ကျနော့်ကို
ဖေ့စ်ဘုတ်က ကောင်လေးတယောက် လာရစ်တယ် ။ အဲဒီခေါင်းစဉ် ရေးပေး တဲ့ ။ ကျနော် ရုတ်တရက်
လန့်သွားတယ် ။ ကျနော်ကလဲ ခေါင်းထဲမှာ ၀မ်းစာသိပ်ပြည့်သူမဟုတ်၊ ဒီအကြောင်းကြီးက ကြီးလွန်းတော့
ကျနော် ကျမ်းကိုးများစွာ ပြန်ရှာရမယ် ။ ဒါပေမဲ့ အဲဒီငတိလေးက ကျနော့်ကို အချိန်မပေးဘူး
။ အကို့စိတ်ထဲ ပေါ်တာသာ ရေးတဲ့ ။ ခုတဲ့ ၊ ချက်ခြင်းတဲ့ ၊ ရော - ခက်ကပြီ ၊ ကဲ - ဒါဆိုလဲ
ကျနော်သိသလောက်ပဲ ရေးလိုက်တော့မယ်ဗျာ ။ ပညာရှင် တွေ ကျနော့်ကို ဆဲရင်လဲ ခုညတော့ ကျနော်ခံပါ့မယ်
။ ဖြစ်ပုံက ဒီလို ဗျ - - ။ ( ဒီစာကို နိုင်ငံတကာဘာသာသို့ ပြန်ဆိုပေးနိုင်သူရှိလျှင်
အလွန်ကောင်းမည်)
ဗုဒ္ဓရှင်တော်ဟာ သူ့သားရဟန်းတော်တွေကို တန်ခိုးမပြဖို့
ပညတ်တော်ထားခဲ့တယ် ။ ဘာလို့လဲ သိလား ။ ။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက တခုတည်း ၊ ၀ိမုတ္တိရသ
- လောကဆင်းရဲအပေါင်းမှ လွတ်မြောက်ရေး ။ ဘယ်လိုလောက ဆင်းရဲ တဲ့လဲ ။ မသိလို့ လုပ်နေရတာ
၊ လုပ်လို့ဖြစ်နေရတာ ၊ ဖြစ်လို့ပျက်နေရတာ ။ အဲဒီဖြစ်ပျက်အစဉ်တန်းကြီး မပြတ် သမျှ သံသရာစက်ဝိုင်းကြီးကို
ဘယ်သူမှ မလွတ်နိုင်ကြဘူးဗျ ။ ဒီစက်ဝိုင်းကြီးကို ဗုဒ္ဓက ဥာဏ်အမြင်ရှင်သန်ရင့်ကျက်စေ
ခြင်း ဆိုတဲ့ နည်းလမ်းတခုထဲနဲ့ ဖြတ်တောက်ခဲ့တာ ၊ ဖြတ်တောက်စေခဲ့တာ ။ ပညာသာ အဓိကပါဗျာ
။ ကဲ ဘယ်မလဲ - တန်ခိုးနဲ့ နိဗ္ဗာန်ရောက်မလား ။ ဒီမှာဗျ - ဟိန္ဓူတွေ ၊ ဂျိမ်းစ်တွေသိတဲ့
သမထဆိုတာ မြေလျှိုး၊မိုးပျံ ၊ လူ့ခန္ဓာတခုလုံး ဂျွမ်းပြန် လန်အောင် စိတ်က ရုပ်ကို အပြည့်ခိုင်းနိုင်တဲ့
ဈာန်စိတ်ရဲ့ ပါဝါတွေ ခင်ဗျားတို့ အဆုံးထိသိချင်လို့ကတော့ ရူးသွား လိမ့်မယ် လို့ ရိုးသားစွာ
ကျနော် သတိပေးချင်ပါသည် ။
ခု ဆက်ပြောမယ် ။ အဲလိုဈာန်စိတ်တောင် ဒီလောက်စွမ်းတာ
(ဆာဒူးကြီးတွေကြည့်) ဒီမှာ - မဂ္ဂ ပစ္စယောတိ -
မဂ္ဂင်ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော ။ ခင်ဗျား
သံသရာတလျောက် ပြုခဲ့တဲ့ အမှား ပေါင်းများစွာ ၊ အကုသိုလ်ကံ ၀ဋ်ကြွေးပေါင်းများစွာ ၊
ခင်ဗျားဘယ်တော့မှ ပြေးမလွတ်နိုင်ဘူး ။ ဒါပေမဲ့ တကယ်လို့ ခင်ဗျားက ဘာမှမရှိဘူး ၊ အရာရာဟာ
ထိန်းချုပ်မရနိုင်တဲ့ ပြောင်းလဲခြင်းတွေပဲလို့ ထဲထဲဝင်ဝင် ဥာဏ်မှာမြင်ခဲ့ရင် - - ဘယ်အရာမှ ဘာမှ မဟုတ်ဘူးလို့ ခင်ဗျားသိသွားမယ် ။ ဒါဆို
တန်ခိုးတွေ ၊ မတန်ခိုးတွေ ခင်ဗျား သံသယရှိနေမှာ မဟုတ်တော့ဘူး ။ ခင်ဗျား ဒါသိရင် တန်ခိုးပြတာ
နိဗ္ဗာန်ကိစ္စအတွက် ဘာအကျိုးမှ မရှိဘူးဆိုတာ သိလာလိမ့်မယ် ။ သုညတသဘောကို သိစေချင်လို့သာ
ဒီစာ ရေးလိုက်တာပါ ။ မူရင်းအရှိလေး ပြန်ကောက်ရအောင် ။
ကောင်လေးက အစွန်းရောက် အစ္စလာမ်မစ်တွေကို
တန်ခိုးနဲ့ ထိန်းချုပ်စေချင်တယ် ။ ကျနော်လဲ အချိန်သိပ်မရ လို့ အဲဒီညီလေးကို တခုပဲ ပြောလိုက်ပါရစေ
။ ညီလေးရေ အဲကောင်တွေထိန်းဖို့လောက်ကတော့ တန်ခိုးမလိုပါဘူး ။ ညီလေးရဲ့ ရင်ထဲက စစ်မှန်တဲ့တရားကို
မျက်မှောက်ပြုနိုင်ပြီဆို ညီလေး - ဒီဂါထာကို ရွတ်ဆိုရုံနဲ့ အဓမ္မ၀ါဒီတွေ ထွက်ပြေး ကုန်ကြမှာပါ
။( ဈာနပစ္စယောတိ - ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေနပစ္စယော
)
(
ဝီ မံ သာ )
No comments:
Post a Comment