မြတ်ဗုဒ္ဓသာသနာ(၅၀၀၀)မှာဆိုရင်
သာသနာသက္ကရာဇ်(၂၅၀၀)ရောက်သွားကတဲက ခေတ်(၅)ခေတ် တပတ် လည်ခဲ့ပြီဖြစ်ပါတယ် ။ ယခုအခါ ဘုရားရှင်ပွင့်တော်မူစ
ဝိမုတ္တိယုဂခေတ်ကို တပတ်ပြန်လည်ရောက်ရှိလာရုံတင်မက ပထမရာစုခေတ်၏တ၀က်ကျော် (၂၅၅၅)နှစ်တိုင်အောင်ရောက်ရှိနေခဲ့လို့
အခွင့်ကောင်း၊အချိန်အခါကောင်းကြီးနှင့် တွေ့ကြုံနေရသည့်အခိုက်မှာ သုခပဋိပဋာခိပ္ပါဘိညာ
နည်းမှန်လမ်းကျ ယထာဘူတသဘာဝတို့ကို အခြေခံကာ မဂ္ဂသစ္စာ ဘာဝနာကို ကြိုးစားပွားများ အားထုတ်ကြမည်ဆိုလျှင်မဂ်ပေါက်၊ဖိုလ်ဝင်
နိဗ္ဗာန်မြင်သိတဲ့ သူတော်စင်အစစ် ဧကန်ဖြစ်နိုင် လိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်မိပါတယ်
။
တရားဓမ္မတွေရှိကြရာဝယ်
ပရိယတ္တိသဒ္ဓမ္မရယ် ပဋိဝေဓသဒ္ဓမ္မရယ်လို့(၂)မျိုးရှိပါတယ် ၊ ပရိယတ္တိဓမ္မက ကြိုးစား သင်ယူ
လေ့လာလို့ရနိုင်ပေမဲ့ ပဋိဝေဓ ဓမ္မကျတော့ အလွန်နက်နဲခက်ခဲလှသော ၊ နက်ရှိုင်းကျယ်ဝန်းပြီးနူးညံ့သိမ်မွေ့လှ
သော ယထာဘူတသဘာဝကျကျ အနက်အဓိပ္ပါယ်၊သဘောတရားတို့ကို ထိုးထွင်းသိမြင်ရန် အလွန်ခက်ခဲမည်ဖြစ်ပါတယ်
လုံ့လ၊ကြိုးစားမှုတို့နဲ့မဆိုင်တော့ပါ ၊ ရင့်ကျက်သောပါရမီရှိတဲ့ ဥာဏ်ပညာတို့နဲ့သာ ဆိုင်ပါတယ်
။ - - - ၀ိမုတ္တိယုဂခေတ်မှတပါး အခြားသော ဒါနယုဂခေတ်
၊ သီလယုဂခေတ် ၊ သမထယုဂခေတ် ၊ သုတယုဂခေတ် ကာလတို့၌ မိမိတို့အသိအမြင်အယူအဆတွေနဲ့ ပါဠိ
၊ အဌကထာ ၊ ဋီကာ ၊ --- သင်္ဂြိုလ် ၊ ၀ိဂြိုလ် စသည့် ပိဋကတ်တော် များ ရေးသားပြုစုခဲ့ကြတဲ့
ကျမ်းပြုသခင်ပညာရှင်ကြီးတို့သည် ဤနေရာကပိုနေ၍ နှုတ်ပယ်ထားခြင်း ၊ ဤနေရာသည်ကား လိုအပ်နေ၍
ဖြည့်စွက်ထားခြင်း စသည်တို့မပြုဝံ့ ၊ မတို့ထိဝံ့တဲ့ ပိဋကတ်ဒေသနာတွေ ရှိနေပါတယ် ။ ၄င်းဒေသနာတော်
တွေကတော့ - ဥဒါန်းပါဠိတော်ကြီး ၊ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီး ၊ မဟာပဌာန်းကျမ်းတော်မြတ်ကြီး
၊ သတိပဌာန သုတ္တံဒေသနာတော်ကြီး ၊ ဓမ္မစကြာ သုတ္တံဒေသနာတော်ကြီး ၊ အနတ္တလက္ခဏ သုတ္တံဒေသနာတော်ကြီး
တို့ ဖြစ်ပါတယ် ။ ထို ဒေသနာတော်ကြီးတို့သည်ပင် ပဋိဝေဓသဒ္ဓမ္မ ဖြစ်ပါတယ် ။ - - - - တရားဓမ္မကို
ကြည်ညိုလေးစား၊ လေ့လာလိုက်စား လိုကြကုန်သော သူတော်စင်သုတေသီအပေါင်းတို့သည် မြတ်ဗုဒ္ဓ၏
(အနုသာသနတော အနုသာသနီ)အရ နည်းမှန် လမ်းကျ ဆိုဆုံးမ လမ်းညွှန်မှုတွေပါသော ဤတရားဦးဓမ္မစကြာ
မြတ်ဒေသနာ၌ နက်နဲ၊ခက်ခဲ၊သိနိုင်ခဲလှတဲ့ အနက် အဓိပ္ပါယ် သဘောတရား လမ်းညွှန်မိန့်မှာချက်တို့ကို
ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင် ထိုးထွင်း၍သိမြင်နိုင်ကြဖို့ရန် များစွာအထောက်အကူဖြစ်လိမ့်မယ်လို့လဲ
ယူဆမိပါတယ် ၊ ဝေဖန်ပိုင်းခြား စီစစ်လေ့လာတော်မူကြပါလို့လဲ နှိုးဆော် တိုက်တွန်းပါတယ်
။
အနက်အဓိပ္ပါယ်
( ဒွေမေဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ
) - အစဖြာသည့် တရားဦးဓမ္မစကြာ မြတ်ဒေသနာကို ပဉ္စ၀ဂ္ဂီ၅ဦးတို့အား ဗုဒ္ဓရှင်တော်မြတ်ကြီး
ဟောပြနေပါသည် ။ ချစ်သားတို့ - လောကတွင် မမှီဝဲအပ်သော
၊ မပြုလုပ်အပ် သော ၊ မဆည်းကပ်အပ်သော ဤတရားနှစ်ပါးတို့ကို သံသရာဘေးဒုက္ခအပေါင်းမှ လွတ်မြောက်လိုကြသည့်
ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ် ၊ ရသေ့ယောဂီပုဂ္ဂိုလ်များ ၊ ကာမဘုံသား နတ်သိကြားများ တို့သည်
မမှီဝဲ ၊ မဆည်းကပ် ၊ မပြုလုပ်ကြလေနဲ့လို့ တားမြစ် ဆုံးမတော်မူပါတယ် ။ ၄င်းတရားနှစ်ပါးတွင်
လက်ဝဲလမ်းခေါ်တဲ့တပါးကတော့ - ( ကတမေ ဒွေ ယောစာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ ) တဲ့
။ ဒီအပိုဒ်မှာ ကာမေသု ကိုအရင်ထုတ်ကြည့်တော့ ငရဲ၊ပြိတ္တာ၊တိရိစ္ဆာန်၊ အသူရကာယ်(အပါယ်လေးဘုံ)
၊ လူ့ဘုံ ၊ နတ်ပြည်ခြောက်ဘုံ ဟူသော ကာမ(၁၁)ဘုံ အကုန်အကြုံးဝင်သွားပါတယ် ။ ကာမသုခလ္လိကာ
အပိုဒ်ကို ဖွင့်ဆိုရလျှင် ကာမဂုဏ်၊အာရုံတရားတွေကို အရင်းတည်၊အမှီပြုပြီး ချမ်းသာမှုတွေခံစားနေ ကြတာဖြစ်တယ် ။နုယောဂေါ ကျတော့ ယောဂ- ကျင့်စဉ်၊အကျင့်၊အကျင့်စရိုက်ပါ
ပါလာတော့ ပိုမိုကျယ်ဝန်းသွားပါတယ်။ - - - - - ဥာဏ်ကုန်လွှင့်လို့စဉ်းစားကြည့်နိုင်ပါတယ်
၊ ဥပမာတချို့ဆောင်ရလျှင် တိုင်း၊နိုင်ငံ အုပ်ချုပ်နေတဲ့ ရှင်ဘုရင်၊ မင်း သမ္မတ တွေကျတော့
မိမိတို့ တန်ခိုးအာဏာအရှိန်အ၀ါကို အကောင်းအဆိုးအမျိုးမျိုးသောနည်းတို့နဲ့ ချဲ့ထွင်ပြီး
ကိလေသာအာရုံ ကာမဂုဏ်တရားတွေကို ခံစား၊စံစားနေကြသလို အအုပ်ချုပ်ခံလူတန်းစားတွေကျတော့လဲ
မိမိတို့နဲ့ လက်လှမ်းတမှီ ထိုက်သင့်ရာ ကိလေသာအာရုံ ကာမဂုဏ်တရားတွေ မှီဝဲခံစားကြရတော့
ခံစားတဲ့ အကျင့်စရိုက်တွေ မတူ ကွဲပြား ကွာခြားသွားကြပါတယ် ။ - - - ရာထူးကြီးရင်ကြီးတဲ့အလျောက်
၊ ရာထူးငယ်ရင်ငယ်တဲ့အလျောက် ၊ စည်းစိမ်ဥစ္စာ ချမ်းသာရင်ချမ်းသာတဲ့အလျောက် ၊ စည်းစိမ်နွမ်းပါးဆင်းရဲသားကဆင်းရဲတဲ့အလျောက်
၊ ဥာဏ်ပညာကျယ်ရင် ကျယ်သလောက် ၊ ဥာဏ်ပညာနဲပါးရင်နဲပါးသလောက် ၊ ခွန်းအားကြီးရင်ကြီးတဲ့အလျောက်
၊ ခွန်အားနဲပါးလျှင်နဲပါးတဲ့ အလျောက် ၊ ရုပ်လှရင်လှသလောက်
၊ ရုပ်ဆိုးရင်ဆိုးတဲ့အလျောက် ကိလေသာအာရုံကာမဂုဏ်ခံစားမှု အကျင့်စရိုက် တွေ မတူကွဲပြားခြားနားနေပြန်ပါတယ်
။ - - - ရဟန်းရှင်လူ မည်သူမဆို ကိလေသာအာရုံကာမဂုဏ်တရားတို့ကို
မမှီဝဲ မဆည်းကပ်ကြဖို့ တားမြစ်သည်ကို၎င်း ၊ ပြုလုပ်အားထုတ်ခံစားနေကြပါက သံသရာဘေးဒုက္ခမှ
မလွတ်မြောက်နိုင် ဖြစ်မည်ဟူသော လမ်းညွှန်ချက်သဘောတရားကို၎င်း ကိုယ်ပိုင်ဥာဏ်နဲ့ဝေဖန်ပိုင်းခြားကြည့်ရင်
သိနိုင်ပါလိမ့်မယ် ။
( ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တသံဟိတော ) ဤအပိုဒ်မှာ
ဟီနော ဆိုတဲ့ နာမ၀ိသေသနပုဒ်သည် ဂမ္မော ကို၎င်း ၊ ပေါထုဇ္ဇနိကော ကို၎င်း ၊ အနရိယော
ကို၎င်း (၃)ပုဒ်စလုံးကို ယုတ်ညံ့သော အနက်နဲ့ အထူးပြုပါတယ် ။
(နေမျိုးသောင်း)
၎င်းပါဠိတော်၏
အဓိပ္ပါယ်အကျယ်ကို နောက်အပိုင်းတခုတွင် ဆက်လက်ဖွင့်ဆိုပါမည် ။ (၀ီမံသာ)
No comments:
Post a Comment