Wednesday, January 28, 2015

ဝိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ (စာမိတ်ဆက်)


နိဒါန်း(အနှစ်ချုပ်)
          ငါ၏အတွက် ရည်ရွယ်ချက်ဖြင့် ဤသို့ကျိုးကုတ် အားမထုတ်ပဲ သားစဉ်မြေးဆက် များအတွက်မို့ ကြိုးစားအားထုတ် ဤသို့လုပ်၏ ။
          ငါ၏အသက် ငဲ့ကွက်မမှု လစ်လျူရှု ၍ ပြုစုရေးဖြစ် ကျမ်းငယ်သစ်ကို ဖွင့်လှစ်ရှာမှီး ဥာဏ်ကြီးသခင် သူတော်စင်တို့ စိတ်တွင်ကြည်နူး တရားထူးကို ရဖူးအမှန် ရောက်ခဲ့ပြန်က ဆန္ဒမှန်များ ပြည့်ဝငြားသည် အများသာဓုခေါ်စေသောဝ် ။ 
                                                ( နေမျိုးသောင်း )

                စာရေးသူသည် ဗုဒ္ဓအလိုကျအတိုင်း တရားဓမ္မတို့ကို ယထာဘူတဥာဏ်နှင့် သဘာဝကျကျ ဖွင့်ပြထားသဖြင့် ဤကျမ်းစာငယ်သည် ထူးခြားနေနိုင်ပေသည် ။ သို့သော် အလေးအနက်ဖတ်ရှုစဉ်းစားဆင်ခြင်လျက် ယထာဘူတ သဘာဝဥာဏ်ကို ရရှိသွားပါမူကား တရားအနှစ်သာရကိုခံစားနိုင်မည် ယုံကြည်ပါသည် ။
          ဗုဒ္ဓသည် သစ္စာတရားမှန်ကို သိမြင်ပြီးသည်နှင့် လူ့လောကသို့ဟောကြားသည့်တရားတို့မှာ အသစ်အဆန်းထွင် တရားတလုံးမှမပါ ၊ လောကသဘာဝအမှန်တရားတို့ကို ရိုးရိုးလေးရှင်းပြသွားခြင်းသာဖြစ်သည်ဟု စာရေးသူကြေငြာခဲ့ပါ သည် ။ ဗုဒ္ဓ၏ သစ္စာလေးပါး မြတ်တရားသည် ကံအလုပ်မဟုတ် ၊ ဥာဏ်အလုပ်သာဖြစ်သည်ဟုလဲ ထောက်ပြခဲ့သည် ။
(စာ-၇) - အကြောင်းတရား(၅)ပါးတို့ကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးတရားခန္ဓာ(၅)ပါးတို့၏ ဖြစ်ပေါ်မှုအစကို ဇာတိ ခေါ်တယ် ။ ၄င်း ဇာတိ=ဥပ္ပါဒ တို့ကို ဒုက္ခအစစ်ဖြစ်တယ်လို့ ဟောပြောခဲ့သည့်အတိုင်း ထိုဒုက္ခတရား ဖြစ်ပေါ်တိုင်း ကို သတိကပ်ပြီး ဝေဖန်ပိုင်းခြား၊ဆင်ခြင်စဉ်းစားနေသော ဥာဏအလုပ်မျိုး ဖြစ်ပါတယ် ။ ထိုသို့ သတိကပ်ပြီး ဒုက္ခသစ္စာကို ဝေဖန်ပိုင်းခြား၊ဆင်ခြင်စဉ်းစားနေပါမှ ၄င်းဒုက္ခ၏ ပင်ပန်းဆင်းရဲပုံ ၊ ဖြစ်ပေါ်လာပုံ ၊ အပြစ်အနာအဆာတွေ သိမြင်ပြီး ၄င်းဒုက္ခနဲ့ လွတ်ကင်းနေရာမှာ ရွေးချယ်နေမှာ၊ခိုလှုံနေမှာ ဖြစ်ပါတယ် ။
(စာ-၈) - သံသရာဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင်အားထုတ်ကြရာတွင် တဏှာ၊လောဘ၊ဒေါသ၊မာန၊ ရာဂ စသော ကိလေသာအာသဝေါတရားတို့ကို တခုချင်းစီ လိုက်ပယ်သတ်နေမည့်အစား ဖြစ်ပေါ်လာသည့် အကျိုးတရား ဒုက္ခသစ္စာ၏ အစ ဇာတိ(၀ါ)ဥပ္ပါဒကို မဖြစ်ပေါ်ရလေအောင် ဦးစွာအရင် ပယ်ရှင်းထားရမည် ။
(ဒါကို အသီးတရာ၊အညှာတခု ဥပမာနဲ့ ရှင်းထားပါတယ်)
ဗုဒ္ဓညွှန်ပြချက်အတိုင်း မှတ်ကျောက်ခန္ဓာငါးပါး ၊ ရုပ်၊နာမ်တရားကြီးနှင့် မှတ်ကျောက်တင်ကြည့်နိုင်ရန် သဘာဝတ္ထနည်း တို့ဖြင့် ရေးသားတင်ပြထားသည့်အတွက် ဖြေးဖြေးမှန်မှန်ဖတ်ရှုရင်း ဆင်ခြင်စဉ်းစားဝေဖန်ပိုင်းခြားကြပါရန် နိဒါန်းချီထား သည့် စာရေးဆရာ (နေမျိုးသောင်း)၏ ( ၀ိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ ) ကျမ်းစာငယ်ကို နိဗ္ဗာန်လိုလား ရှင်၊လူ အများတို့ ရှုပွားဆင်ခြင် အမှန်မြင်နိုင်ရေးအတွက် မိတ်ဆက်တင်ပြလိုက်ရပါသည် ။
                                                                                                ( ၀ီမံသာ )

No comments:

Post a Comment