နိဒါန်း
လွန်ခဲ့တဲ့(၈)နှစ်ကျော်လောက်က
ဖတ်ခဲ့ဖူးတဲ့ ကျောက်သင်္ဘောဆရာတော်ကြီးရဲ့ (မဂ်ပေါက် ၊ ဖိုလ်ဝင် နိဗ္ဗာန်မြင်)
တရားတော်ကို အပိုင်းလေးတွေခွဲပြီး ယနေ့မှစ စတင် ဖော်ပြသွားပါမယ် ။ စိတ်ဝင်စားသူများ ကူးယူနိုင် ၊ share နိုင်ပါသည် ။
ရည်ရွယ်ချက်မှာ ဥာဏ်ပညာပါရမီရင့်ကျက်သူများ မဂ်ဥာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ဘ၀သံသရာဝဋ်ဆင်းရဲမှ အပြီးတိုင်လွတ်မြောက်ကြစေဖို့ ဖြစ်ပါသည် ။ ယခုပြုရ ဓမ္မဒါနကုသိုလ် အစွမ်းကြောင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် နှင့်တကွ (သာဝကဥာဏ်တော်ကြီး)တို့ကို ရပါစေကြောင်း ပညာပါရမီ အကြောင်းအထောက်အပံ့သည် မိမိအား ဖြစ်ပါစေသတည်း။
ရည်ရွယ်ချက်မှာ ဥာဏ်ပညာပါရမီရင့်ကျက်သူများ မဂ်ဥာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ဘ၀သံသရာဝဋ်ဆင်းရဲမှ အပြီးတိုင်လွတ်မြောက်ကြစေဖို့ ဖြစ်ပါသည် ။ ယခုပြုရ ဓမ္မဒါနကုသိုလ် အစွမ်းကြောင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သော မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ် နှင့်တကွ (သာဝကဥာဏ်တော်ကြီး)တို့ကို ရပါစေကြောင်း ပညာပါရမီ အကြောင်းအထောက်အပံ့သည် မိမိအား ဖြစ်ပါစေသတည်း။
ကျောက်သင်္ဘောဆရာတော်ကြီး၏
မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်
တရားတော်
အပိုင်း - ၁ (က)
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ ၊ သင်္ခါရ ပစ္စယာ ၀ိဥာဏံ ၊ ၀ိဥာဏ ပစ္စယာ နာမရူပံ ။ - - အဲဒါ ဖြစ်တဲ့ တရားတွေ ၊ ဖြစ်တဲ့လိုင်း ပေါ့ ၊ ဖြစ်လိုင်းလို့ခေါ်တယ် ။
အ၀ိဇ္ဇာယ တွေဝ အသေသ ၀ိရာဂါ နိရောဓါ ၊ သင်္ခါရ နိရောဓေါ ။ - - အဲဒါက ချုပ်လိုင်းပေါ့ ၊ ပဋိစ္စသမုပ္ပါဒ် ပဋိဝေဓ ခေါ် တယ် ။ လွယ်ကူအောင်ပြောတော့ ချုပ်လိုင်းပေါ့ ။ တရားတွေဖြစ်တဲ့လိုင်းကတစ်လိုင်း ၊ ချုပ်တဲ့လိုင်းကတစ်လိုင်း ၊ လိုင်း နှစ်လိုင်းရှိတယ် ။
မြတ်စွာဘုရားဟာ ဖြစ်လိုင်းကိုလဲမြင်တော်မူတယ် ၊ ချုပ်လိုင်းကိုလဲမြင်တော်မူတယ် ။ လိုင်းနှစ်လိုင်းရှိသော်လဲ ဖြစ်လိုင်း ကို လိုက်ကြရမှာ မဟုတ်ဘူး ၊ ကျင့်ကြရမှာမဟုတ်ဘူး ။ ချုပ်လိုင်းကိုသာ လိုက်ကြရလိမ့်မယ် ၊ ချုပ်ကြောင်းအကျင့် ကိုသာ ကျင့်ကြရလိမ့်မယ် ။
ချုပ်ရာချုပ်ကြောင်းအကျင့်ဆိုတာ မဂ္ဂင်အကျင့်ပေါ့ ။ ဒုက္ခနိရောဓ ဂါမိနိပဋိပဋာ အကျင့် ခေါ်တယ် ။ အဲဒီတရား သိဖို့ ကျင့်ဖို့ အရေးကြီးတယ် ။ မသိမှုအ၀ိဇ္ဇာကြောင့် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဆိုတဲ့ (၃၁)ဘုံ ဖြစ်လိုင်းကြီးကလဲ တစ်လိုင်း ၊ (၃၁)ဘုံ အဖြစ်တို့မှ လွတ်ကင်းနေတဲ့ မဖြစ်လိုင်းကြီး(၀ါ) ချုပ်လိုင်းကြီးကလဲ တစ်လိုင်း ၊ အဲဒီလိုသိမြင်တော် မူပြီး ဝေနေယျတွေကို ဟောကြားတော်မူတယ် ။
မဖြစ်ချင်တဲ့လူတွေက မဖြစ်လိုင်း လိုက်ကြရမယ် ၊ မဖြစ်ကြောင်းအကျင့်ပေါ့ (တနည်း) ချုပ်ရာချုပ်ကြောင်း အကျင့် ကျင့်ကြရမယ် ။ အဲဒီတော့မှ ခန္ဓာတွေမဖြစ်မှာ ။ ခန္ဓာအိမ်တွေ အသစ်အသစ် ဖြစ်ဖြစ်လာတာ ဒုက္ခ တဲ့ ၊ အနေကဇာတိ သံသာရံ အစရှိသဖြင့် ၊ ဒုက္ခဇာတိ ပုနပ္ပုဏံ အစရှိသဖြင့်ဟောတယ် ။ ခန္ဓာအိမ်တွေ အသစ်အသစ်ဖြစ်တာ ဒုက္ခ ၊ အဲဒီ ခန္ဓာအိမ်တွေ မဆောက်ကြနဲ့ ၊ မပြုကြနဲ့ ။
အဲဒီ ခန္ဓာအိမ်ဆိုတာက ဘယ်ခန္ဓာအိမ်လဲ ၊ သိကြရ၊မြင်ကြရမှာက လိုရင်းပဓါနကျတဲ့ ( မနောမှာဖြစ်တဲ့ ခန္ဓာအိမ် )ကို သိကြရမယ် ။ အဲဒီ မနောမှာဖြစ်တဲ့ခန္ဓာအိမ်တွေကို အသစ်အသစ်မဆောက်လုပ်ကြနဲ့ ။ အဲဒီခန္ဓာအိမ်တွေကို ဆောက်လုပ်တယ်ဆိုရာမှာလဲ စင်စစ်ကတော့ လူကဆောက်လုပ်တာမဟုတ်ဘူး ။ သတ္တ၀ါတွေက ဆောက်လုပ်တာ မဟုတ်ဘူး ။
ခန္ဓာအိမ်ဆောက်လုပ်တဲ့ တရားတွေက ဆောက်လုပ်ကြတာ ။ အဲဒီတရားက
တဏှာ၊လောဘ သမုဒယသစ္စာ တဲ့ ။ ဘာဖြစ်လို့ ဒီ ခန္ဓာအိမ်ကိုဆောက်လုပ်တဲ့ တဏှာ၊လောဘ သမုဒယသစ္စာက
ဖြစ်ဖြစ်နေလဲ ။ ခန္ဓာအိမ်ဆောက်လုပ်တဲ့ တရားကိုက ချုပ်လိုင်းကိုမမြင်လို့ ၊ ချုပ်ရာကိုမသိလို့
၊ သူ့အလိုအလျောက် ချုပ်ပြီးသားရှိ၍ နေတာကိုမသိလို့ ၊ သိတဲ့ ဥာဏ် မဖြစ်လို့ ၊ လိုချင်တဲ့
သမုဒယက ဖြစ်၍လာတယ် ။
ဖြစ်ပြီးသားတွေကတော့ ဘာမှမရှိဘူး ၊ သဘာဝပေါ့ ။ မှန်တာကို
သိရင်လဲ သိလိုက်ပေါ့ ။ ငြိမ်းအေးရာအမှန်ကို သိလိုက် တော့ မဂ် ဖြစ်သွားမယ် ။ မှန်တာကိုမသိဘူးဆိုလို့ရှိရင်
သမုဒယကတော့ဖြစ်မှာ ၊ မဖြစ်ပဲကိုမနေဘူး ။ တခုခုတော့ဖြစ်မှာ ၊ မဂ် ဖြစ်ရင်ဖြစ် ၊ မဖြစ်ရင်တော့
သမုဒယ ဖြစ်မယ် ၊ အဲဒီလိုကိုး ။ မဂ်က မဂ္ဂသစ္စာ ၊ လောဘက သမုဒယသစ္စာပေါ့ ။ အကြောင်းသစ္စာနှစ်ပါးပဲ
၊ ဒီအကြောင်းနှစ်မျိုးထဲက တခုခုတော့ဖြစ်ရမယ် ၊ ဒီအကြောင်းနှစ်မျိုးမှ လွတ်အောင်နေလို့
မရ ဘူး ။ အဲဒါကြောင့် မဂ်ဖြစ်ရင်ဖြစ် ၊ မဖြစ်ရင်တော့ သမုဒယက ဖြစ်ရမှာပဲ ။
- - - - - - - - - - - -
နောက်နေ့ အပိုင်း
- ၁ (ခ) ကို ဆက်လက် ဖော်ပြပါမည် ။
ကူးယူ တင်ပြသူ ( ၀ီမံသာ ) 17-4-2016
No comments:
Post a Comment