Friday, April 1, 2016

ဘုန်းကြီးထိပ်ခေါက်ပြီး ထိုင်ကန်တော့လိုက်ရုံနဲ့ ပြီးပြီထင်နေလား



ထုံးစံအတိုင်း ပါလေရာငပိချက် ဒေါင်းတံဆိပ်အဖွဲ့ကြီး၏ သာသနာတော်ကို စော်ကားနေမှုများက သူတို့ အာဏာ ရသည်နှင့်အညီ ခပ်စိပ်စိပ်ဖြစ်လာခဲ့ချေပြီ ။
သူတို့က အုပ်ချုပ်သူဖြစ်လာတော့ အရင်လို ပရမ်းပတာ ၊ ပေါက်လွတ်ပဲစား စော်ကားချင်လို့တော့ မရ ၊ ဒီတော့ အချိုးတမျိုး ချိုးလာသည် ။ အများပြည်သူကြား ပျံ့နှံ့သွားအောင် သင်္ကန်းခြုံကာ မဖွယ်မရာအပြုအမူတွေလုပ်ပြ ၊ ( ထိုကိစ္စအတွက် နိုင်ငံကျော်အနုပညာရှင်များ ၊ ဟာသပညာရှင်များပါ ) အားတက်သရော အားဖြည့်ဆောင်ရွက်ကြသည် ။ အများပြည်သူကြည့်လိုက်ရသူတွေမှာ - မိမိဘာသာဝင်တွေက ကိုယ့် ဘာသာ ကိုယ် အထင်သေးစိတ်ပျက်သွားမည် ၊ မိမိတို့ဗုဒ္ဓဘာသာ၏ မြင့်မြတ်မှုကို ကြားသိပြီး စူးစမ်းလိုသူများက မြန်မာဗုဒ္ဓဘာသာဆိုတာ အပေါ်ယံအထင်သေးစရာ ဟု ရှုမြင်သွားကြမည် ၊ စိတ်ပျက်သွားကြမည်ဖြစ်လို့ သာသနာပြု ရန် အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးမည် ။ မိမိတို့ဘာသာကို တိုက်ခိုက်ချင်သူတွေက အားရပါးရချိုးနှိမ်စော်ကားကာ သူတို့ဘာသာထဲသို့ ၀င်လာအောင် စည်းရုံးသိမ်းသွင်း (သာသနာဖျက်များလာအောင်) လုပ်ဆောင်ကြတော့မည် ။ ထိုမျှအားရအောင် သာသနာဖျက်ကိစ္စ အကြီးအကျယ်လုပ်ပြီးခါမှ ( ကျနော်တို့ ၊ ကျမတို့ ပျော်လို့လုပ်တာပါ ၊ ဘုန်းဘုန်း တို့ကို တောင်းပန်၊ကန်တော့ပါတယ် ဘုရား ) ဟု ဆိုရုံနှင့် သူတို့ အပြစ်လွတ်ပြီ ၊ သူတို့ လူကြီးလူကောင်းပီသမှု မထိခိုက် ပြီ ဟု ထင်နေကြသလိုပင် ။

ပုံပြင်လေးတခု ၊ စကားပုံလေးတခုကို အမှတ်ရမိသည် ။ ဘုန်းကြီး ထိပ်ခေါက်လိုက် ၊ ကန်တော့ခေါ်လိုက် ။ ဘုန်းကြီး ထိပ်ခေါက်လိုက် ၊ ကန်တော့ခေါ်လိုက် ။ ကြာတော့ ဘုန်းကြီးက မခံနိုင်လွန်းတော့ ပိတ်ပြောပစ်လိုက်သည် ။
( ဟဲ့ ဒကာရဲ့ ၊ ဟဲ့ ဒကာမရဲ့ နင်တို့တွေ ဘုန်းကြီးထိပ်ခေါက်လိုက် ၊ ကန်တော့ပါဘုရားဆိုလို့ ကြေအေးပေးလိုက် ၊ နောက်တခါ ဘုန်းကြီးထိပ်ခေါက်လိုက် ၊ ကန်တော့ပါဘုရားဆိုလို့ ခွင့်လွှတ်ပေးလိုက်ရနဲ့ ငါ့ခေါင်းတွေလဲ ဘုသီးထွက် ကျိန်းလှပါပြီဟယ် ။ အေး ဒါပေမဲ့ ငါက ဘုရားသားတော်မို့ ဒကာ၊ဒကာမတို့ကို ခွင့်လွှတ်၊ကြေအေး ပေးနိုင်ပေမဲ့ နင်တို့ လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေက နင်တို့ကို ခွင့်မလွှတ်ဘူး ဟဲ့ ။ ငါသည်းခံပေမဲ့ ငရဲက သည်းမခံဘူး ဟဲ့ ) တဲ့ ။



ဘုရားရှင်လက်ထက် ရှင်သာရိပုတြာကိုယ်တော်မြတ်ကြီး တောအုပ်တခုဝယ် ဖလသမာပတ်ဝင်စားနေချိန် - တောအုပ် ကို အပိုင်စားရသော ဘီလူးညီနောင် ရောက်လာသည် ။ လကလဲသာသာ ၊ ဆံပါယ်ထားကာစ ကိုယ်တော်မြတ်ကြီး၏ ဦးပြည်း(ခေါင်းတုံး) ပြောင်ပြောင်ကိုကြည့်ရင်း ဘီလူးညီနောင် ကျလိကျလိဖြစ်လာသည် ။ ( ဒီ ဦးပြည်းကတုံး ပြောင်ပြောင်ကြီး တင်းပုတ်နဲ့ထုလိုက်ရ ဘယ်လောက်အရသာရှိလိုက်မလဲ ) ဆိုပြီး ကျီစယ်လိုသည့် သဘောဖြင့် နန္ဒဘီလူးက ရဟန္တာကိုယ်တော်မြတ်ကြီးကို တင်းပုတ်ဖြင့် အားပါးတရ ထုချလိုက်တာ အုံးခနဲ အသံကြီးများ တောလုံးပဲ့တင်ထပ်သွားသတဲ့ ။ ဖလသမာပတ်ဝင်စားနေသော ကိုယ်တော်မြတ်ကြီးက တုတ်တုတ်မျှ မလှုပ် ။ ထို အကုသိုလ်အကျိုးဆက်က နန္ဒဘီလူးကို အကြွေးမထား ၊ ချက်ခြင်း မြေမြိုသွားရသည့် သာဓကကိုလဲ သတိချပ် စေချင်ပါသည် ။

သံဃာ သည် ထိုသို့ သီလ၊သိက္ခာ၊သမာဓိ ပြည့်စုံသည့် ရဟန္တာကြီးများနှင့် တတန်းထဲထား လေးစား၊ကြည်ညိုအပ်သည့် ဂုဏ်တော်ကိုးပါးရှိ အဖွဲ့အစည်းကြီးဖြစ်ပါသည် ။ ထိုသံဃာ့အဖွဲ့အစည်းကြီးကို ကျီစယ်လိုရုံမျှမက စော်ကား၊နှိမ့်ချ၊ချိုးဖဲ့ လိုသော ရည်ရွယ်ချက်ဆိုးဖြင့် လုပ်ချင်တိုင်းလုပ်ပြီးကာမှ ကန်တော့ပါဘုရားလောက်နဲ့ သင်တို့ကို မဟာအ၀ီစိငရဲက ခွင့်လွှတ်မည်ထင်ပါသလား ။ တဘ၀တော့(ဟားတိုက်ရီမောရင်း)စံကြပါ ။ နောက်မှ သံသရာငိုချင်းချ ( ဒု သ န သော ) သမားတွေလောက်မှ အော်ချိန်တောင်မရတော့မှာကို သနားစဖွယ်ကောင်းလှပါသည် ။

အို - အသင် ဒီမို(သာသနာ့ကုန်ရှုံး)လေးတို့ -
သင်တို့ ဘာတွေးနေသည် ကျွနုပ်သိပါသည် ။ သင်တို့အာဏာရချိန်တွင် တပ်မတော်ကို အာဃာတထားလို့ မဖြစ်တော့ ၊ တပ်မတော်သေနတ်ပြောင်း သင်တို့ဘက်လှဲ့လာလျှင် ဒီဘ၀တင် သင်တို့သေမည် ဖြစ်၏ ။ ထို့ကြောင့် သင်တို့ မဖွယ်မရာ ဗုဒ္ဓသာသနာ သံဃာတော်အဖွဲ့ကြီး (မဘသ)ကို သင်တို့ အာဃာတထားလာကြပေပြီ ။ သံဃာတော်တို့မှာ ခန္တီတရားလက်ကိုင်ထားကာ ခွင့်လွှတ်မည်သာဖြစ်လို့ သင်တို့စော်ကားချင်တိုင်းစော်ကားလို့ရသည် ဟု ( ဖလသမာပတ် ၀င်စားနေသော ရဟန္တာအရှင်မြတ်ကြီးကို ဘီလူးတွေ လုပ်လို့ရသည်ထင်သလို ) သင်တို့ထင်ကာ မဖွယ်မရာ သိက္ခာချ စော်ကားနေကြလျက် ( ဘုန်းကြီးထိပ်ခေါက်လိုက် ၊ ကန်တော့ခေါ်လိုက် ) လုပ်နေကြမည်ဆိုလျှင် - - -

သင်တို့ သံသရာတလျောက် ချိန်ရွယ်ထားပြီးဖြစ်သော ငရဲကြီးရှစ်ထပ်၏ အကုသိုလ်သေနတ်ပြောင်းများကို သင်တို့ အချိန်မှီ မြင်နိုင်ကြပါစေ ၊ ကြောက်နိုင်ကြပါစေ ၊ ပြင်နိုင်ကြပါစေ ဟု (တဘ၀စံ ဒီမို) ကလေးများကို သနားသော အားဖြင့် သတိပေးလိုက်ရပါသည် ။

( ၀ီမံသာ ) 1-4-2016




No comments:

Post a Comment