တဏှာ၊ရာဂ
နဲ့ စပ်တဲ့ အချစ်/အမုန်းသံယောဇဉ်ဟာ ပုထုဇဉ် မပြောနဲ့ အရိယာအငယ် သောတာပန်မှာတောင်
မကင်းနိုင် ကြပါဘူး ။ ( သောတာပန် ဝိသာခါ - သူ့မြေးမလေးသေတော့ ငိုတာ - ပေမတဏှာ
သံယောဇဉ်ကြောင့်ပါ ) ။ သကဒါဂါမ် အဆင့်မှာတောင် ရာဂ၊ဒေါသ၊မောဟတွေ ပါးလှပ်သွားရုံပဲ
ရှိသေးလို့ သုဂတိ (၁)ဘဝအထက် နဲ့
(၇)ဘဝအောက် ကျင်လည်ကြရပါသေးတယ် ။ အနာဂါမ်အဆင့်ရောက်မှ (အနုသယ မာနကလွဲပြီး)ရာဂ၊ဒေါသ၊မောဟတွေ အကုန်
(အမြစ်ပြတ်)သွားလို့ လင်မယားလို နေလို့မရ ၊ သေပြီးနောက် ဗြဟ္မာပြည်မှတဆင့် တိုက်ရိုက်နိဗ္ဗာန်ဝင်ကြတာပါ
။
တဏှာရာဂ
ဆိုလို့ အများသိ ရာဂအကြမ်းစား(အထိအတွေ့လောက်ကိုပဲ) အချစ်ထင်နေကြလား ။ ကာမတဏှာထဲမှာတောင် အမြင် ၊ အကြား ၊ အသံ ၊ အနံ့
၊ အတွေ့ ၊ စိတ်ကူး (အာရုံခြောက်ပါးစွဲလမ်းမှု) ရှိပါတယ် ။ သူ့အရေး ၊ သူ့အတွေးက
တဆင့် သူ့ကို သံယောဇဉ်ဖြစ်မိတယ် ဆိုတာမျိုးတွေက စိတ်စွဲ (ဓမ္မာရုံတဏှာ)ပါပဲ ။
နောက်
လာသေးတဲ့ အကြီး(၂)ခု -
ဘဝတဏှာ -
မိမိကိုယ်ကို (မိမိဂုဏ်ကို) ချစ်လို့၊တန်ဖိုးထားလို့ ထိန်းချုပ်ထားကြတာ
(ဆန္ဒကိုသိက္ခာနဲ့ထိမ်း) ဆိုတာမျိုး ၊
ဝိဘဝတဏှာ -
နောက်ဘဝကောင်းစားရေး လိုလားပြီး ဒီဘဝမှာ ချိုးခြံတဲ့အကျင့်ကို ကျင့်ကြတာ ။
ပုထုဇဉ်မှာ
တဏှာကင်းနိုင်သူ ရှိပါတယ် ဆိုရင် - အဲဒါ - ညာတာပဲ ။ ဟန်ဆောင်ထိန်းချုပ်ထားတာပဲ ။
ကောင်းကင်မှာ ဈာန်ပျံနေတဲ့ ရသေ့ကြီးတောင် - မြေပြင်က မိဖုရားအလှကို
လှစ်ခနဲမြင်လိုက်ချိန် (အနုသယ၊ထိန်းချုပ်ထားတဲ့) ရာဂတဏှာပိုး ထကြွပြီး
ဈာန်အဘိဥာဉ်ပျောက် ၊ မြေပေါ်ပြုတ်ကျ ၊ မိဖုရားကို မဖွယ်မရာပြုမိခဲ့တာ ၊ နောက်မှ
သံဝေဂဥာဏ်ဝင်ပြီး လူတွေနဲ့ဝေးရာ တောနက်ထဲကို အပြီးကြွသွားခဲ့ရတာ သာဓကပါပဲ ။
(
ယောက်ျားကောင်း မောင်းမတထောင် ၊ ရီးစားတထောင် လင်ကောင်တယောက် ) တဲ့ ။
ပုထုဇဉ်သဘာဝကို
ဗြောင်ဖော်ပြလိုက်တဲ့ (ခပ်ကြမ်းကြမ်း)စကားပုံတွေပါပဲ ။
လောကလွတ်မြောက်ရေး(နိဗ္ဗာန်တရား)
အားထုတ်နေသူဆိုရင်တော့ ထားပါတော့ ၊
ဒီလိုမဟုတ်ပဲ
သာမန်ပုထုဇဉ်ဆိုရင်တော့ ဟိုမရောက်ဒီမရောက် (ငြိမ်းအေးယောင်ဆောင်)နေမဲ့အစား
လောကတိုးပွားကြောင်းကို
(ပုထုဇဉ်သဘာဝ)သူများနည်းတူ လုပ်နိုင်ရမှာပေါ့ ။
ဒီစာ ရေးလိုက်ရတာကိုက - - -
သူများဘာသာတွေ
- မိန်းမ(၄)ယောက် အနဲဆုံးယူပြီး
လူဦးရေတိုးပွားရေး
၊ သူ့ဘာသာဝင်တိုးပွားရေး လုပ်နေကြချိန်
တို့ဘာသာဝင်
မြင့်မြတ်သူကြီးတွေကတော့ -
ဟန်မဆောင်တတ်သူ
ကိုယ့်လူချင်းတော့ အယုတ်တမာထင် ၊
ကိုယ်ကျ
(တဏှာမစင်ပဲ) အဖြူလို သန့်ပြချင်နေရင်တော့ -
လူအလစ်ကျမှ(အင်အားမမျှမှ)
ငမဲအစားခံရမဲ့ ကံကြမ္မာ ၊
မလွှဲသာ၊မရှောင်သာ
၊ မလိုချင်ပဲ တွေ့ကြုံလာမှ
မျက်ရည်ဒူးခ
နှောင်းနောင်တနဲ့ ဖြေသိမ့်လိုက်ကြပါတော့လို့
- - - ပြောပြချင်ရုံမှတပါး
အခြားမရှိပြီ ။
Crd; ……….
…………………………………………………….
No comments:
Post a Comment