(
သင်ကိုယ်တိုင် ဖြေပါ )
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး သဗ္ဗညုတဥာဏ်တော်စတင်ရရှိ
၊ ဘုရားရှင်ဧကန်ဖြစ်တော်မူချိန်က စပြီး သာသနာသက္ကရာဇ်ကို ရေတွက်ခဲ့ကြတယ် ။ ခု 2015 ဟာ
သာသနာသက္ကရာဇ် (၂၅၅၉)ခုနှစ် ရောက် တဲ့ အချိန်ပါ ။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားဟာ လူ့သက်တန်း(အနှစ်တရာတန်း)မှာ
ပွင့်တော်မူရတာဖြစ်လို့ သတ္တ၀ါတွေကို ချေချွတ်ကယ်တင်ချိန် နဲပါးခဲ့ပါတယ် ၊ ဒါကြောင့်လဲ
ဘုရားဖြစ်ပြီး(၄၅)၀ါ ပတ်လုံးမှာ တနေ့ အိပ်ချိန်(၂)နာရီထဲယူလို့ လောကကောင်းကျိုး သယ်ပိုးခဲ့ပါတယ်
။ ဒီလို မဟာဂရုဏာတော် ၊ မဟာလုံ့လ ၀ီရိယတော်ကြီးတွေကြောင့် ကျွတ်တမ်းဝင်သွားကြသူအရေအတွက်ဟာ
တွက်ရေမရ အသင်္ချေ အနန္တ ရှိခဲ့ ပါသတဲ့ ။
ဒါနဲ့တောင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သတ္တ၀ါတွေအတွက်
စိတ်ချ ၊အားရခြင်း မရှိခဲ့ပါဘူး ၊ ဒါကြောင့်မို့ ငါဘုရားမရှိတော့ရင် ငါဘုရားသာသနာတော်ကို
ဆက်လက်တည်တံ့နိုင်ဖို့ ငါအဓိဌာန်ပြုခဲ့မယ် ။ သာသနာတော် နှစ်(၅၀၀၀) ဒီ ဘဒ္ဒကမ္ဘာကြီးမှာတည်တံ့လို့
လူသားတို့ဒုက္ခအလုံးစုံကို ကူညီကယ်တင် နိုင်စေရမယ် လို့ ပြဌာန်းတော်မူခဲ့ပါတယ် ။ ဒါပေမဲ့
ပုထုဇဉ်လူသားရဲ့ အားနဲချက်တွေကို အကုန်အစင် သိတော်မူတဲ့ ဘုရားရှင်ဟာ ငါဘုရားမရှိရင်
ငါဘုရားရဲ့ တပည့်၊သား လူ သံဃာတော်တွေ စောင့်ရှောက် နိုင်မှာ သာသနာနှစ် (၂၅၀၀) ပဲရှိမယ်
။ သူတို့ မစောင့်ရှောက်နိုင်မဲ့ ကျန်နှစ်(၂၅၀၀)ကို ငါ့တပည့်သား အရိယာသောတာပန် သိကြားမင်းကို
စောင့်ရှောက်စေမယ်လို့ ဒီလို(ဘုရားသာသနာ နဲ့ သိကြားသာသနာ) တ၀က်စီပိုင်းလို့ တည်စေခဲ့ပါတယ်
။
ခု သိကြားသာသနာရောက်နေပါပြီ ။ ချက်ခြင်းအကျိုးပေးမဲ့ကံတွေ
(အဓမ္မလွှမ်းမိုးခေတ်ကြီးမှာ) ပိုများလာ ပါလိမ့်မယ် ။ သေချာတာက သာသနာကိုစောင့်ရှောက်ဖို့
လူသားတွေ မတတ်နိုင်တဲ့ ကိစ္စမျိုးမှာ နတ်ဒေ၀ါ တွေ စောင့်ရှောက်နေပါတယ်ဆိုတာ အံ့သြဖွယ်ဖြစ်ရပ်တွေ
အကြိမ်ကြိမ်မြင်ရင်း သိလာနိုင်ကြမှာပါ ။ အမေကိုစော်ကားလို့ မိုးကြိုးပစ်ခံရတဲ့ မလေးရှားက
ဖြစ်ရပ်မျိုးတွေ ခဏခဏ ကြုံရပါလိမ့်မယ် ။ ခု ကြားဖြတ်လို့ ဖြစ်ရပ်တခုအပေါ် ထင်မြင်ချက်တခုပေးချင်ပါတယ်
။ တောင်ကိုရီးယားက ဘန်ကီမွန်းနဲ့ ယန်ဟီးလီတို့ မြန်မာပြည်သာသနာကို ဖျက်ဆီးမဲ့ ခိုးဝင်ဘင်္ဂါလီတွေဘက်က
ရပ်တည်နေကြတာ ကြားက တောင်ကိုရီးယား ပြည်သူတွေ (မားစ်ရောဂါဆန်း)တခု ခံစားနေရပြီ ၊ မဆိုင်ဘူးထင်ချင်လဲ
သဘောပါ ။ ဒီက ဆုရှင် ဘွားတော်ကြီးလဲ သံဃာသင်းခွဲမလုပ်ရုံတမယ် စော်ကားမှုတွေပြုခဲ့လို့
(သူအလိုပြည့်ဖို့) လူထုထောက်ခံမှု အကြီးအကျယ်လျော့ပါးခဲ့တာတွေ - မဆိုင်ဘူးထင်ရင်လဲ သဘောပါ
။
ဆိုင်တာ ၊ မှန်တာ တခု သိအောင် ပြောပါရစေ ။ ဘုရားရှင်သာသနာ
(၂၅၀၀)စီမှာ လူတွေရဲ့ အသိဥာဏ် အဆင့်အတန်းပေါ်မူတည်ပြီး ခေတ်(၅)ခေတ်စီ ပိုင်းခြားတည်ရှိနေပါတယ်
။ ဘုရားပရိနိဗ္ဗာန်ပြုပြီးစမှာ ဘုရားရှင်ရဲ့ သစ္စာလေးပါးမြတ်တရားဟာ နီးကပ်စွာတည်ရှိမှုကြောင့်
ကျွတ်တမ်းဝင်သူ(ရဟန္တာဖြစ်သူ) ပေါများလွန်းလို့ ၀ိမုတ္တိယုဂခေတ်လို့ နှစ်ပေါင်း(၅၀၀) ဖြစ်ထွန်းခဲ့ပါတယ် ။ အဲဒီနောက် နှစ်(၅၀၀)မှာတော့
သစ္စာသိမြင်ရေးထက် ကျင့်ကြံအားထုတ်ရေးလွန်ကဲလို့ လောကီဈာန်အဆင့်လောက်နဲ့ ကျေနပ်နေရတဲ့
သမထယုဂခေတ်ကို ဖြတ်သန်းရပါတယ် ။ နှစ်(၁၀၀၀)တောင်ကြာသွားတော့
သစ္စာအသိဝေးလို့ သမာဓိ တရားတောင်လျော့ပါး ၊ သီလဆောက်တည်ရုံနဲ့လုံလောက်မယ် ထင်နေကြတဲ့
သီလယုဂခေတ် နှစ်(၅၀၀) ဖြတ်သန်းရပြန်ပါတယ်
။ သာသနာနှစ်(၁၅၀၀) အကျော်မှာတော့ လူတွေ အကျင့်စာရိတ္တတောင် အလေး မထား ၊ ကိုယ်ရဖို့အရင်လုပ်
၊ ရတာ ပြန်ပေးကမ်းစွန့်ကြဲရင် နောင်တမလွန် လူချမ်းသာ၊နတ်ချမ်းသာ ပြန် ဖြစ်မှာ ဆိုတဲ့အယူအဆနဲ့
ကာမာဝစရကုသိုလ်လောက်ပဲသိတော့တဲ့ ဒါနယုဂခေတ်
နှစ်(၅၀၀) ရောက်လာ ပါတယ် ။ သာသနာ(ပထမ၂၅၀၀)ရဲ့အဆုံး နောက်ဆုံးနှစ်(၅၀၀)မှာတော့ ပရိယတ္တိ
စာပေလိုက်စားမှု သက်သက်ကလွဲပြီး အကျင့် ပဋိပတ္တိသာသနာ ၊ လွတ်မြောက်မှု ပဋိဝေဓသာသနာတွေ
လျော့ပါးလာပြီး စာသက်သက် သုတယုဂခေတ်ကို
ဖြတ်သန်းခဲ့ရပါတယ် ။
ခု သာသနာနှစ်(၂၅၅၉)နှစ် ၊ တကြော့ပြန် (၀ိမုတ္တိယုဂခေတ်)ကို ရောက်ရှိလို့လာပါပြီ
။ ကမ္ဘာလောကမှာ သိပ္ပံပညာရဲ့တွေ့ရှိချက်တွေဟာလဲ ယထာဘူတသဘာဝကျမှု ဆိုတဲ့ မြတ်ဘုရားရဲ့ အဆုံးအမတွေဆီကို
ပြန်လည် ချဉ်းကပ်လို့လာပါပြီ ။ ထေရ၀ါဒဗုဒ္ဓဘာသာ(၀ါ) မြတ်ဗုဒ္ဓသာသနာ ခံတပ်ကြီးဖြစ်တဲ့
မြန်မာနိုင်ငံ မှာလဲ ရဟန္တာကိုယ်တော်မြတ်ကြီးတွေ တပါးပြီးတပါး ပေါ်ထွန်းနေခဲ့တာ ကျနော့်သက်တမ်းနဲ့အမျှ
မြင်နေ ကြားနေရပါပြီ(ဓမ္မာစရိယဦးဌေးလှိုင် - ရဟန္တာပုဂ္ဂိုလ်မြတ်ကြီးများ အထ္ထုပ္ပတ္တိ) ။
(အိုင်စတိုင်းရဲ့ နောက်ဆုံး တွေ့ရှိချက် ၊ နောက်ဆုံးမှတ်ချက် ၊ မြန်မာပြည်ကအရိယာသံဃာတော်တွေနဲ့
တပည့်ယောဂီဆရာကြီးများ (ဆရာကြီး ဦးဂိုအင်ကာတို့လို) ပုဂ္ဂိုလ်ကြီးတွေရဲ့ အဆုံးအမ၊သာသနာပြုချက်)
စတာတွေ နဲ့ အာဖရိက ၊ ဥရောပ ၊ အမေရိကန် တို့မှာ ၀ိပဿနာတရား ထွန်းကားနေပါပြီ ။
ကျနော် တသက်လုံး ယုံကြည်ခဲ့ ယုံကြည်နေမဲ့ အရာတခုရှိတယ်
။ အဲဒါက ဟောဒီ ကမ္ဘာလောကကြီး တခုလုံး ငြိမ်းချမ်းရေး ၊ ကမ္ဘာ့ ၀မ်းနဲစိတ်ပျက်စရာ ပြဿနာတွေ
လျော့ပါးပျောက်ကွယ်ဖြေရှင်းနိုင်ရေး အတွက် အခြားနည်းလမ်းမရှိပါဘူး ၊ ဗုဒ္ဓမြတ်စွာရဲ့
ယထာဘူတသဘာဝကျတဲ့ အလယ်အလတ်လမ်းစဉ် သစ္စာလေးပါး မြတ်တရားကသာ ဖြေရှင်းနိုင်မှာပါ ။ ဒါကြောင့်မို့
ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးခံတပ်တိုင်းပြည် ကြီးက ရွှေမြန်မာတို့ကို တခုမေးစမ်းပါရစေ ။ သင်တို့
သာသနာတော်ကို ငြှိုးနွမ်း ၊ သိမ်ငယ် ၊ လျော့ပါး ၊ ပျောက်ကွယ် စေမှုနဲ့ ချက်ချင်းလက်ငင်း(သင်တို့နားမလည်နိုင်လောက်အောင်)တိုက်ချခံရပြီး
အ၀ီစိ နဲ့ လောကန္တရိတ်လို ငရဲကြီးတွေအစာ အဖြစ်ခံမလား ၊ ၀ိမုတ္တိယုဂခေတ်မှာ သံသရာမှလွတ်ရာလွတ်ကြောင်း
အခွင့်ကောင်းကို ဖမ်းဆုပ်လို့ ၀ိပဿနာဥာဏ်အမြင်ရင့်သန်အောင် အားထုတ်ရင်း သာသနာတော်ကို
လုံ့လစိုက် ကာကွယ် စောင့်ရှောက်ကြမလား သင်တို့ကိုယ်သင်တို့ အဖြေပေးလိုက်ကြပါလေ ။
(
ဝီမံသာ )
No comments:
Post a Comment