Tuesday, May 14, 2019

နတ်ဝတ်ပုဆိုး တိမ်မီးခိုး


မပြောချင်ပေမဲ့ အမှန်တရားကိုတော့ ပြောရဦးမယ် ။
၁ ။
ပုံထဲက ဒီကလေးမလေးတောင် ဘာသာဓလေ့ထုံးတမ်းစဉ်လာ စည်းကမ်းတွေကို လိုက်နာနိုင်သေးတယ် ဆိုရင် ဟိုမိန်းမကြီးက ဘာလို့ မလိုက်နာနိုင်ရတာလဲ ။ ( ဒီကလေးမလေး လောက်မှ အသိတရားမရှိ ၊ ယဉ်ကျေးမှုမသိတာလား ) ။
ဒါမှမဟုတ် -ငါက အာဏာအရှိဆုံး ၊ ငါက ကမ္ဘာကျော်ဆုများရှင် ၊ ငါက လူထုခေါင်းဆောင် ၊ ငါက .. ငါက .. ငါက .. နဲ့ (ငါ)မာန်တွေ ဖြန်းဖြန်းထနေလို့ အသိတရားကင်းမဲ့ ၊ အရှက်အကြောက်ကင်းမဲ့စွာနဲ့ ရပ်ကွက်ထဲက ထောင်ထွက် အရက်သမား လူရမ်းကားလို ( ဘယ်ကောင်မှ လူမထင်ဘူးကွ ၊ ငါ့ဟာငါ လုပ်ချင်ရာလုပ်တာ ယိဖြစ်လား ) ဆိုတဲ့ အချိုးမျိုးနဲ့ လူမျိုးတစုရဲ့ ဘာသာယုံကြည်ချက် ၊ အထွဋ်အမြတ်ထားရာတွေကို ချိုးဖဲ့စော်ကား ငါကြွားချင်တာလား ။
၂ ။
ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးမှ ဖြစ်တဲ့ ဗုဒ္ဓရဲ့ ဓါတ်တော်၊မွေတော် ကိန်းဝပ်ရာ အထွဋ်အမြတ်နေရာတွေကို (အမျိုးသမီးမဝင်ရ) လို့ ဘုရားဟောအတိအကျမရှိနိုင်ပေမဲ့ ဟောသလိုဖြစ်တဲ့ ဖြစ်ရပ်တွေ ၊ ပညတ်တွေ ရှိခဲ့တယ် ။
(၁) ဘိက္ခူနီသာသနာကို လွယ်လွယ်ခွင့်မပြုခဲ့ဘူး ။ အမေအရင်းလို ကျေးဇူးရှိတဲ့ မိထွေးတော်ဂေါတမီ အကြိမ်ကြိမ် တောင်းဆိုတော့မှ ခြွင်းချက်တွေနဲ့ ခွင့်ပြုခဲ့တာ ။ ဥပမာ ဘိက္ခူနီရဟန်းမဟာ သံဃာတော်နဲ့ တတန်းထဲထိုင် ဆွမ်းမဘုဉ်း ရဘူး စသဖြင့် … ။
(၂) မာတုဂါမ လုံခြည်နဲ့ သံဃာတော်သင်္ဃန်း ထိရင် - ဂီလာနပြုစုတာမဟုတ်ရင် အာပတ်သင့်တယ် - (ချိတ်ထမိန် ကိုယ်တော်လေးသိသင့်တယ်) ၊ မာတုဂါမ(မိန်းမ)နဲ့ တမိုးအောက်အတူအိပ်ရင် အာပတ်သင့်တယ် စသဖြင့်ပေါ့ ။
ဘုရားသားတော်သံဃာတော်တွေအနားကိုတောင် မာတုဂါမ ကပ်ခွင့်မရ ၊ သီလရှင်တောင် လယ်ဗယ်တူ ထိုင်ခွင့် မရ လို့ ပညတ်ခဲ့တာ ၊ ဗုဒ္ဓရဲ့ ဓါတ်တော်၊မွေတော် ကိန်းဝပ်ရာ အထွဋ်အမြတ်နေရာတွေကို (အမျိုးသမီးမဝင်ရ) လို့ သတ်မှတ် ထားရင် သမ္မတကတော်လဲ မဝင်ရဲဘူး ၊ သီလရှင်တောင် မဝင်နိုင်ဘူး ၊ ယုတ်စွအဆုံး သူတောင်းစားမ ၊ ပြည့်တန်ဆာမ တောင် မဝင်ကြဘူး ဆိုတော့ - ဝင်တဲ့ မိန်းမကြီးက ပြည့်တန်ဆာမ လောက်မှ သောက်ဆင့်မရှိလို့လား လို့ မေးစရာ ဖြစ်နေပြီ ။ ( ဘာလဲ - ဗုဒ္ဓက ကျား/မ ခွဲခြားတယ် ပြောချင်တာလား ) –
ကဲ - ဖြေပါဦး - လောကမှာ/ကမ္ဘာမှာ - - ခရစ်ယာန် မိန်းမဘုရားသခင်ရှိဖူးလား ၊ ခရစ်ယာန် မိန်းမတမန်တော်ရှိဖူးလား ။ ကဲ - ဖြေပါဦး - လောကမှာ/ကမ္ဘာမှာ - - အစ္စလာမ် မိန်းမဘုရားသခင်ရှိဖူးလား ၊ အစ္စလာမ် မိန်းမတမန်တော်ရှိဖူးလား ။ ….. (ယောက်ျားနဲ့ခွာရာခြင်းသိပ်တိုင်းချင်ရင်) မက္ကာကိုသွား ၊ အမျိုးသမီးမဝင်ရတဲ့ အထွဋ်အမြတ်ဗလီထဲကို ဝင်ကြည့် ။ တချက်ထဲနဲ့ ဇက်ပြုတ်သွားရင် ကံအလွန်ကောင်းတယ်လို့မှတ် ၊ ကျောက်ခဲနဲ့ပေါက်သတ်တဲ့ ဓလေ့က ဘာလဲဆိုတာ သိချင်ရင်တော့ စမ်းကြည့်ကြပေါ့ ။
၃ ။
ဒီဆောင်းပါး ခေါင်းစဉ်က အကြောင်းမဲ့ တပ်ခဲ့တာ မဟုတ် ၊ ဒီနေ့ ဒီလိုဖြစ်ရပ်တွေ မြင်နေ၊ကြားနေရတော့ ပုံပြင်တပုဒ် သွားသတိရတယ် ။
တခါတုန်းက အင်မတန် အမြှောက်ကြိုက်ပြီး စတန့်ထွင်ချင်တဲ့ ငကြွားဘုရင်တပါး ရှိခဲ့တယ် ။ သူဟာ တနေ့တမျိုး မရိုးရအောင် အကောင်းဆုံးအဝတ်အစားတွေ ၊ ရွှေထည် ၊ ပိုးထည် ပုဆိုးတွေ ထည်လဲဝတ်ပြီး တောက်ပ မော်ကြွား ရတာ အလွန်ကြိုက်တယ် ။ ဒီလိုနဲ့ ကြာလာတော့ တနေ့မှာ ဘုရင် ညည်းရှာတယ် ။ ( အိမ်း - ငါကိုယ်တော် ဘုန်းတန်ခိုးတွေ ညှိုးရှာပြီလား မောင်မင်းတို့ ၊ ( တခါလာလဲ မဲပြာပုဆိုး )၂ ၊ ဒီ လူလုပ်ပုဆိုးတွေနဲ့ ငါကိုယ်တော် သွားနေ ရတာ ငြီးငွေ့လှပြီ ။ နတ်တို့ဖန်တဲ့ ဝတ်လဲတော်၊ပုဆိုးတော်လေးတွေများ ဆက်သဖို့အကြောင်းမမြင်ဘူးလားကွယ်ရို့ ) …. စဉ်းစားကြည့် ၊ ဒါကြီးက ဘယ်လိုမှ မဖြစ်နိုင်တော့ အမတ်တွေလဲ အသာ နှာစေးနေရတာပေါ့ ။ ဒါပေမဲ့ အကြိမ်ကြိမ် ဘုရင် ညည်းညူလာတော့ (နားကြားပြင်းကတ်/မနေသာ)တဲ့ ချွန်တွန်းအမတ်တပါးက ဘုရင်ကို ဂျင်းအကြီးကြီးကျွေးဖို့ ကြံတယ် ။ ( မှန်လှပါဘုရား ၊ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးကြီး ဂါထာမန္တာန်အစွမ်းနဲ့ နတ်တို့နဲ့ ညှိနှိုင်းပြီး နတ်ဝတ် ပုဆိုး အလှုခံထွက်ပါ့မယ် ။ သည်းခံတော်မူပါဘုရား ) လို့ လျှောက်သတဲ့ ။
 ဒီလိုနဲ့ အချိန်အခါ ကျရောက်လာချိန်မှာ အမတ်က ဘုရင်ကိုတိတ်တိတ်ခေါ် ၊ အစီအရင်ဘာညာတွေနဲ့ ကျကျနနလုပ်ပြီး  မင်းကြီးကိုလျှောက်တယ် ။ ( တန်ခိုး အရောင် ၊ မညှိုးပြောင်တဲ့ ဘဝရှင်မင်းတြားကြီး ဘုန်းတော်ကြောင့် နတ်ပြည်မှာ ဖြစ်သော (နတ်ဝတ်ပုဆိုး တိမ်မီးခိုး) ပုဆိုးတော်ကို ဘုရားကျွန်တော်မျိုး ရလာပါပြီ ။ တခုရှိတာက ဒီပုဆိုးတော်ဟာ ဘုန်းတန်ခိုးရှိသူတွေသာ မြင်နိုင်တဲ့ အရာမို့ - ဘုန်းမရှိ ၊ တန်းမဝင် ၊ မဲရှုံး အောက်တန်းစားတွေ မမြင်နိုင်တာကို သည်းခံပေးတော်မူပါ အရှင်ဘုရား ) လို့ လျှောက်ပြီးတော့ ….. ဘုရင့် ဝတ်လဲတော်တွေ အကုန် ချွတ်ချလိုက်တယ် ။
( ဘုရင်-ဖင်ပြောင်ကြီးပေါ့ )
 ပြီးတော့ -    ဥုံ-ဟရီဟရီ .. သျှရီ..သျှရာ … ဘာညာပေါ့လေ (ပေါက်ကရတွေရွတ်ပြီး) ဒီအတိုင်း လွှတ်ထဲ့လိုက်တယ် ။ ဘုရင်လဲ အဟုတ်မှတ် ၊ ညီလာခံဝင်မယ်လုပ်တော့ အမတ်က ကျန်အမတ်တွေ သွားစည်းရုံးတယ် ။ ( ဝန်မင်းတို့ ၊ ဒီကိစ္စ ပေါ့သေးသေး မမှတ်နဲ့ ၊ ဒါ နိုင်ငံရေးပါတယ် ၊ ကြည့်နေ၊ကြည့်စား ၊ တော်ကြာ (၆၆ဃ) အဲ ခြောက်ပေါက်မိသွားမယ် ။ ခု ဘုရင် ( နတ်ဝတ်ပုဆိုး တိမ်မီးခိုး ) ဝတ်လာပြီ ။ ခင်ဗျားတို့ ဘုန်းရှိမှ အဲဒါကိုမြင်မှာ ၊ ဘုန်းမရှိရင်တော့ ဟင်းဟင်းဟင်း )
ဒီလိုနဲ့ ( ဖင်ပြောင် ဘုရင်ကြီး ) နန်းတွင်းဝင်လာတော့ ညီလာခံအမတ်တွေက - ( ဟာ … ဟယ် … တို့ဘုရင်ကြီး ဘုန်းတန်ခိုးကြီးမားလိုက်တာ ကမ္ဘာတင်မက နတ်ပြည်ကတောင် ခြီးမြှောက်ရရှာတဲ့ လှလိုက်တဲ့ နတ်ဝတ်ပုဆိုး တိမ်မီးခိုး …. ဘာညာ ) နဲ့ ဘုန်းတော်ဘွဲ့တွေ ရေးလိုက်တာ စာရွက်မလောက်လို့ အမေရိကန်ကတောင် မှာယူရသတဲ့ ။
ဘုရင်လဲ ရွှေဘောတော်အလွန်ကျ ၊ ဂုဏ်လောဘက တက်လာတော့ ဒီညီလာခံအမတ်စုတ်တွေ သိနေရုံနဲ့ မပြီး ၊ ငါ့ဘုန်းတန်ခိုးကို တိုင်းသူပြည်သားတွေပါ သိရအောင် တိုင်းခန်းလှည့်လည်တော်မူမယ် ၊ ( ဝန်မင်းတို့စီစဉ်ဗျား ) ဆိုတော့ အမတ်တွေ ချွေးပြန်ရော ။ ဘာရမလဲ ချွန်တွန်းအမတ်ငနီလေ - ဝန်မင်းတို့ ဘာမှမပူနဲ့ ၊ ကျနော်ပြောတဲ့အတိုင်းသာ တိုင်းပြည်ကို ကြေညာမောင်းခတ် အယုံသွင်းထား ၊ အယုံမလွယ်တဲ့ ပညာတတ်အမျိုးသားရေးကောင်တွေကို ထောင်ထဲ ခဏထဲ့ပြီးထိန်းထား ဆိုပြီး - အစီအစဉ်အတိုင်း ( တိုင်းသူပြည်သား လဒူအများတို့လေး - ဘုန်းဘုရားတန်ခိုးတော်ကြောင့် နတ်ပြည်က ကျိုးနွံဆက်သသော နတ်ဝတ်ပုဆိုးတိမ်မီးခိုး ပုဆိုးတော်ဖြင့် ဘဝရှင်မင်းတြားကြီး တိုင်ခန်းလှည့်လည်တော် မူမည် ။ အသင်တို့ ဘုန်းတန်ခိုးရှိမှ ဖူးမြင်ခွင့်ရမှာမို့  ဘုန်းမရှိ၊ကံမရှိ၊ဖွတ်ကျား၊အပေအတေများ လွတ်ရာရှောင်ထားကြရန် ထီးဘုရားအမိန့်တော် - ဒူဟူဟူ… ) ………
အဲလိုနဲ့ ဘုရင်လဲ တိုင်းခန်းလှည့် ၊ တိုင်းသူပြည်သားတွေ လမ်းဘေးက ဒူးတုတ်ခစား … မင်္ဂလာဆင်တော်ပေါ်က ဘုရင် ကို မြင်တော့ ကလေးတယောက်က ( ဟာ - ဖင်ပြောင်…) အမေက သားပါးစပ်ပိတ် ၊ ( သေနာလေး ၊ တဆွေလုံး တမျိုးလုံး ခေါင်းပြုတ်သွားချင်လား ) စသဖြင့်ပေါ့လေ ၊ တပြည်လုံးလဲ (တရုတ်လို) ဝမ်စွေ့ဝမ်စွေ့ဝမ်းဝမ်းစွေ့ ၊ (ကိုရီးယားလို) မန်ဆယ်…မန်ဆယ်…မန်မန်ဆယ်… စသဖြင့် ဆူညံစည်ကားလို့ပေါ့ ။
အဲ - ဖြစ်ချင်တော့ ဈေးထဲအဖြတ် - ရွာသာကြီးက ထောင်ဖောက်ထွက်လာတဲ့ အရူးတယောက်က မြင်လဲသွားရော -  ဆင်ပေါ်ကဘုရင်ကိုရော ၊ ပရိတ်သတ်ကိုရော လက်ညှိုးငေါက်ငေါက်ထိုးပြီး - ( ဟားဟားဟား - စောက်ရူးတွေ ၊ စောက်ပေါတွေ ၊ ဘာ နတ်ဝတ်ပုဆိုးလဲ ၊ ဘာတိမ်မီးခိုးလဲ ၊ ဟိုမှာကြည့် - ဘုရင် ဖင်ပြောင်ကြီး ၊ ဘုရင် ဖင်ပြောင်ကြီး ) အဲဒီလို အော်ဟစ်၊ကခုန် ၊ ကလေးတွေလဲဝိုင်းလာကြ ၊ တော်တော် ရုတ်ရုတ်သဲသဲဖြစ် ၊ ဘုရင်လဲ သောက်ရှက်တေကွဲပြီး ပြန်ခေါက်ရတော့တယ် ။ အဲဒီကစ ချွန်တွန်းအမတ်ငနီလဲ ဘယ်ပျောက်သွားမှန်းကိုမသိ ၊ ဘုရင်လဲ အပြင်မထွက်တော့ ဘူးတဲ့ ။
နိဂုံး
ကျနော်တို့တိုင်းပြည် ၊ ကျနော်တို့ဘာသာသာသနာကို စော်ကားချင်တာနဲ့ ဟီရိသြတ္တပ္ပ မရှိ ၊ ကလေးလောက်မှ စည်းကမ်းမလိုက်နာပဲ ခွာရာတိုင်း၊စတန့်ထွင်ချင်တဲ့ ဒေါက်ဖိနပ်အာဏာရှင်ကြီး ကို တခု သတိပေးပါရစေ ။
ငါဘုရင်မ လို့ မာနကြီးတခွဲသားနဲ့ လူကြားထဲလျှောက်သွားချင်ရင် - ဟိုဘုရင်ကြီးလို (နတ်ဝတ်ပုဆိုးတိမ်မီးခိုး) လုံချည်ကြီးတော့ ( ပြောင်ပြောင်ကြီး ) ဝတ်မလာပါနဲ့ဗျာ ။

( ဝီမံသာ )

No comments:

Post a Comment