တသက်လုံး
ပစ်ထားခဲ့မိတဲ့
ဒဏ်ရာရ
ကိုယ့်နှလုံးသားလေးကို
အေးအေးဆေးဆေး
ထိုင်ကြည့်ဖြစ်တယ် ။
သူ့အထဲက
ထွက်ထွက်လာတတ်တဲ့
တောင်စဉ်ရေမရ
အတွေးတွေကို ဖယ်ပြီးတော့လေ ။
မွေးကတဲက
အနားမရ ခုန်နေရရှာတဲ့
လုပ်သားကောင်း
နှလုံးသားလေးဟာ
ဂရုတစိုက်
ကြည့်နေတဲ့ကိုယ့်ကို
စည်းချက်ညီညီ
ကခုန်ပြရှာတယ် ။
ခန္ဓာကိုယ်ကတောင်
ရှေ့နောက်ယိမ်းလို့
လိုက်ဖက်ညီစွာ
ကခုန်ရှာပေါ့ ။
ရှေ့၊နောက်
သွေးကြောလေးတွေအားလုံး
တပြိုင်နက်
စည်းချက်လိုက်ရင်းပေါ့ ။
အသက်ရှုသံ
ပုံမှန် ၊ ရင်ခုန်သံ ပုံမှန် ၊
သိပ်လှတဲ့
အခိုက်အတန့်ခဏ ၊
တဘဝနဲ့
မလဲနိုင်ပါဘူးကွယ် ။
- - -
- - - - - - - - - - -
အတန်ကြာတော့
ဝေဒနာနှိပ်စက်
ခံရခက်တဲ့
ဒေါမနဿလေး အဝင်မှာ
နှလုံးသားလေး
အခုန်မြန်လာတယ် ။
ပူလာပြီး
အမောလေးပါ ဖောက်လို့ပေါ့ ။
တောင်းပန်ပါတယ်
နှလုံးသားလေးရယ် ၊
အသိမဲ့
ဒေါသကြမ်းကြမ်းကြီးတွေနဲ့
တသက်လုံး
ပူလောင်၊အနေခက်
ဒဏ်ရာရတဲ့အထိ
မင်းကို နှိပ်စက်မိတာ
တောင်းပန်ပါတယ်
၊ ပြီးတော့ ကတိပေးပါတယ် ။
နောင်
- လက်ကျန်ဘဝတလျောက်
ဒေါသမဲ့
ပုံမှန်အသက်ရှုသံတွေနဲ့
မင်းနဲ့အတူ
စည်းချက်ညီ ကခုန်ပါ့မယ်လို့လေ ။
(21-8-2017)
3:00 AM
No comments:
Post a Comment