Wednesday, February 24, 2016

ရာစုနှစ် ၊ ဂဏန်းတွဲများ နဲ့ သာသနာ



၁ ။ ဒီနှစ် - သာသနာသက္ကရာဇ် ၂၅၆၀ ထဲကိုဝင်လာပြီ ။ သကျသာကီဝင် ၊ တထာဂတ ဂေါတမဗုဒ္ဓရဲ့ သာသနာတော် နှစ် (၅၀၀၀) မှာ သက်တမ်းတ၀က်ကျော်စ ၊ (နှစ်ငါးထောင်ဆိုတာ သာသနာတော် ထင်ရှားကျယ်ပြန့်စွာ တည်နေတာ ကို ပြောတာနော်) ၊ တဦးချင်းရင်ထဲက သာသနာကတော့ (သူကိုယ်တိုင်မဖျက်သရွေ့ ဘယ်သူဖျက်လို့မှ မပျက်ပါဘူး) အဲဒီတော့ ဗုဒ္ဓသာသနာထင်ရှားကျယ်ပြန့်စွာ တည်နေဖို့ နောက်ထပ်နှစ်ပေါင်း (၂၄၄၀) ၊ ရာစုအားဖြင့် ရာစုပေါင်း (၂၄) ခု ကျော်လောက်အထိ ကျန်သေးတယ် ။ ခု ခရစ်နှစ် (၂၁)ရာစုဆိုတော့ နောက် (၄၅)ရာစု အကျော်လောက်အထိ သာသနာတော် တည်တံ့နေဦးမှာ ။ ဒါပြီးရင် ဒီကမ္ဘာမပျက်ခင် နောက်ထပ် အရိမေတ္တေယျ ဗုဒ္ဓမြတ်စွာ ဘုရားရှင် သာသနာတော်က လာဦးမှာ - - -

၂ ။ (၂၁)ရာစု ဆိုတော့ (၂၁)နဲ့ဆိုင်တဲ့ ဂဏန်းတွဲတွေ - ၉၆၆ တို့ ၊ ၈၇၆ တို့ ၊ ၇၈၆ တို့ ၊ ၆၇၈ တို့ စသဖြင့်ပေါ့လေ - ဒီဂဏန်းတွဲတွေက ဒီရာစုမှာ ကမ္ဘာအ၀ှန်း ထင်ရှားဦးမှာ ၊ ခုတောင် တချို့နေရာတွေမှာ အုံးအုံးကျက်ကျက် ၊ ပွက်လောရိုက်လို့ (စစ် ၊ အကြမ်းဖက်မှု ၊ သေခြင်းတရား) ဒီမီးတွေကမ္ဘာမှာလောင်မြိုက် ၊ - - - ကမ္ဘာကြီးနှလုံးခုန်သံ ရပ်လုမတတ် ဖြစ်အပြီး - ပြန်လည်ရှင်သန်လာချိန် (၂၂)ရာစုရောက်ရင်တော့ ဒီဂဏန်းတွဲတွေနဲ့ မသက်ဆိုင်တော့ပါဘူး ၊ အဲအချိန်ဆို ၈၇၆ က ၈၇၇ ၊ ၇၈၆ က ၇၈၇ ဖြစ်နေရောပေါ့ ။ အဲဒီအချိန်လောက်ဆို ကမ္ဘာကြီးမှာ လောင်စရာလောင်စာ(ရေနံပါဝါ) ဘာညာလဲ ကျန်နိုင်မှာ မဟုတ်တော့ပါဘူးလေ ။

၃ ။ တို့ ခု(၂၁)ရာစု လူသားတွေ (၂၂)ရာစုကို မလိုက်နိုင်တော့ပါဘူး ။ တို့တွေရဲ့ သားသမီး ၊ မြေး ၊ မြစ် တို့ကိုသာ တွန်းပို့လိုက်ရတော့မှာပါ ။ သူတို့နဲ့အတူ (၂၁)ရာစု (၂၁)နဲ့သက်ဆိုင်တဲ့ ဂဏန်းတွဲတွေ အကြောင်း သင်ခန်းစာတွေ နောင်တတွေနဲ့ ရင့်ကျက်အောင် သင်ကြားပို့ချဖို့ပဲ တတ်နိုင်ပါတော့တယ် ။ အကြောက်တရားတွေနဲ့ ငြိမ်သက် ၊ မီးလောင်ဒဏ်ရာတွေနဲ့ရင့်ကျက်သွားကြတဲ့ အဲဒီမျိုးဆက်တွေက အိုင်စတိုင်း ၊ ကိုင်ရို နဲ့ ဥရောပက အကြားအမြင် ဆရာမကြီးတဦးတို့ရဲ့ ဟောကိန်းတခု ကို မှန်အောင် ဖန်တီးကြတော့မှာပါ ။ ခေတ်သိပ္ပံရဲ့လိုအပ်ချက်ကို ဖြည့်ပေးမဲ့ ဘာသာ ၊ အာရှတန်ဖိုး ၊ ရွှေဝါရောင် သာသနာ ကမ္ဘာကိုလွှမ်းမိုးမဲ့ ရာစုတွေကို တွန်းပို့ပေးကြတော့မှာပါ ။
ဥပမာ - ၉၆၉ ဂဏန်းတွဲနဲ့သက်ဆိုင်ရာ (၂၄)ရာစု လိုမျိုးပေါ့ ။

အဲဒီအချိန်မှာ အားလုံးသဘောပေါက်သွားကြလိမ့်မယ် ။ ( ရာစုနှစ်ကို မှီခိုချင်တဲ့ သာသနာ - ရာစုနှစ် ပျောက်တာနဲ့ ပျောက်သွားရပြီး (စစ်မှန်တဲ့ ၊ မပျောက်ပျက်တဲ့) ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့သာသနာကတော့ မပျောက်ရုံမက ရာစုနှစ်ကပါ မှီခိုရလိမ့်မယ် ) ဆိုတာပါပဲ ။

                                                          ( ၀ီမံသာ )



No comments:

Post a Comment