Monday, January 26, 2015

ဖေ ဖေ


ဖေဖေ - - -
ဖေဖေ အသက်ရှင် နေစဉ် နောက်ဆုံး ပေးခဲ့တဲ့ တာဝန် -
သား မကျေပွန် ခဲ့ဘူး ဖေဖေ ။
          ဒါပေမဲ့ စိတ်ချပါ  ၊ ကျနော် အသက်ရှင် နေသ၍
အဖေ့ကို ပေးခဲ့တဲ့ ကတိတွေ တည်စေရပါမယ် ဖေဖေ ။
ကျနော်က - အဖေ့ သား ပဲလေ ၊
ကျနော့်ကို ယုံတယ် မဟုတ်လား ဖေဖေ
                                                                                      ( ထိန် လင်း သစ် )


        သေ သူတန် ဖိုး သည် ရုပ် မှာ မ တည် ၊
သူ ပြု ခဲ့ သ မျှ  ( အ လုပ် စေ တ နာ ကံ ) တို့
အ ပေါ် မှာ သာ  တည် သည် ။
ဖေဖေ ချမ်းမြေ့ပါစေ ။
                                                                                      ( ၀ီ မံ သာ )


        ဖေဖေ နောက်ဆုံးရေးသားပြီး ပထမဆုံးထုတ်ဝေခဲ့တဲ့ ( ၀ိမုတ္တိယုဂခေတ် တရားဦးဓမ္မစကြာ ) စာအုပ်လေး
သူ့ဆရာတော်ကို သွားပြတော့ ( ကိုတင်သောင်း အာဂလူ ) တဲ့ ။ ဟုတ်တယ် (သူ့စာအုပ် သူမမြင်လိုက်ရအောင်) အသက်စွန့် ရေးတဲ့ တကယ့် လူ ။
တပတ်လုံး ဆွမ်းသွတ်တရားပေးတဲ့ ဓမ္မကထိကဆရာတော်ကို အဲဒီစာအုပ် ပေးဖတ်ကြည့်တော့ နောက်နေ့ (၅ရက်မြောက်) တရားပွဲမှာ အဲဒီတရားထဲ့ဟောရင်း ပြောလိုက်တာက ( ဒီတရားအသိတွေ ၊ ဒီတရားအလှုတွေ နဲ့ ဒီဒကာကြီး သပိတ်သွတ်နေစရာ မလိုတော့အောင် ဂတိမြဲပြီ ) တဲ့ ။ အဲဒါ ကျနော့် အဖေ ပါ ။ ကျနော်တို့ အားကိုးရာ မဲ့ သွားပေမယ့် ဖေဖေ့ကို ဂုဏ်ယူတယ် ၊ ကျနော် စကားပြောဖော် မဲ့ သွားပေမယ့် ဖေဖေ့စာအုပ်လေးတွေက ကျနော့် မိတ်ဆွေအဖြစ် စကားပြောနေဦးမှာ အသေအချာ ၊ ဒါကြောင့်မို့ ကျနော်တို့ ဖေဖေ့ကို ဒီစာနဲ့ ရိုသေ ၊ ၀မ်းနဲ ၊ ကြေကွဲ ၊ လေးစား စွာ နှုတ်ဆက် ကန်တော့ လိုက်ပါတယ် ။
ဖေဖေ ကျနော်တို့ကိုထား ၊ အလိုရှိရာ မွန်မြတ် စင်ကြယ်ရာ ကို သွားပါတော့ ဖေဖေ
                                                                                      စင် ယော် နောင်


No comments:

Post a Comment