဝပြောင်းလဲမှုဖြစ်ပေါ်စေပြီး
ရောဂါတွေကို ကာကွယ်၊တိုက်ဖျက်တာ(ဟုတ်ပါတယ်နော်)။ တားဆေးတွေဟာလဲ အရွယ် ရောက်ပြီး မိန်းမတွေရဲ့
မ ဟိုမုန်းဓါတ်ကို ဇီဝပြောင်းလဲမှုဖြစ်စဉ်နဲ့ သန္ဓေသားမတွယ်နိုင်အောင် ပြုလုပ်ပေးတာလို့
ထင်ပါ တယ်။ ဒီတော့ နို့စို့ကလေးတွေမှာ အဲဒီဟိုမုန်းဓါတ်မရှိသေးတော့ တားဆေးရဲ့
effect ဟာ ကလေးအပေါ်ဘယ်လိုအကျိုး သက်ရောက်မှု ရှိနိုင်မှာလဲ ဆိုတာ သေချာစမ်းသပ်၊သုတေသနပြု
အဖြေရှာသင့်ပါတယ်။ ဒီကိစ္စဟာ မိခင်တွေရဲ့ ကလေး နို့တိုက်ချင်စိတ် အပေါ် တစုံတရာအကျိုးသက်ရောက်မှု
ရှိနိုင်တဲ့အတွက်ကြောင့်ပါ။
ပြီးတော့
(၂၄)ပစ္စည်းမဟာပဌာန်းတရားတော် အာဟာရပစ္စည်းအခန်းမှာ အရူပီနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စရူပါနံ အာဟာရပစ္စယေန ပစ္စယော
ဆိုတာ စိတ်အာဟာရတရားတွေရဲ့ ထောက်ကူပြုခြင်းအားဖြင့် ကျေးဇူးပြုတတ်တဲ့သဘောကို ဗုဒ္ဓရှင်တော်မြတ်
ဟောကြားတော်မူခဲ့တာပါ ။ အဲဒီတရားတွေ (သဒ္ဓါ၊သတိ၊ပညာ၊မေတ္တာ) စတဲ့စိတ်အာဟာရတွေထဲမှာ ဦးနှောက်ဖွံ့ဖြိုးမှုလွန်စွာအားနဲသေးတဲ့
(၃)နှစ်အောက် ကလေးငယ်တွေအတွက် အဓိကကျ တဲ့ စိတ်အာဟာရကတော့ မေတ္တာဓါတ်ပါပဲ။ မိခင်နို့ရည်ဟာ
အခါလည်ကျော်ကျော် ကလေးအတွက် ရုပ်အာဟာရဓါတ်ကို အပြည့်အဝမပေးနိုင်တော့ပေမဲ့ မိခင်ရဲ့မေတ္တာအာဟာရဓါတ်ကိုတော့
အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်မို့ မိခင်ရဲ့ မေတ္တာဓါတ်ကို (၃)နှစ်သားလောက်အထိ
(တိုက်ရိုက်) ပြည့်ပြည့်ဝဝရရှိထားတဲ့ ကလေးတွေဟာ စိတ်သဘောထားပြည့်ဝ တဲ့သူတွေအဖြစ် ကောင်းစွာကြီးပြင်းလာနိုင်တာကို
ပညာရှင်တွေလက်ခံလာကြပါပြီ။ ဒီကနေ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ် အာဏာရှင်တွေ၊အကြမ်းဖက်သမားတွေ၊လူသတ်လက်နက်တီထွင်၊ရောင်းဝယ်ဖောက်ကားသူတွေဟာ
ဘယ်လောက်ပဲ တော်နေပါစေ၊ စိတ်သဘောထား မပြည့်ဝတဲ့သူတွေပါပဲ။ သူတို့ငယ်စဉ်မှာ မိခင်မေတ္တာဓါတ်ကို
အပြည့်အဝမရရှိခဲ့ဘူးဆို တာ အထောက်အထားတော်တော်များများ ရှိနေပါတယ်။ မေတ္တာအာဟာရဓါတ်ကိုမရရင်
စိတ်ဟာ ဒေါသတွေ၊နာကျည်း ချက်တွေ၊မာန်မာနတွေကို စားသုံးလို့ ရက်စက်ကြမ်းကြုတ်ကုန်ကြတာပါ
။တလောကလုံးငြိမ်းချမ်းစွာနေနိုင်ဖို့ လူသားတွေ အရေးတကြီးလိုလားတောင့်တနေကြတဲ့ အဲဒီမေတ္တာဓါတ်ကို
မိခင်တွေဆီကနေပဲ လူသားတိုင်းရရှိနိုင်ကြပါတယ်။
ဤစာကိုဖတ်ရှုနေသော ပုခက်လွှဲသောလက်ပိုင်ရှင်
မိခင်များနှင့် မိခင်လောင်းလျာ၊ မိခင်စိတ်ပိုင်ရှင် အမျိုးသမီး အပေါင်းကို ကျွန်တော်
လေးစားမြတ်နိုးစွာ တိုက်တွန်းလိုပါ၏။ သင်တို့၏အခွင့်အရေးများဖြစ်သော ကိုယ့်အားကိုယ်ကိုး
ကြိုးစားနိုင်ရေး၊ ကိုယ်ပိုင်အရည်အချင်းနှင့် အတွေးအခေါ်ထက်မြက်ရေး၊ အမျိုးသားများနှင့်
ရင်ဘောင်တန်း၍ ခေတ်ကို ဖြတ်သန်းနိုင်ရေးတို့ကို ကျွန်တော်အလေးအနက်ထောက်ခံအားပေးပါ၏။
သို့သော် - ကျွန်တော်တို့တွင်မရှိသော၊ လူသား
အားလုံးလိုလားတောင့်တနေသော၊ တန်ဖိုးမဖြတ်နိုင်အောင် ကျေးဇူးကြီးမားလှသော သင်တို့ ရင်မှ ဖြစ်သည့် မိခင်မေတ္တာ တရားကိုကား ဘယ်အရာနှင့်မှ မလဲလှယ်ကြပါရန်၊အဆုံးရှုံးမခံကြပါရန်
လောကကြီးတခုလုံးငြိမ်းချမ်းသာယာရေးအတွက် အလေးအနက်ပန်ကြားအပ်ပါကြောင်း အို မိခင်အပေါင်းတို့ခင်ဗျား
။
။
ဝီမံသာ
(၂၄-၈-၂၀၁၃)
No comments:
Post a Comment