Tuesday, November 27, 2018

မိတ်ဆွေကောင်းဆိုတာ


ဒီနေ့လို ဗဟုဝါဒ ခေတ်ကြီးမှာ
မိတ်ဆွေစစ် ၊ မိတ်ဆွေကောင်း ဆိုတာ -
…………………………………………………………….
၁ ။
အမြင်မတူတာတွေ ရှိခဲ့ရင်တောင်
မုန်းတဲ့အထိ ငြင်းခုန်တာမျိုး မလုပ်ဘူး ၊
သူတို့ရင်ထဲက တူညီတဲ့ ခင်မင်မှုသံယောဇဉ်ကို
အရာရာထက် ပိုအလေးထားတတ်ကြတယ် ။

၂ ။
အပြင်လူ ရန်တိုက်သွေးထိုးလို့ မရလောက်အောင်
တွေးခေါ် ၊ ဆင်ခြင် ၊ အမြော်အမြင် ပြည့်ဝပြီး
အမှီအခိုကင်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
သူတို့အချင်းချင်း တယောက်ကိုတယောက်
နားလည်မှုက ခိုင်မာနေတတ်ကြတယ် ။

၃ ။
သူတို့ဟာ - (ခေတ်ပေါ်လူမှုရေး)လို
ငွေကြေး ၊ အပေါ်ယံပကာသနတွေနဲ့
ဆက်ဆံခဲ့ကြတာ မဟုတ်လို့ ၊
အခြေအနေတွေ ပြောင်းလဲတိုင်း
ဆက်ဆံရေး ပြောင်းလဲတတ်ကြတဲ့
ပုတ်သင်ညိုမိတ်ဆွေမျိုး မဟုတ်ခဲ့ကြပါဘူး ။

နိဂုံး
( ရှည်လျားလှတဲ့ ဘဝသံသရာကြီးမှာ
ဆွေမျိုး ၊ မိတ်သင်္ဂဟ မတော်ဖူးသူ မရှိပါ ) တဲ့ ၊
ဗုဒ္ဓ ကတော့ ပြောခဲ့ပါတယ် ။
နေစဉ်ခိုက် ၊ စားစဉ်ခိုက်လေးမှာ
( တမြေထဲနေ တရေထဲသောက်တွေ )
မိတ်ဆွေကောင်း ဖြစ်ကြပါစေသားးးးး ။

( ဝီမံသာ )

No comments:

Post a Comment