ဒုက္ခတွေသာ
ဖြစ်ပြီး ၊ ဒုက္ခတွေသာ ပျက်နေကြတာမို့ ၊
( ငါ ) ဆိုတာ
ဘယ်မှာ ရှိလို့လဲ ။
အဲဒီတရားကို
အပေါ်ယံဆင်ခြင်သိနဲ့ ၊
နှလုံးသွင်းမိစဉ်
အခိုက်မှာတော့ ( ငါ သရဲ )က ကွာဆဲပေါ့ ။
ဒါပေမဲ့
-
အတွင်းအနှစ်
၊ အရင်းအမြစ်အထိ ၊
ထိုးထွင်းသိတဲ့ဥာဏ်
မရတတ်သေးတော့ ၊
(ငါသရဲ) ဝင်စွဲပူးကပ်ရာ
၊ သက္ကာယဒိဌိ အမြစ်မကျွတ်ပဲ ၊
ဇရာ ၊ မရဏ
၊ သောက၊ပရိဒေဝတွေနဲ့ ၊
သံသရာဘဝ ခဏခဏ
လည်နေရတာ ၊
တွေးမိတိုင်း
ကြောက်လှပါပြီကွယ် ။
( ဝီမံသာ ) 18-10-2017
No comments:
Post a Comment