၇ ။ သူတော်ကောင်းတရား
(၇)ပါး
သဒ္ဓါ ၊ သီလ ၊ သုတ ၊ စာဂ ၊ ပညာ ၊ ဟီရိ ၊ သြတ္တပ္ပ
။
သဒ္ဓါ
- အမှန်တရားကို ယုံ ကြည် ခြင်း ၊
သီလ
- ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်း ၊
သုတ
- အကြားအမြင် ဗဟုသုတ ကြွယ်ဝခြင်း ၊
စာဂ
- စွန့်ကြဲပေးကမ်းခြင်း စသည့် အကျင့်ကောင်းများ ရှိခြင်း ၊
ပညာ
- မှား/မှန် ၊ ကောင်း/ဆိုး ၊ ကြောင်း/ကျိုး တို့ကို ဝေဖန်ပိုင်းခြားလျက် သိခြင်း ၊
ဟီရိ
- မကောင်းမှု ပြုလုပ်ရမှာ ရှက်ခြင်း ၊ မကောင်းမှု လက္ခဏာတို့ကို ရွံရှာခြင်း ၊
သြတ္တပ္ပ - မကောင်းမှုပြုလုပ်ရမှာ ကြောက်ခြင်း ၊ မကောင်းကျိုးကို
ထိတ်လန့်ခြင်း ၊
ဒီတရား(၇)ပါးဟာ
သူတော်ကောင်းတွေ လက်ကိုင်ထားတာမို့ သူတော်ကောင်းဥစ္စာ (၇)ပါးလို့ ဗုဒ္ဓဘာသာက ပြဆိုပါတယ်
။
၈ ။ အရိယာမဂ္ဂင် (၈)ပါး
သမ္မာဒိဌိ ၊ သမ္မာသင်္ကပ္ပ ၊ သမ္မာဝါစာ ၊ သမ္မာအာဇီဝ
၊ သမ္မာကမ္မန္တ ၊ သမ္မာဝါယာမ ၊ သမ္မာသတိ ၊ သမ္မာသမာဓိ ။
ပညာမဂ္ဂင်(၂)ပါး
သမ္မာဒိဌိ - မှန်သောအမြင် ဖြင့် ရှုမြင်ခြင်း ၊
သမ္မာသင်္ကပ္ပ - မှန်သောအတွေးအကြံ ကို ကြံစည်ခြင်း ၊
သီလမဂ္ဂင်(၃)ပါး
သမ္မာဝါစာ - မှန်သောစကား ကို ကောင်းစွာ ပြောဆိုခြင်း ၊
သမ္မာအာဇီဝ - မှန်သောအသက်မွေးမှု ဖြင့် ကောင်းစွာ နေထိုင်ခြင်း
၊
သမ္မာကမ္မန္တ - မှန်သောအလုပ်ကို ကောင်းစွာ လုပ်ခြင်း ၊
သမာဓိမဂ္ဂင်(၃)ပါး
သမ္မာဝါယာမ - မှန်သော အားထုတ်မှု ရှိခြင်း ၊
သမ္မာသတိ - မှန်သော အောက်မေ့သတိ ရှိခြင်း ၊
သမ္မာသမာဓိ - မှန်သော တည်ကြည်စူးစိုက်မှု ရှိခြင်း ၊
ဒီတရား
(၈)ပါးဟာ အရိယာသူတော်စင်တွေ ကျင့်သုံးတဲ့ ၊ ပညာရှိတို့ချီးမွမ်းအပ်တဲ့ အလယ်အလတ်လမ်းစဉ်
တရားများ ဖြစ်လို့ အရိယာမဂ္ဂင် (၈)ပါး လို့ ဗုဒ္ဓဘာသာက ပြဆိုပါတယ် ။
( ၀ီမံသာ )
No comments:
Post a Comment