Sunday, September 21, 2014

ယူကြဦးမလား ၊ ဂါထာတွေ



အရက်သမား နတ်ပြည်ရောက် ဂါထာ

        ယူကြဦးမလား ၊ ဂါထာတွေ ။ ဒီ ဂါထာကို ပေါ့သေးသေးတော့မထင်နဲ့ ။ အရက်သမားတောင် နတ်ပြည်ရောက်တဲ့ ဂါထာ ။ တကယ်ပြောတာ ။ ဗုဒ္ဓမြတ်စွာရှိစဉ်အခါက သရဏသတို့သား ဆိုတဲ့ အရက်သမား တယောက်ရှိတယ် ။ ဘုရားနဲ့ဆွေနီးမျိုးစပ်တော်တယ် ။ သူဟာ အရက်ကိုကြိုက်လို့သောက်သွားတာ သေတဲ့အထိပဲတဲ့ ။ သူသေတော့ လူတွေက သရဏသတို့သား အရက်သမားတော့ ငရဲပဲကျမှာပါလို့ ထင်ကြတယ် ။ ဒါနဲ့ ဘုရားကိုသွားမေးကြတယ် ။ သရဏသတို့သား ဘယ်ဘ၀ရောက်နေပြီလဲလို့ပေါ့ ။ ဘုရားကဖြေတော့ အားလုံး အံ့သြသွားကြတယ် ။ သရဏသတို့သား နတ်ပြည်ရောက်သွားတယ်လို့ ဘုရားက ပြောတော့ - လူတချို့က ဘုရားတောင်မယုံသင်္ကာနဲ့ ။ မြတ်စွာဘုရားက သရဏလိုအရက်သမားကို သူ့အမျိုးမို့ နတ်ပြည်ရောက်တယ်ပြောတာ ၊ ဆိုပြီးတော့ပေါ့လေ ။ ဘုရားက ရှင်းပြတယ် ။ သင်တို့အထင်မမှားကြနဲ့ ။ သရဏသတို့သားဟာ အရက်သမားမို့ အခြားနေရာမှာတွေဝေပေမဲ့ သူဆောင်ထားတဲ့ အဓိဌာန်ကုသိုလ်အရာ မှာ လုံးဝ တွေဝေခြင်းမရှိခဲ့ဘူး ။ အဲဒီကုသိုလ်အစွမ်းနဲ့ နတ်ပြည်ရောက်တာလို့ ဟောတော်မူတယ် ။ သရဏ သတို့သားက ( ဇီဝိတပရိယန္တံ ဗုဒံ္ဓသရဏံဂစ္ဆာမိ ၊ ဇီဝိတပရိယန္တံ ဓမ္မံသရဏံဂစ္ဆာမိ ၊ ဇီဝိတပရိယန္တံ သံဃံ သရဏံဂစ္ဆာမိ ) ဆိုတဲ့ အဓိဌာန်ကို သေသည်အထိ မပျက်မကွက် ဆောက်တည်သွားခဲ့တာ ။ သူ့အဓိပ္ပါယ်က   ( ငါသည် အသက်ကိုပင်စွန့်ရပါစေ ၊ ဘုရားကိုသာကိုးကွယ်ပါမည်ငါသည် အသက်ကိုပင်စွန့်ရပါစေ ၊ တရားကိုသာ ကိုးကွယ်ပါမည် ငါသည် အသက်ကိုပင်စွန့်ရပါစေ ၊ သံဃာကိုသာ ကိုးကွယ်ပါမည် ။) တဲ့ ။       ကဲ - ရတနာသုံးပါး အတွက် ဘယ်သူ အသက်ကိုစွန့်ရဲသလဲ ။ ငွေနဲ့မျှားလိုက်တာနဲ့ ဘုရား၊တရား၊သံဃာကို ကျောခိုင်းလိုက်ကြတဲ့ ဗုဒ္ဓဘာသာဝင်ဆိုသူတွေ ။ အချစ်အတွက်နဲ့ ဘုရားမျက်နှာမထောက် ၀မ်းလျားမှောက် အလ္လာကယ်ပါ လုပ်ရက် ကြတာတွေ ၊ သတ်မယ်ခြိမ်းခြောက်လို့ကတော့ ဘုရားသောဘာသော လာမပြောနဲ့ ၊ ဘုရားသားတော် သံဃာတော်ကိုလဲဆဲဖို့ ၀န်မလေးကြသူတွေ ၊ ဒီလိုလူတွေအောက်ဆင်းကုန်မှတော့ အပေါ်က နတ်ပြည် နေရာလွတ်ကြီး သရဏသတို့သား အရက်သမား တက်ခွင့်ရတာ ဆန်းဦးမှာလားဗျာ ။
          ကဲ - ဆောင်ကြဦးမလား ၊ ဗုဒ္ဓဘာသာဝင် အနှိမ်ခံလူအရက်သမားတို့ ။ နတ်ပြည်တက် ဂါထာလေးလေ ။ ( ဇီဝိတပရိယန္တံ ဗုဒံ္ဓသရဏံဂစ္ဆာမိ ၊ ဇီဝိတပရိယန္တံ ဓမ္မံသရဏံဂစ္ဆာမိ ၊ ဇီဝိတပရိယန္တံ သံဃံ သရဏံဂစ္ဆာမိ ) တဲ့ ။

                                                                                      ( ဝီမံသာ )

No comments:

Post a Comment