ရန်ကုန်၊မန္တလေးမြို့ကြီးတွေမှာ
အစိုးရအဖွဲ့ကို သပိတ်မှောက်ကံဆောင်ခြင်း(ပတ္တနိက္ကုဇ္ဇနကံ) ပြုတဲ့အပေါ် သာသနာရေးက ထုတ်ပြန်ကြေငြာချက်လုပ်ရာမှာ
အောက်ပါအချက်တွေ ပါဝင်ခဲ့တယ် ။
( လူဖြစ်စေ
ရဟန်းဖြစ်စေ တစ်စုံတစ်ယောက်သောသူသည် အောက်ဖော်ပြပါအချက်များနှင့် ညီညွတ်မှသာ ပတ္တနိက္ကုဇ္ဇနကံ(သပိတ်မှောက်ခြင်း)
ပြုလုပ်သင့်ကြောင်း အင်္ဂုတ္တရပါဠိတော်တွင် ဖော်ပြထားပါသည်-
၁။ ရဟန်းတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊
၂။ ရဟန်းတို့အား အကျိုးမဲ့အောင် ပြုလုပ်ခြင်း၊
(အပြစ်မရှိဘဲ အပြစ်ရှိသည်ဟု စွပ်စွဲခြင်း၊ သီလမပျက်စီးဘဲ သီလပျက်စီးသည်ဟု စွပ်စွဲခြင်း)
၃။ ရဟန်းတို့အား နေရာမရအောင် ပြုလုပ်ခြင်း၊
၎။ ရဟန်းတို့အား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း၊
၅။ ရဟန်းသံဃာအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊
၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
၇။ တရားတော်၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
၈။ သံဃာတော်တို့၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊ )
၁။ ရဟန်းတို့အား လာဘ်မရအောင် ပြုလုပ်ခြင်း၊
၂။ ရဟန်းတို့အား အကျိုးမဲ့အောင် ပြုလုပ်ခြင်း၊
(အပြစ်မရှိဘဲ အပြစ်ရှိသည်ဟု စွပ်စွဲခြင်း၊ သီလမပျက်စီးဘဲ သီလပျက်စီးသည်ဟု စွပ်စွဲခြင်း)
၃။ ရဟန်းတို့အား နေရာမရအောင် ပြုလုပ်ခြင်း၊
၎။ ရဟန်းတို့အား ဆဲရေးခြင်း၊ ကြိမ်းမောင်းခြင်း၊
၅။ ရဟန်းသံဃာအချင်းချင်း ကွဲပြားအောင် ကုန်းတိုက်ခြင်း၊
၆။ ဘုရားရှင်၏ ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
၇။ တရားတော်၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊
၈။ သံဃာတော်တို့၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း၊ )
သူတို့အဖွဲ့(အစိုးရအဖွဲ့)
က အဲဒီအချက်တွေနဲ့ မငြိလို့ ပတ္တနိက္ကုဇ္ဇနကံ မထိုက်ပါဘူးတဲ့ ။ သပိတ်မှောက်ကံ မထိုက်ဘူးပေါ့လေ
။
ဟေ့ ဒီမှာ
၊ ငြိတာမှ အကုန်ငြိတာ ၊ သာ/ဝန်အပါအဝင် အာဏာရပါတီထိပ်တန်းပုဂ္ဂိုလ်တွေ ပြောသမျှ၊လုပ်သမျှ
တွေဟာ သပိတ်မှောက်ကံဆောင်ထိုက်တဲ့ အချက်(၈)ချက်လုံးနဲ့ကို ငြိနေတာ ။ တချက်ခြင်းရှင်းပြမယ်
- - -
(၁) ရဟန်းတို့အားလာဘ်မရအောင်ပြုလုပ်ခြင်း
သာ/ဝန်အမိန့်နဲ့
ဆရာတော်ဦးဝီရသူနဲ့ သံဃာတော်တချို့ရဲ့ တရားပွဲတွေပိတ်ပစ်တယ် ။ တရားနာပရိတ်သတ် ရဲ့ ဓမ္မပူဇာ
အလှု(လာဘ်)ကိုပိတ်တာမဟုတ်ဘူးလား ။
(၂) ရဟန်းတို့အား
အကျိုးမဲ့အောင်ပြုလုပ်ခြင်း
ဆွေဝင်းက
ဦးဝီရသူ ပါရာဇိက ကျပြီ ၊ ရဟန်းမဟုတ်တော့ဘူး လို့ (ဒီထက်ပိုဆိုးယုတ်မိုက်ရိုင်းတဲ့စကားတွေနဲ့)
လူသိရှင်ကြားစော်ကားခဲ့တာကို သာ/ဝန် ကာပေးခဲ့တာ (အကျိုးမဲ့အောင်လုပ်တာမဟုတ်လို့)ဘာလဲ
။ ဆရာတော်က လက်ရှိအချိန်ထိ ရဟန်းသံဃာဘဝက လျှောကျမသွားဘူးလေ ။
(၃) ရဟန်းတို့အား
နေရာမရအောင် ပြုလုပ်ခြင်း၊
ရှင်းတယ်နော်
။ ဘုန်းကြီးကျောင်းပေါင်း(၂၈၀)ကျော်ဖျက်ဆီးခဲ့တာ လက်ရှိအစိုးရ ၊ အဲဒါ ရဟန်းတွေ နေစရာမရှိအောင်
လုပ်တာမဟုတ်ဘူးလား ။ စီးပွားတက်အောင်တော့မလုပ်တတ်ပဲ ဘုန်းကြီးကျောင်းပဲလိုက်ဖျက်နေတဲ့
သာသနာဖျက် မိစ္ဆာဒိဌိတွေ ။
(၄) ရဟန်းတို့အား
ဆဲရေးခြင်း ၊ ကြိမ်းမောင်းခြင်း
တပြည်လုံးသိတယ်
။ ရဟန်း၊သံဃာကို ရစရာမရှိအောင်ဆဲနေတာ ငှက်စုတ်တွေပဲဆိုတာ ပြည်သူအားလုံးက အော့နှလုံးနာ
လောက်အောင်သိတယ် ။ ခု တရားဝင်လဲကြည့် ။ သံဃာတွေကို အင်အားသုံးဖြိုခွင်းမယ်လို့ ခြိမ်းခြောက်နေတာ
မင်းတို့မဟုတ်လို့ ဘယ်မအေ×ိုးတွေလဲ ။
(၅) ရဟန်းသံဃာအချင်းချင်း
ကွဲပြားအောင် ကုန်းတိုက်ခြင်း
ပါတီကိုအားပေးတဲ့ဘုန်းဘုန်းဆို
သံဃာစစ် ၊ အမျိုးသားရေးဘုန်းဘုန်းဆို သံဃာတု ၊ ဒီလို ခွဲခြား ရန်တိုက် ပေးလိုက်တာ ဘယ်မအေေ-းပါတီကြီးလဲ
၊ ကဲ ပြောစမ်းပါဦး ။
(၆) ဘုရားရှင်၏
ကျေးဇူးမဲ့ကဲ့ရဲ့စကားကို ပြောဆိုခြင်း
( ဂေါတမဗုဒ္ဓဘုရားဟာ
သာမာန်လူပါပဲ ၊ ထူးပြီးကိုးကွယ်စရာမလိုပါဘူး ) လို့ ဂုဏ်တော်(၉)ပါးကိုမှ မထောက် ၊ မညှာ
ပြောရက်ခဲ့တာ ဘယ်ဘွားတော်ကြီးလဲ ဟေ ။ မင်းတို့က မိခင်အရင်းတောင်ခြေစုံကန်ပြီး အဲ့ဟာကြီး
ကိုးကွယ်နေတာ အဝီစိလက်မှတ် လိုက်ဝယ်နေတာပဲ ။
(၇) တရားတော်၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို
ပြောဆိုခြင်း
ဗုဒ္ဓတ္ထစရိယာ
၊ လောကတ္ထစရိယာ ၊ ညာတတ္ထစရိယာ စရိယာအကျင့်ကောင်း(၃)ပါးမှာ ညာတတ္ထ - အမျိုးကို ကာကွယ်စောင့်ရှောက်ခြင်း
၊ အဲဒီ အမျိုးသားရေးတရားတော်ဟောကြားတဲ့ ဆရာတော်တွေကို အဓမ္မဝါဒီ တွေပါလို့ ဘယ်ေ×ွးမသားတွေ
ပြောနေကြလဲ ။ အဲလိုပြောနိုင်အောင် မင်းတို့အဖွဲ့အစည်းက ထောက်ပံ့နေတာ တရားတော်ကို စော်ကားတာမဟုတ်လို့
ဘာလဲ ။
(၈) သံဃာတော်တို့၏ကျေးဇူးမဲ့ကဲ့ရဲ့စကားကို
ပြောဆိုခြင်း
သီတဂူဆရာတော်ကြီးတို့လို
ထေရ်ကြီးဝါကြီးသံဃာတော်တွေ - သူ့ဘက်မလိုက်တာနဲ့ ( ဘုန်းကြီးက ဘုန်းကြီး အလုပ် မလုပ်ဘူး
၊ ဘုန်းကြီးတွေ တော်တော်ကြောင်တာပဲ ) ဆိုတဲ့ ထိတ်လန့်ဖွယ် လူသိရှင်ကြား စကားကြီးကို
ဘယ်သူပြောခဲ့တာလဲ ။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်မသွားတော့ နောက်နွားတသိုက် ကောက်ကွေ့လိုက်
လျက် ခွေးထက်မိုက်စွာ သံဃာစော်ကားနေကြတာ (သပိတ်မှောက်ကံ)မထိုက်ပေဘူးလား ။
ကဲ ပြောစမ်းပါဦး
၊ သာ/ဝန်ကြီး ။ ခင်ဗျားတို့က ပိဋကတ်တော်တွေနဲ့ ထုတ်ပြန်လို့ ကျုပ်က လက်တွေ့သက်သေ ပြချက်ပေးလိုက်တာလေ
။ ခု (၈)ချက် ကုန်သွားပြီ ။
ဘယ်အချက်ခင်ဗျားတို့လွတ်ကင်းတာရှိသလဲ
။ ငြိတာမှ အကုန်ငြိတာဗျ ။ အဆိုးဆုံးက ရန်ဝန်ချုပ်
ရဲ့ ( မဟန ရှိလို့ မဘသ မလိုဘူး ) ဆိုတဲ့ စကားကြီးက သံဃာအချင်းချင်းရန်တိုက်ပေးရုံမက
၊ သံဃာသင်းခွဲတဲ့အတွက် သံဃဘေဒက ကံကြီးထိုက်လို့ အဝီစိကို လွန်ပြီး ကမ္ဘာကြီး(၃)ခု ကြား
လောကန္တရိတ်ငရဲကြီးမှာ ခင်ဗျားတို့အတွက် နေရာလပ်တွေပေါ်နေပြီဆိုတာ မသေခင် မှတ်ထားလိုက်ကြ
။ ( သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ )
( ဝီမံသာ )
4-8-2017
No comments:
Post a Comment