နေမကောင်းဖြစ်နေတာကြာပြီ ။ ချောင်းဆိုးလွန်းတော့ တံတွေးအဆင်သင့်ထွေးချနိုင်အောင် ထွေးခံလေး ဆောင်ထားရတယ် ။ ခုမနက် ချောင်းဆိုးပြီးချွဲဟန့်လိုက်တော့ ထွေးခံထဲမှာ မနေ့ကထွေးထားတဲ့ တံတွေး အရည်တွေပေါ်မှာ လိပ်ပြာလေးတကောင် ပက်လက်ကလေး သေ လို့ ။ ချောင်းကလဲ အရမ်းဆိုးနေ ၊ ချွဲက တောက်လျှောက်ဟန့်ထုတ်နေရတော့ သူ့အပေါ် တံတွေးထွေးချသလို ဖြစ်နေတာပေါ့ ။ ( သြော် ဖြစ်ရလေ လိပ်ပြာလေးရယ် ၊ လှတပတ လိပ်ပြာလေးဘ၀မှာတောင် သူများတံတွေးခွက်ထဲ ပက်လက်လေးသေရရှာပါ လား ) ။ ဒါကို သေချာစဉ်းစားပါနော် ။ သိပ်ကြောက်ဖို့ကောင်းတဲ့ ၀ဋ်ကြွေးတွေဆိုတာ ။ ပုံစာကိုလဲ သေချာဖတ် ကြည့်ပါ ၊ ဓမ္မပဒပါဠိတော်ထဲက စဉ်းစားဆင်ခြင်စရာလေးတွေ ။
ဟိုရက်က မြင်လိုက်၊ကြားလိုက်ရတယ် ။
နာမည်ကြီးမင်းသားတယောက် - သူ့အသိစိတ်ဓါတ်နဲ့သူ ပရဟိတ လုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်နေတာ
၊ ပြည်သူလူထုက သူ့ကိုပိုချစ်လာကြတယ် ၊ မေတ္တာရောင်ပြန် ဟပ်တာပေါ့ ။ သူ ရေဘေးဒုက္ခသည်တွေကြားမှာ
သူ့ကိုယ်သူမငဲ့ သက်စွန့်ဆံဖျားကယ်ဆယ်ရေးလုပ်ရင်း အားပြတ်လို့ နေမကောင်းတောင်ဖြစ်ရတယ်
။ ဒီလောက်အပင်ပမ်းခံတာနော် ။ သူ့စေတနာ နားလည်သူ အများစုကတော့ စိုးရိမ်ကြ သတင်းမေးကြ
ဆုတောင်းပေးကြနဲ့ ။ အဲ သူတပါး ဒီလိုသူ့စေတနာနဲ့သူ လူချစ် လူခင်ပေါတာ နာမည်ကြီးတာကို
မနာလိုစိတ်ရှိတဲ့သူတွေကလဲရှိခဲ့တယ် ။ မထိန်းနိုင်လောက်အောင် ဣဿာ ၊ မစ္ဆရိယ တွေ ပေါက်ကွဲပြီး
ပြောလိုက် ကြတာ (နာမည်ကြီးချင်လို့ တမင်စတန့်ထွင်နေတာ)တဲ့ ၊ ဒီထက်ပိုဆိုး၊ ပိုရိုင်းတာက
ပင်ပမ်းလို့ဖျားတာကို (AIDS ဖြစ်နေပါတယ်လို့) ယုတ်ယုတ်မာမာရေးရက်၊ပြောရက်ကြတာ ။ ကျနော်
သူတို့ကို သနားနေမိတယ် ။ သူတို့ရဲ့မထိန်းနိုင်တဲ့ ဒီလျှာ ၀စီကံအကုသိုလ် ၊ မနောကံအကုသိုလ်
ကြီးတွေ အကျိုးကြောင့် ငရဲမှာ အကြာကြီး ကျင်လည်ခံစားရတော့မယ် ။ ကံကြွေးကုန်လို့ ပြန်တက်လာရင်လဲ
ပါးစပ်ပေါက်မပါတဲ့ပြိတ္တာ ၊ လျှာမရှိတဲ့ပြိတ္တာ ၊ နတ်သုဒ္ဓါလိုစားကောင်းသောက်ဖွယ်တွေ စားခွင့်ရပေမဲ့
စားမိတာနဲ့တပြိုင်နက် လျှာအရင်းကနေ ပြတ်ကျရ လောက်အောင် ပူပြင်းလောင်မြိုက်ခံရမဲ့ ဝေမာနိကပြိတ္တာ
၊ ဒီကတဆင့်တက်ပြန်တော့လဲ ခုနက လိပ်ပြာလေး လို လှပပေမဲ့ သူများတံတွေးခွက်မှာ ပက်လက်ကလေး
သေရမဲ့ ၀ဋ်ကြွေးတွေ ၊ လူဖြစ်ပြန်တော့လဲ ဆွံ့အ ထုံထိုင်း ၊ နှုတ်ခမ်းကွဲ ပါးစပ်ရွဲ့ ၊
လျှာတို လျှာလိပ် ဒီလို လူမပီမသ ဘ၀တွေ ရပြန်ဦးတော့မယ် ။
ဒါတောင် သူတပါးအကျိုးဆောင်တဲ့ စိတ်ထားမြတ်သူ
လူပုဂ္ဂိုလ်ကို စော်ကားတဲ့အပြစ်ပဲ ရှိသေးတာနော် ။ (ဘုန်းကြီးတွေတော်တော်ကြောင်တာပဲ)
၊ (မဘသဘုန်းကြီးဆိုဆွမ်းမလောင်းဘူး) ၊ (သင်္ကန်းပတ်၊ကတုံးတုံး ထားတာကလွဲလို့ မင်းတို့နဲ့ငါ
ဘာမှမထူးဘူး) ၊ (၉၆၉ အကြမ်းဖက်ဘုန်းကြီးတွေ) စသဖြင့် မကြားဝံ့မနာသာ သံဃာကိုစော်ကားခဲ့ကြသူတွေကတော့
စောစောကအပြစ်တွေထက် အဆရာထောင်ပိုကြီးလေးတဲ့ ၀ဋ်ကြွေး ကြီးတွေ ပေးဆပ်ကြရဦးတော့မှာပါပဲ
။ သူတို့ မသိရှာတာက ရဟန်းတော်တွေ အညီအညွတ် စည်းဝေးပြီးတော့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းမှန်သမျှဟာ
သံဃာထိုက်တယ် ဆိုတာပါပဲ ။ ကုန်ကုန်ပြောရရင် ဒုလ္လဘရဟန်း ဖြစ်ခွင့်ရဖို့ သိမ်တက် ကမ္မ၀ါညှပ်ပေးကြတဲ့
ရဟန်းတော် (၃)ပါးစု ၊ (၅)ပါးစု လေးတောင်မှ သံဃာထိုက်ပါတယ် ဆိုရင် တိပိဋကဆရာတော်ကြီးတွေ
အကျိုးတော်ဆောင်ဆရာတော်ကြီးတွေ ၊ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်ကြီးတွေ အညီအညွတ်စည်းဝေးလို့ဖွဲ့စည်းထားတဲ့
မဘသအဖွဲ့ကြီးဟာ ပိုလို့တောင် သံဃာထိုက် မယ်ဆိုတာ သူတို့မသိကြရှာတာ သိပ်သနားစရာကောင်းပါတယ်
။ သံဃာထိုက်တော့ ဘာဖြစ်တုန်းလို့ ကပ်တီး ကပ်ဖဲ့မေးဦးမဲ့ အမိုက်အမဲလေးတွေကို သနားသဖြင့်
ဖြေပေးပါ့မယ် ။ သံဃာဆိုတဲ့ ဘုရားသားတော်အဖွဲ့ကြီး ဟာ ရတနာ(၃)ပါးအ၀င်အပါ ကိုးကွယ်ရာအစစ်ဖြစ်တဲ့
ကိုးပါးသောဂုဏ်တော်တွေနဲ့ ပြည့်စုံသော အဖွဲ့အစည်း ကြီးလို့ (ဘုရား၊တရား၊သံဃာ) ဒါကိုဆက်စပ်တွေးမိရင်
ပုဂ္ဂိုလ်စွဲသက်သက်နဲ့ ရတနာသုံးပါးစော်ကားမိသူမှာ သာသနာကွယ်ပြီဆိုတာ သိသင့်၊ကြောက်သင့်ပါတယ်
။ ပရွက်ဆိတ်သတ်ဖို့ အားမထုတ်ရပေမဲ့ ဆင်ကြီးသတ်ဖို့ တော့ ကြီးစွာသော အားထုတ်မှုအကုသိုလ်ကြီးပြုရလို့
ပိုအပြစ်ကြီးသလိုပဲ သာမာန်လူထက် စေတနာမွန်မြတ် တဲ့ လူသူတော်ကောင်း ၊ လူထက် ဂုဏ်တော်(၉)ပါးထိုက်တဲ့သံဃာ
၊ ရှင်သာရိပုတြာ ၊ ရှင်မဟာမောဂ္ဂလန် စတဲ့ မဟာသာဝက အဂ္ဂသာဝက အရိယာရဟန္တာကြီးတွေနဲ့ တတန်းထဲ
တဖွဲ့ထဲဖြစ်တဲ့ သံဃာကို စော်ကားမိရင် ဘယ်လောက် အပြစ်ကြီးမလဲ ဆိုတာ တွေးကြည့်မိရုံနဲ့
ကြက်သီးမွေးညှင်းထလောက်အောင် ကြောက်စရာ ကောင်းလှပါတယ် ။
ဒီလောက် စေတနာရှေ့ထား သတိပေးနေတဲ့ကြားက
(သူတို့တွေလဲ ဘုန်းကြီးတွေကို ရိုက်ခဲ့၊သတ်ခဲ့ကြတာပဲ ၊ မီးလောင်ဗုံးနဲ့ထုခဲ့ကြတာပဲ)လို့
ကြံကြံဖန်ဖန် ဆင်ခြေကန်နေဦးမယ်ဆိုရင်တော့ သူများအကုသိုလ်လုပ်တာနဲ့ ကိုယ်ပါလိုက်အကုသိုလ်လုပ်ချင်ကြတဲ့
၊ အကုသိုလ်ကိုမှ အတုခိုးချင် အမျှယူချင်နေကြတဲ့ လူ့အန္ဓ ၊ လူ့ဗာလ တွေကို ဘာမှမပြောတော့ပါဘူးဗျာ
။ စားပါဗျာ - သူများချီးစားတိုင်း လိုက်ပြီး ချီးစားကြပါ ၊ လုပ်ပါဗျာ - ဟေ့ မင်းက ခွေးချီးစားတာ
၊ ငါက လူချီးစားတာ မင်းထက်ငါသာတယ်ကွ လို့ ချီးစားဂုဏ်ပြိုင် လုပ်ချင်သပ ဆိုလဲ လုပ်ပါဗျာ
။ ဆိုဆုံးမလို့ မရသူတွေကိုတော့ လွှတ်ထားရုံ ၊ ဥပေက္ခာပြုရုံကလွဲလို့ အခြားမရှိပြီ ။
နိဂုံးစကား မှာကြားချင်ပါသည် ။ ပညာရှိ
သူတော်ကောင်းတို့သည် တည့်မတ်၊မှန်ကန်စေလိုသော စေတနာဖြင့် ဝေဖန်၊ထောက်ပြ၊ဆုံးမခြင်းအမှုကို
ပြုကြ၏ ။ ထိုသို့ပြုသော ဝေဖန်စကား၊ဝေဖန်စာကြောင့် သူတပါးမခံသာ ဖြစ်စေကာမူ ထိုသူအတွက်
တစုံတရာသော အကျိုးဖြစ်မည်ဆိုလျှင် ထိုစကားကိုလဲ ပြောထိုက်၏ လို့ သင်ယူခဲ့ ပါတယ် ။ ၄င်းနဲ့ဆန့်ကျင်ဖက်
သူယုတ်မာ၊လူမိုက်တို့သည်ကား မှန်လဲမမှန် အကျိုးလဲမရှိသည့်အပြင် သူတပါး အကျိုးပျက်စီးအောင်
၊ သူတပါးထိခိုက်နစ်နာအောင် စေတနာဆိုးဖြင့် ကဲ့ရဲ့ပြစ်တင်စကား ဆိုကြ၊ရေးကြ၏ ။ ထိုသူတို့ပြုသောကံသည်
သူတပါးထိမထိ မသေချာသေး ၊ မိမိမှာကား လက်ရှိဘ၀မှာပင် ယုတ်ညံ့သောသူ ၊ မိုက်မဲသောသူအဖြစ်
ပညာရှိတို့ရှုံ့ချခြင်းကို အရင်ခံရလျက် သံသရာအဆက်ဆက်လဲ ၀ဋ်ကြွေးပေးဆပ်ရပေ မည် ဟု လဲ
တရားတော်တွေမှာ သင်ယူနာကြားခဲ့ရပါတယ် ။ ဒါကြောင့်မို့ စကားတခွန်း၊စာတပုဒ် မပြောခင်
၊ မရေးခင်မှာ အရင်စဉ်းစားပါ ၊ မိမိစိတ်ကိုပြန်ကြည့်ပါ ၊ ငါ စေတနာကောင်းနဲ့ ထောက်ပြဝေဖန်မှာလား
၊ ငါ စေတနာဆိုးနဲ့ သူတပါးပျက်စီးအောင် အပုပ်ချတိုက်ခိုက်မှာလားလို့ ၊ - - - -
ချမ်းမြေ့စွာ စေတနာစကားကောင်းများ ပြောကြားနိုင်ကြပါစေသတည်း
။
( ၀ီမံသာ )
No comments:
Post a Comment