ကျွန်ုပ်သည်
ငယ်စဉ်မှစကာ မိဘတို့သွန်သင်မှုဖြင့်
သရဏဂုံ(၃)ပါး ၊ (၅)ပါးသီလ ၊
ဘုရား၊တရား၊သံဃာဂုဏ်တော်များနှင့်
သမ္ဗုဒ္ဓေဂါထာတော်ကြီးရွတ်ပွားခြင်း
စသည့်ဘုရားရှိခိုးခြင်းအမှုကို ပြုခဲ့ပါသည် ။
လူပျို၊လူလွတ်ဘဝ
မေ့လျော့ပျော်ပါးချိန်များတွင်တော့
ရှိခိုးရန်ပျက်ကွက်ခဲ့ပါသည်။
၂၀၁၃ သင်္ကြန်
ဒုလ္လဘရဟန်းဝတ်စဉ်
(၂၄)ပစ္စည်းမဟာပဌာန်း(နိဒ္ဒေသ)ပါဠိတော်ကြီးကို ဆောင်နိုင်ချိန်မှစပြီး
ယနေ့အထိ ဘုရားရှိခိုးခြင်း ၊ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ခြင်း ၊ (၂၄)ပစ္စည်းမဟာပဌာန်း(နိဒ္ဒေသ)ပါဠိတော်ကြီးကို
ရွတ်ပွားပူဇော်ခြင်းအမှု ၊
(ဇီဝိတပရိယန္တံ ဗုဒ္ဓံ၊ဓမ္မံ၊သံဃံ သရဏံဂစ္ဆာမိ) ဟု
ရတနာ(၃)ပါးကို
အသက်နှင့်ထပ်တူ
ကိုးကွယ်၊ကြည်ညိုပါမည်ဟူသော
ကတိပြုခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ခဲ့ပါသည်
။
( ထို၂နှစ်ကျော်အတွင်း စုစုပေါင်း ၅ရက် ခန့်သာ ပျက်ကွက်ခဲ့ပါသည် )
ဤ မှန်သော သစ္စာစကားကြောင့်
ဖြစ်ခဲ့ ၊ ဖြစ်ဆဲ ၊ ဖြစ်လတ္တံ့သော
ရေဘေးဒုက္ခအပေါင်းတို့သည်
အမြန်ဆုံး သက်သာ ၊ လျော့ကျ ၊
ပျောက်ကွယ်ရပါစေသတည်း ။
ဒုက္ခသည်တို့၏
မျက်ရည်များ ခမ်းခြောက်လျက်
ဖြေသိမ့်ရာ ဆောက်တည်ရာ ရကြပါစေသတည်း ။
(၀ီမံသာ)
No comments:
Post a Comment