-
ဦးနှောက်ကောင်းဖို့
ကြိုးစားနိုင်ပါသည် ။
သို့သော်
- စိတ်ကောင်းထားဖို့ကိုတော့ ဘယ်တော့မှမမေ့လိုက်ပါနှင့် ။
- ဦးနှောက်ကောင်းလျှင်
တဘဝတော့ စံနိုင်ပါသည် ။
သို့သော်-
သေလွန်သည့်အခါ လူသေ၏ဦးနှောက်သည် အဘယ်မှာသုံးစားရနိုင်ပါမည်နည်း ။
- စိတ်ကောင်းရှိသူသည်
ယခုဘဝ ဝဋ်ဆင်းရဲကိုပင် သည်းခံလျက် မိမိစိတ်ကောင်း၊စေတနာကောင်းတို့ကို ဘယ်တော့မှမစွန့်လွှတ်
။
ထိုသူအား
ပစ္စုပ္ပန် ၊ သံသရာတလျောက် ကောင်းကျိုးချမ်းသာအစဉ်ခံစားရမည်ဖြစ်ကာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာနိဗ္ဗာန်တိုင်အောင်ပင်
ထိုစိတ်ကောင်း၊စေတနာကောင်းတို့က ပို့ဆောင်ပေးနိုင်ပါလိမ့်မည် ။
ဘုရားရှင်ကို
ကြည်ညို ၊ ယုံကြည်လျှင် ဘုရားရှင်ညွှန်ပြတော်မူသော ကမ္မနိယာမကို ယုံကြည်လျက် အသက်ထက်ဆုံး
စိတ်ကောင်းစေတနာ မွေးမြူနိုင်ပါစေသတည်း ။
( ဝီမံသာ ) 28-7-2016 (3:32 am)
( မှတ်ချက်
။ ဆရာကြီး ဒေါက်တာမင်းတင်မွန်၏ (ဘဝဖန်တီးရှင်ကံတရား) စာအုပ်ကို ဖတ်အပြီးတွင် ပေါ်လာသော
အတွေးဖြစ်ပါသည် ။ )
No comments:
Post a Comment