မိမိ fb မသုံးတာ ကြာပြီ ။ သို့သော် - ကုန်ကြမ်းရှာတွေ့လိုတွေ့ငြား
fbဆီ လှည့်ကာ events လေးတွေ ရှာခိုက်
ပုံလေးတခု
တွေ့လိုက်ရသည် ။ စာတိုလေးတပိုဒ်ကို screen
shot လုပ်ထားဟန်ရှိသော ပုံလေး ။
ဆိုလိုရင်းအချုပ်က
- ဘာမှမရှိသူထက် ( ချမ်းသာပြီး ပညာတတ်သူ ) ဆိုလျှင် လူကြီးနေရာနှင့် ပိုထိုက်တန်သည်
၊ ဟု ပို့စ်ရှင်က သူ့အမြင်ကို တင်ပြထားသည့်သဘောဖြစ်သည် ။ သူက (ပညာတတ်သော်လဲ) ဘာပိုင်ဆိုင်မှုမှ
မရှိလို့ တိုင်းပြည်အတွက် တရားဝင် လုပ်မပေးနိုင်ကြောင်း ရင်ဖွင့်ထားသည်ကိုလဲ ရင်နင့်စရာ
တွေ့ရသည် ။
သူပြောတာလဲ
ဟုတ်သည်ပင် ။ ခုကြည့် - အမေရိကန်သမ္မတမှန်သမျှ ဘာမှမရှိသူများ မဟုတ် ။ ဒေါ်နယ်လ်ထရမ့်
ဆိုလျှင် ဘီလျံနာသူဌေးကြီး ။ သူ့တိုင်းပြည်အတွက် ပေးဆပ်ချင်စိတ်ရှိလို့ သမ္မတဝင်လုပ်သည်ဆိုလျှင်
တိုင်းပြည် အများကြီးအကျိုးရှိနိုင်သည် ။ (လုပ်စားနိုင်ငံရေးသမားတွေထက် ပိုအကျိုးရှိနိုင်ပါသည်)
။
သို့သော်
ထိုသူ ပြောသော ဘာမှမရှိ ဆိုသည့် (စည်းစိမ်ဥစ္စာမရှိရုံဖြင့်) တိုင်းပြည်အတွက် လုပ်မပေးနိုင်
ဟူသည်မှာလဲ အကုန်အစင် မမှန်နိုင်ပါ ။ ထိုစကားပြောကတဲက သူသည် နေရာမမက်သော ပညာရှိသူတဦးဟု
တွေးလို့ရပါသည် ။ ထိုသူမျိုးက တိုင်းပြည်အတွက် နောက်ကွယ်မှ တန်ဖိုးရှိသောအကြံဥာဏ်၊အတွေးအခေါ်တွေ ဖြန့်ဝေပေးနိုင်လျှင် (ပေးခွင့်ရလျှင်) ထိုတိုင်းပြည်
အခွင့်သာလိမ့်မည်ဟုပင် ထင်မြင်မိပါသည် ။
ထို့အတွက် - ထိုသူ
မပြောနိုင်သော (ပြောမထွက်သော) - - - - ( လူကြီးနေရာအတွက်
)
အရေးကြီး
အကြံဥာဏ်တချို့ကို အကျဉ်းမျှ (မျှဝေချင်ပါသည်) ။
တိုင်းပြည်အုပ်ချုပ်သူ
၊ မင်း၊သမ္မတ ၊ အစိုးရ (လူကြီး) မှန်လျှင် - - -
နာယကဂုဏ်(၆)ပါး
၊ သူတော်ကောင်းဥစ္စာ(၇)ပါး ၊ မင်းကျင့်တရား(၁၀)ပါး …
စသည်တို့နှင့်
ပြည့်စုံရမည်ဖြစ်ပါသည် ။ အထူးသဖြင့်ကား ……
ထိုတရားများ၏
အနှစ်ချုပ် ၊ အနှစ်သာရအစစ်ဖြစ်သော
ဗြဟ္မစိုရ်တရား(၄)ပါး
ဖြင့် ပြည့်စုံခဲ့ပါလျှင် - ထိုတိုင်းပြည် သာယာချမ်းမြေ့မည် အမှန်ဖြစ်ပါသည် ။
ဗြဟ္မစိုရ်တရား(၄)ပါးမှာ
မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ နှင့် ဥပေက္ခာ တို့ဖြစ်၏ ။
မေတ္တာ ဆိုတာ
ကောင်းကျိုးလိုလားတဲ့စိတ် ဖြစ်ပါတယ် ။ မိမိမှာ အသိဥာဏ်ပညာ ကြီးမားမှ ကောင်းကျိုးကို
သိပြီး သူတပါးကိုလဲ ကောင်းကျိုးဆောင်ချင်တဲ့စိတ် ရှိလာနိုင်မှာပါ ။ ဒါကြောင့် လူကြီးလုပ်မဲ့သူဟာ
အသိဥာဏ်ပညာ ကြီးမားဖို့ ၊ မေတ္တာဓါတ်ကြီးမားဖို့ လိုအပ်ပါတယ် ။
ကရုဏာ ဆိုတာ
သူတပါး၏ ဘဝဒုက္ခတွေကို စာနာသနားခြင်း ၊ ၊ မိမိထက် ၊ အသက်၊ခွန်အား ၊ ရာထူး ၊ စည်းစိမ်
အစစ သေးငယ်သူတွေကို သနားညှာတာတတ်တဲ့စိတ်ဖြစ်ပါတယ် ။ လူကြီးတယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့
အရှိသင့်ဆုံး အရည်အသွေးတခု ဖြစ်ပါတယ် ။ ကရုဏာစိတ်ရှိဖို့ အရေးတကြီးလိုအပ်တဲ့အရာက ကိုယ်ချင်းစာစိတ်ပါပဲ
။ မိမိကို ဒီလို ပြောရင် ၊ ဒီလိုဖိနှိပ်ရင် မခံနိုင်ဖြစ်မဲ့အရာမျိုးဆို သူတပါးကိုလဲ
မပြောအပ် ၊ မပြုအပ်ပါဘူး ။ အထူးသဖြင့် ကိုယ်ပြုသမျှ နုရမဲ့ အုပ်ချုပ်ခံပြည်သူတွေကို
( ငါ့မှာအာဏာရှိတာပဲ ) ဆိုပြီး နင်းတာမျိုး မပြုသင့် ၊ မပြောသင့်ပါဘူး ။ သတိပြုမိမယ်
ဆိုရင် ဘုရားရှင်ဟောကြားတော်မူတဲ့ (ငါးပါးသီလ)ဆိုတဲ့ လူ့ကျင့်ဝတ်တရားဟာ ကိုယ်ချင်းစာစိတ်
အပေါ်မှာ အခြေခံ ထားတာ တွေ့ရမှာပါ ။ ( ဒါကို ဆောင်းပါးတပုဒ်နဲ့ ရှင်းပြခဲ့ဖူးပါတယ်
)
မုဒိတာ ဆိုတာ
သူတပါး ကောင်းစားတာ ၊ ကြီးပွားချမ်းသာတာကို ဝမ်းမြောက်တတ်တဲ့စိတ်ပါ ။ တိုင်းပြည်အုပ်ချုပ်တဲ့
လူကြီးတွေထဲမှာ ပြည်သူတွေကြီးပွားချမ်းသာတာကို မြင်ချင်တဲ့ မုဒိတာစိတ်ရှိတဲ့ လူကြီးတွေချည်းသာ
ရှိမယ်ဆိုရင် အဲဒီတိုင်းပြည် သေချာပေါက် ချမ်းသာမှာပါပဲ ။ ဒါကြောင့် လူကြီးလုပ်မဲ့လူတွေကို
ပြောလိုတာက ( မိမိလက်အောက် ဝန်ထမ်းလေးတွေနဲ့ ပြည်သူတွေကိုလဲ အိပ်မက်ကောင်းလေးတွေ မက်ခွင့်ပေးလိုက်ကြပါ
) ခင်ဗျာ ။
ဥပေက္ခာ ကတော့
အဆင့်မြင့်လွန်းတဲ့ စိတ်ပါ ။ ဒီနေရာမှာတော့ (မတုံလှုပ်တဲ့စိတ်) လို့ပဲ ဖွင့်ဆိုချင်ပါတယ်
။ လူကြီးလုပ် မဲ့သူဟာ ဝေဖန်တာကို မတုံလှုပ်ဖို့လိုသလို ချီးမွမ်းတိုင်း ဘဝင်မမြင့် ၊
ကဲ့ရဲ့တိုင်း မခံချင်မဖြစ်ပဲ ပုံမှန်စိတ်အနေအတိုင်း နေနိုင်ရပါမယ် ။ချီးမွမ်း၊ကဲ့ရဲ့၊ဝေဖန်တိုင်းသာ
တုံလှုပ်တဲ့စိတ်နဲ့ အုပ်ချုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့စည်းစိမ်တွေကို ဘုန်းတော်ဘွဲ့ပဲ
ရွတ်ပြနေတဲ့ အလိုတော်ရိတစု လက်ထဲ ထဲ့ပေးလိုက်ရပြီး ၊ အမှန်အတိုင်းဝေဖန်တဲ့ ၊ မကျေနပ်လို့
ကဲ့ရဲ့တဲ့ ပြည်သူတွေမှာ ကြိမ်မီးအုံးသလို မပြောရဲမဆိုရဲဖြစ်ကာ အာဏာရှင်ခေတ်ကို ပြန်ရောက်သွားနိုင်ပါတယ်
။
ယခု fb မှ
ထိုသူညွှန်းသော (ဂျာပြန်ဒေါက်တာမလေးလဲ) မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်
တရား(၄)ပါး ပြည့်စုံလျက် ပြည်သူတွေကို အိပ်မက်ကောင်းတွေမက်ခွင့်ပေးနိုင်သော လူကြီးလူကောင်းတယောက်
ဖြစ်လာပါစေဟု ဆန္ဒမွန်ပြုပါသည် ။
( ဝီမံသာ
) 15-1-2018
No comments:
Post a Comment