Monday, October 27, 2014

ဟင်းအိုး နဲ့ ယောင်းမ



လူရယ်လို့ဖြစ်လာစ ၊ကျောက်ခေတ်မကျတကျတုန်းက ၊လောဘ၊ဒေါသ၊မောဟတွေ သိပ်မများသေး ၊ ဖြစ် စရာ အာရုံကလဲ နဲသေးတာကိုး ၊ ဒီလိုနဲ့ သူတို့ ဟာလာဟင်းလင်းလျှောက်သွား ၊ ဘာမုဒိန်းမှုမှ မကြား ရပါဘူး ။
စိုက်ပျိုးရေးကိုတီထွင် ၊ ပဒေသာပင်မြေက မပေါက်ခဲ့မှတော့ ၊ ကိုယ့်ခြံကိုယ်ခတ် ၊ ပိုင်ဆိုင်မှုပညတ်ခဲ့တာ ၊ အဲဒီအခါကစခဲ့တာပေါ့ ။
ကြောက်တတ်တာကလဲအလွန် ၊ ကိုးကွယ်ရာဆိုပြီး ဘာသာကြီးအမျိုးမျိုး မရိုးအောင်(လူတတ်တွေက) ထွင်ခဲ့ကြပြန် ၊ အတ္တအလံလွှင့် (ခရူးဆိတ်လို) စစ်သမိုင်းတွေဖွင့်ခဲ့ကြပြန်ပေါ့ ၊ ဘုမသိ၊ဘမသိ လူတွေကတော့သေလိုက်တာသောက်သောက်လဲ ၊ (သူတို့) ဘုရားသခင်တောင် မျက်နှာလွှဲနေရ ၊ တယ်ဂွကျသကိုး ။
လောကလိုအပ်ချက် လွတ်မြောက်မဲ့တရား ၊ လွန်မြောက်မဲ့တရား ၊ မဟာလူသားဗုဒ္ဓ ၊ ဟောချလိုက်တာ ကမ္ဘာ တဒင်္ဂ ငြိမ်းချမ်းခဲ့ရ ဟိုတုန်းက(၂၅၀၀) သက္ကရာဇ်မှာလေ ။
ဒီလိုနဲ့ ရုပ်ဝတ္ထုတို့တိုးတက် ၊ စိတ်ဓါတ်ပြောင်းပြန်အချိုးကျပျက်လို့ ၊ အာသာငမ်းငမ်း အတ္တတွေသရမ်းလိုက်တာ နယ်တကာချဲ့ ၊ ကမ္ဘာဖျက်လက်နက်တွေထွင် ၊ အင်အားကြီးသူနိုင်စတမ်းနဲ့ ၊ ခွေးသရမ်းတွေနှိပ်စက်ခဲ့တာ ကမ္ဘာ နှစ်ခါ ပြာကျခဲ့ပေါ့ ။
တတိယကမ္ဘာပျက်ခေါင်းလောင်း အံ့အားသင့်စရာထိန်းကျောင်းခဲ့တာ မြန်မာဦးသန့် ၊ (ဒီတော့မှ) ဗုဒ္ဓဘာသာရနံ့ သူတို့ဆွတ်ပျံ့ခဲ့ ၊ အမှတ်တမဲ့မှအမှတ်တရ သူတို့ပညာရှင် အိုင်စတိုင်းပြခဲ့တဲ့နိမိတ် (တတိယကမ္ဘာစစ်ကို အနုမြူဗုံးနဲ့တိုက်မယ်ဆို စတုတ္ထကမ္ဘာစစ်ကို ကျောက်ခဲတွေနဲ့ပေါက်ရလိမ့်မယ်)ဆိုမှ အထိတ်တလန့် Relativity ပညာရှင်ကြီးရဲ့စာတွေ လှန်လှောကြည့်လိုက်တော့ (တခုတည်းသော ကမ္ဘာလုံးဆိုင်ရာ စကြာဝဠာတရားဟာ သိပ္ပံပညာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ၊ ငြိမ်းချမ်းခြင်းနဲ့ ဘ၀ဒုက္ခအလုံးစုံလွန်မြောက်ခြင်း တို့ကို ညွှန်ကြားပြသပေးနိုင်တဲ့ ဗုဒ္ဓဘာသာ တခုသာလျှင် ရှိလိမ့်မယ်ဆိုတာ) ကမ္ဘာကသိလာခဲ့ပြီ ။
ကဲ ဘယ်လိုလဲ မြန်မာမိတ်ဆွေတို့ရေ - ဟင်းအိုးရဲ့အရသာ ယောင်းမ မသိရှာသလို ဟိုယောင်ယောင်၊ ဒီယောင်ယောင် လုပ်နေကြရင်တော့ သိသူဖော်စား အနှစ်ကုန်သွားမှ ယောင်ဝါးဝါးတသိုက် အရိုးကိုက်နေ ရမှာ ၊ အနော်ရထာနဲ့ရှင်အရဟံကို အားနာနေရမှာ ငါ စိုးရိမ်လို့ အမျိုးဘာသာစောင့်ကြပါ ဗျာတို့ရယ် ။
                                                                             ( ၀ီမံသာ )

No comments:

Post a Comment