ကျွန်တော်
Face book ပေါ်တက်တိုင်း Face book ကမေးပါသည်။ What is on your mind ? တဲ့။ ကြည့်ရသည်မှာ
အတွေးသစ်၊အမြင်သစ်တွေ လိုချင်၍ုထင်ပါသည် ။ အခုမနက် အိပ်ယာနိုးတော့ စိတ်ကူးသစ်တခုရ၍
ဆုတောင်းသစ်တခုကို တောင်းမိပါသည်။ ကျွန်တော့်ဆုတောင်းမှာ -
ကျွန်တော်သည်
တခါမှမကြုံဘူးသေးသော အောက်ပါဘဝမျိုးကို ရောက်ချင်၊ကြုံချင်၊နေချင်ပါသည် -
၁
။ အဖြစ်မရှိသူ ၂ ။ အလိုမရှိသူ
၃
။ လုပ်မနေရသူ ၄ ။ ရသမျှမယူသူ
၅
။ အချိန်မဲ့ ၊ နေရာမဲ့ တွင် အကြောင်းမဲ့ နေသူ တို့ဖြစ်ပါသည်
။
အကြောင်းမူကား
- - -
၁ ။ အဖြစ်ရှိနေသရွေ့ ပျက်ရဦးမည်ကို လည်းကောင်း
၊
၂ ။ အလိုရှိနေသရွေ့ မပြည့်မဝခံစားနေရဦးမည်ကို
လည်းကောင်း ၊
၃ ။ လုပ်နေရသမျှ ဆင်းရဲခြင်းသာရဦးမည်ကို
လည်းကောင်း ၊
၎ ။ ယူမိသမျှ မတန်တဆ ပြန်ပေးရဦးမည်ကို လည်းကောင်း
၊ သိလိုက်ရပါသည် ။
၅ ။ ထို သိလိုက်ရသမျှသည် အချိန်တိုင်း ၊
နေရာတိုင်း တွင် အကြောင်းမကင်းသမျှ ရှိနေကြမည်ဖြစ်သဖြင့်
အချိန်ကာလမှကင်းလွတ်သော ၊ နေရာဌာနမှကင်းလွတ်သော ၊ အကြောင်းတရားတို့မှကင်းလွတ်သော
ထိုအရာတခုကို ရှာဖွေ၍ ရောက်ချင်၊နေချင်ရခြင်းဖြစ်ပါသည် ။
(ဝန်ခံချက်) ကျွန်တော့်အတွက် အသစ်ဖြစ်ပေါ်လာသော
အတွေးတခုဖြစ်၍ စိတ်ကူးသစ်၊ဆုတောင်းသစ်ဟုဆိုရသော်လဲ
လွန်ခဲ့သော
နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော် အချိန်ကတည်းက ဂေါတမဗုဒ္ဓ အမည်ရသည့် မဟာလူသား၊မဟာပညာရှင်
တဦးက ထိုအရာသည် ( နိဗ္ဗာန် )ဖြစ်၏ ဟု ညွှန်ပြခဲ့ပြီးဖြစ်ပါသည်
။
ဝီမံသာ
(၁၇-၉-၂၀၁၃)
လူများစုက အဖြစ်မရှိဘူးဟု အပြောခံရလျှင်မကြိုက်ကြ ။ ကျနော်ကတော့ - - -
ReplyDelete