တနေ့မှာ မြတ်စွာဘုရားရှင်နဲ့
မြင်းပိုင်ရှင်တဦးတွေ့တယ် ။
မြင်းရှင်က
တပည့်တော်မြင်းက မြင်းကတ်ဘုရား ၊ အရမ်းဆိုးတယ် ။
ချော့ပြောလို့မရဘူး
၊ ဒါနဲ့ အော်ဟစ်ခြိမ်းခြောက်ပြော ၊ ဒါလဲမရဘူး ။
ဒီတော့ တပည့်တော်ရိုက်တယ်ဘုရား
၊ ဒါလဲ ပေကပ်ကပ်လုပ်တုန်း ။
အဲဒါ တပည့်တော်လဲ
ပြောမရတဲ့မြင်းကတ်ကို သတ်ပလိုက်တယ်ဘုရား ။ တဲ့ …
ဒီတော့ မြတ်စွာဘုရားရှင်က
ပြောတယ် ။
မင်းလိုပဲ
အသင်မြင်းရှင် ၊ ငါဘုရားသာသနာတော်မှာလဲ
ဆိုဆုံးမလို့
ဘယ်လိုမှမရတဲ့သူကို မင်းမြင်းကို မင်းသတ်သလို
ငါဘုရားလဲ
သတ်ပလိုက်တာပဲ တဲ့ ။
( မြင်းရှင်က
ရုတ်တရက်ကြားလိုက်ရတော့ စိတ်မှာ - ဟင် ဘယ်လိုကြီးလဲပေါ့ )
ဒါကို ဘုရားသိတော်မူတယ်
၊ ဆက်ပြောတယ် ။
ငါတို့ဘုရားရှင်တွေလဲ
မင်းလိုပဲ ပထမ အကျိုးသင့်အကြောင်းသင့် ပြောပြတယ် ။
ဒါမှမရရင်
ဒီအပြစ်လုပ်ရင် ဒီငရဲကျမယ်လို့ ခြိမ်းခြောက်ဆုံးမတယ် ။
ဒါမှမရသေးရင်
ဟယ် အချည်းနှီးလူ အဲလိုစကားလုံးနဲ့ ရိုက်ပုတ်တယ် ။
သာသနာမှကျဉ်ခြင်း
၊ နှင်ထုတ်ခြင်းဆိုတဲ့ တုတ်နဲ့ရိုက်တယ် ။
ဒါမှမရတော့ရင်…
ငါဘုရားက ဥပေက္ခာ ဆိုတဲ့ သတ်ခြင်းနဲ့ သတ်လိုက်တယ် ။
ဘာမှမပြောတော့ဘူး
၊ သူ့ထိုက်နဲ့သူ့ကံ ရှိစေတော့လို့ ပစ်ထားလိုက်တယ် ။ တဲ့ …
ခုလဲ ဘယ်လိုမှ
ပြောမရတဲ့ တဖက်ကန်း၊စုံလုံးကန်းတွေကို ဘာမှမပြောတော့ဘူး ။
ကျီးထိုးထိုး၊လောက်ကိုက်ကိုက်
သူ့ထိုက်နဲ့သူ့ကံ ခံကြပေရော့ ။
( ဝီမံသာ )
No comments:
Post a Comment