ဖေ့စ်ဘုတ်တွင် မိတ်ဆွေတချို့ဆွေးနွေးကြသော နောက်ဘ၀ပြဿနာ
ဆိုင်ရာ ဗုဒ္ဓဘာသာ အမေး အဖြေ တခုဖတ်လိုက်ရသည် ။ ဂစ္ဆသည် အယူပြိုင်ရန် လာသူဖြစ်၍ ဗုဒ္ဓ၏အဖြေတွင်
အစွန်းတချက်ထွက်ပါက ၀ါဒ ရေးရာဖြင့် ဖိနှိပ်ရန်ကြံခဲ့သော်လည်း ဗုဒ္ဓ၏ လုံးဝ အစွန်းထွက်ခြင်းမရှိ
ပကတိအမှန်တရားအတိုင်း အကျဉ်းမျှ ဖြေသွားသည့် အဖြေများဖြင့် မေးသူကိုကျေနပ်နှစ်သက်စေခဲ့ပါသည်
။ သို့သော် သိမ်မွေ့နက်နဲလှပြီး အစွန်း တရားလုံးဝလွတ်သည့် အနှစ်ချုပ်အဘိဓမ္မာတရားသဘောတို့ကို
သည်အတိုင်းဖတ်လိုက်ရလျှင် နားလည်ရ ခက်ခဲမည်ဖြစ်သဖြင့် ယနေ့ခေတ် နားလည်ရန်လွယ်ကူသော
သဘာဝသိပ္ပံပညာရပ်ဆိုင်ရာ ဥပမာတို့ဖြင့် တတ်နိုင်သမျှ မိမိနားလည်သလောက် ရှင်းပြသွားမည်ဖြစ်ပါသည်
။
ပထမဦးစွာ မြတ်ဗုဒ္ဓရှာဖွေတွေ့ရှိခဲ့သော လောက(၃)ပါးကို အကျဉ်းမျှ
ပြောပါမည် ။
၁ ။ သတ္တလောက - ကျနော်တို့မြင်နိုင်စွမ်းရှိသမျှ လူ၊သတ္တ၀ါအပေါင်းနှင့်
မမြင်နိုင်သော သက်ရှိသတ္တ၀ါအပေါင်း တို့၏ လောက ၊
၂ ။ သြကာသလောက - မြင်နိုင်၊မမြင်နိုင်သော ရေ၊မြေ၊တော၊တောင်၊ကောင်းကင်၊စကြ၀ဠာ
စသည့်သက်မဲ့ရုပ် အပေါင်းတို့၏ လောက ၊
၃ ။ သင်္ခါရလောက - ပြုလုပ်နေမှုများ ၊ ဖြစ်ပျက်၊ပြောင်းလဲနေမှုများ
စသည့် အကြောင်းခြင်းရာ အစုအဝေးကြီး ၏ လောက ။
အမေး အဖြေ နှင့်
ရှင်းလင်းချက်(ဥပမာ)များကို ပူးတွဲဖော်ပြသွားပါမည် ၊ အေးအေးဆေးဆေး ဖတ်ရှု၊စဉ်းစား
နိုင်ရန် အပိုင်းခွဲ၍ တင်ပြသွားပါမည် ။
၁ ။ ( အရှင် ဂေါတမ - လောကသည် မြဲသည်ဟု အယူရှိပါသလား ) ၊ ( အယူမရှိဘူး
ဂစ္ဆ )
မြဲသည် ဆိုလျှင် ရေသည် အခြေအနေတခုတွင် ရေငွေ့ ၊ တချိန်တွင်
ရေခဲ အဖြစ်သို့ ပြောင်းလဲတတ်သည် ဟူသော သဘာဝနိယာမကို ဆန့်ကျင်သွားပေမည် ။ ( ရေ သည် အမြဲတမ်း
ရေ ဖြစ်မနေပါ )
၂ ။ ( ဒါဆို မမြဲဘူးလို့ အယူရှိပါသလား ) ၊ ( အယူမရှိဘူး ဂစ္ဆ )
မမြဲဘူးဆိုလိုက်လျှင် ရေသည် ရေငွေ့/ရေခဲ ဖြစ်ပြီးနောက်
အခြေအနေတရပ်တွင် မူလရေအဖြစ်သို့ ပြန်လည်ရောက်ရှိနိုင်သေးသည်
ဟူသော စွမ်းအင်တည်မြဲမှုနိယာမကို ဆန့်ကျင်သွားပါလိမ့်မည် ။ ( ရေ၏ စွမ်းအင်သတ္တိသည် ရေငွေ့အသွင်ပြောင်းသွားလဲ
ပျောက်ပျက်မသွားပါ ၊ ရေဖြစ်ရန်လိုအပ်သော အပူချိန် ရောက်လျှင် ရေပြန်ဖြစ်မည်သာ )
၃ ။ (လောကသည် အဆုံးမရှိလို.ရော အယူရှိပါလား ) ၊ ( အယူမရှိဘူး
ဂစ္ဆ )
လောကသည်အဆုံးမရှိဘူးသာဆိုပါက ကောင်းကင်က ကြယ်ကြွေကျတာ မြင်ရတော့မည်ပင်မဟုတ်ပါ
။ ကြယ်ဟု ကျနော်တို့ခေါ်သော နေအဖွဲ့အစည်းတခုသည်လဲ အချိန်တန်လျှင် အဆုံးသတ်ရပါသည် ။ ဒီလိုသာ
အဆုံးမရှိရိုးမှန်လျှင် မွေးလိုက်၊သေလိုက် ၊ ဖြစ်လိုက်၊ပျက်လိုက် ဖြစ်နေရသော သံသရာလဲ
အဆုံးရှိမည်မဟုတ် တော့ပါ ။ သို့ဆိုလျှင် သံသရာမှ လွတ်မြောက်ရာမရှိပြီဟု ထွက်ပေါက်ပိတ်သွားလျှင်
- ထိုဝဋ်ဒုက္ခ သံသရာမှ လွတ်မြောက်ရာကို ရှာတွေ့သွားကြသော ဘုရား၊ရဟန္တာ အစရှိသည့် ပုဂ္ဂိုလ်တို့
ပေါ်လာနိုင်စရာပင် မရှိပေ ။ အသို့နည်း ၊ အမှောင်ရှိလျှင် အမှောင်၏အဆုံး အလင်း ဟူသည်
ရှိရမည်မဟုတ်လော ။
( ဆက်လက်ဖော်ပြပါမည် ) ( ၀ီမံသာ
)
No comments:
Post a Comment