Friday, July 3, 2015

ဘုန်းကြီးတပါးသို့ ပြန်လည်ရှင်းပြခြင်း


(ငါဘုရားမရှိရင် ငါဘုရားရဲ့ တပည့်၊သား လူ သံဃာတော်တွေ စောင့်ရှောက် နိုင်မှာ သာသနာနှစ် (၂၅၀၀) ပဲရှိမယ် ။ သူတို့ မစောင့်ရှောက်နိုင်မဲ့ ကျန်နှစ်(၂၅၀၀)ကို ငါ့တပည့်သား အရိယာသောတာပန် သိကြားမင်းကို စောင့်ရှောက်စေမယ်)

ဒီစကားရပ်ရဲ့ အကြောင်းယုတ္တိကိုလဲ အခိုင်အမာရှင်းပြနိုင်ပါတယ် ။
(၁) လူ ပုဂ္ဂိုလ် သံဃာတို့ မကာကွယ် မစောင့်ရှောက်နိုင်ကြလို့လဲ အင်ဒိုနီးရှား ၊ မလေးရှား ၊ အိန္ဒိယ (ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်) စတဲ့ ဗုဒ္ဓသာသနာနှစ်ထောင်ချီတည်တံ့ခဲ့တဲ့ နေရာတွေမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်လို့ အစ္စလာမ်နိုင်ငံတွေဖြစ်ခဲ့ရတာ အထင်အရှားပါ ။ ဒီလိုဖြစ်ရတာ လူ ပုဂ္ဂိုလ် သံဃာ တွေရဲ့ အပြစ်မဟုတ်ပါ ။ ဗုဒ္ဓဘာသာဟာ အလွန်နူးညံ့သိမ်မွေ့ နက်နဲလွန်းတဲ့ သံသရာလွတ်မြောက်ရေး ၀ိမုတ္တိရသ အပေါ်မှာအခြေခံတဲ့ လောကုတ္တရာ(လောကကိုလွန်မြောက်တဲ့တရား) ဖြစ်လို့ ဗုဒ္ဓဘာသာဝင် တွေဟာ သူတပါးကို ခြိမ်းခြောက်၊နှိပ်စက်၊သတ်ဖြတ်၊စစ်မက်ခင်း၍ သာသနာပြုနည်း ၊ ငွေကြေး၊စည်းစိမ်၊ လာဘ်လာဘဖြင့် ဖြားယောင်း၍ သာသနာပြုနည်းတွေကို ဘယ်လိုမှ မလုပ်နိုင်ခဲ့ပါဘူး ၊ ဒါကြောင့် အတင်း အဓမ္မသာသနာပြုသူတွေနဲ့တွေ့ရင် ဗုဒ္ဓဘာသာ ကျရှုံးရတာပဲဖြစ်ပါတယ် ။
(၂) နောက်တချက်က မြတ်စွာဘုရားရဲ့ ဓါတ်တော်မွေတော်တချို့ကို သိကြားမင်းစံရာ တာဝတိန်သာ နတ်ပြည်မှာ စူဠာမဏိစေတီတည်ထား ကိုးကွယ်ခဲ့တယ် ဆိုတဲ့ ကျမ်းဆရာတို့ရဲ့အဆိုက - လူတို့မစွမ်းနိုင် ခဲ့ရင် အရိယာသောတာပန်ဖြစ်တဲ့ သမာဒေ၀နတ်သိကြားတို့ ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အယူ အဆကို ထောက်ခံသက်သေပြနေပါတယ် ၊ ဒါကြောင့် ပဌာန်းကွယ်ရင် သာသနာကွယ်မယ်လို့ ဆရာတော် ကြီးတွေ ဟောခဲ့တာပါ ၊ အကြောင်းကတော့ ပဌာန်းဟာ နတ်ပြည်မှာဟောတဲ့ နတ်ချစ်တရားတော်ပါ ။
လူပုဂ္ဂိုလ်တဦးတယောက်အပေါ် ယုံကြည်မှုလွန်ကဲတာနဲ့ သာသနာတော်အပေါ် သူတပါးပြက်ရယ်ပြု မခံ စေချင် ပါ ၊ တပည့်တော်ဟာ သံဃာကိုရတနာသုံးပါးဝင် အမြတ်ရတနာအဖြစ် သက်ထက်ဆုံးကိုးကွယ် ကြည်ညိုပါ သည် ။ သံဃာ့ဂိုဏ်းဝင် ရဟန်းတော်တို့ကို စော်ကားဖို့ဝေးစွ ၊ အငြင်းအခုန်ပင်မလုပ်ရဲပါ ၊ယခု သာသနာ အတွက် ရပ်တည်ပြောဆိုရခြင်းဖြစ်ပါ၍ အဂါရ၀ သဘောပါခဲ့လျှင် ရှိခိုးဦးတင်တောင်းပန်ပါသည် သံဃာတော်အရှင်သူမြတ်တို့ဘုရား ။ 
မှတ်ချက် ။     ။ သံဃာမှန်လျှင် ပုဂ္ဂိုလ်စွဲမထားအပ် ၊ လူပင်လျှင် သံဃာအား ပုဂ္ဂိုလ်စွဲထားမိသော် လှုတောင် မြတ်သောအကျိုးမခံစားရ ၊ သံဃာက ပုဂ္ဂိုလ်စွဲနေပါလျှင် အဘယ်မျှအပြစ်ကြီးလိုက်မည်နည်း ၊ ထို့ကြောင့် ပုဂ္ဂိုလ်စွဲရှိသူအား သံဃာဖြစ်နေပါလျက် သံဃာဟုမခေါ်ချင် ၊ ဘုန်းကြီးဟုသာ ခေါ်လိုက်ပါမည် ။ ( ၀ီမံသာ )

No comments:

Post a Comment