Monday, May 27, 2019

( ဖြေသိမ့်လိုက် )


တဏှာ၊ရာဂ နဲ့ စပ်တဲ့ အချစ်/အမုန်းသံယောဇဉ်ဟာ ပုထုဇဉ် မပြောနဲ့ အရိယာအငယ် သောတာပန်မှာတောင် မကင်းနိုင် ကြပါဘူး ။ ( သောတာပန် ဝိသာခါ - သူ့မြေးမလေးသေတော့ ငိုတာ - ပေမတဏှာ သံယောဇဉ်ကြောင့်ပါ ) ။ သကဒါဂါမ် အဆင့်မှာတောင် ရာဂ၊ဒေါသ၊မောဟတွေ ပါးလှပ်သွားရုံပဲ ရှိသေးလို့  သုဂတိ (၁)ဘဝအထက် နဲ့ (၇)ဘဝအောက် ကျင်လည်ကြရပါသေးတယ် ။ အနာဂါမ်အဆင့်ရောက်မှ (အနုသယ မာနကလွဲပြီး)ရာဂ၊ဒေါသ၊မောဟတွေ အကုန် (အမြစ်ပြတ်)သွားလို့ လင်မယားလို နေလို့မရ ၊ သေပြီးနောက် ဗြဟ္မာပြည်မှတဆင့် တိုက်ရိုက်နိဗ္ဗာန်ဝင်ကြတာပါ ။

တဏှာရာဂ ဆိုလို့ အများသိ ရာဂအကြမ်းစား(အထိအတွေ့လောက်ကိုပဲ) အချစ်ထင်နေကြလား ။  ကာမတဏှာထဲမှာတောင် အမြင် ၊ အကြား ၊ အသံ ၊ အနံ့ ၊ အတွေ့ ၊ စိတ်ကူး (အာရုံခြောက်ပါးစွဲလမ်းမှု) ရှိပါတယ် ။ သူ့အရေး ၊ သူ့အတွေးက တဆင့် သူ့ကို သံယောဇဉ်ဖြစ်မိတယ် ဆိုတာမျိုးတွေက စိတ်စွဲ (ဓမ္မာရုံတဏှာ)ပါပဲ ။ 

နောက် လာသေးတဲ့ အကြီး(၂)ခု -
ဘဝတဏှာ - မိမိကိုယ်ကို (မိမိဂုဏ်ကို) ချစ်လို့၊တန်ဖိုးထားလို့ ထိန်းချုပ်ထားကြတာ (ဆန္ဒကိုသိက္ခာနဲ့ထိမ်း) ဆိုတာမျိုး ၊
ဝိဘဝတဏှာ - နောက်ဘဝကောင်းစားရေး လိုလားပြီး ဒီဘဝမှာ ချိုးခြံတဲ့အကျင့်ကို ကျင့်ကြတာ ။

ပုထုဇဉ်မှာ တဏှာကင်းနိုင်သူ ရှိပါတယ် ဆိုရင် - အဲဒါ - ညာတာပဲ ။ ဟန်ဆောင်ထိန်းချုပ်ထားတာပဲ ။ ကောင်းကင်မှာ ဈာန်ပျံနေတဲ့ ရသေ့ကြီးတောင် - မြေပြင်က မိဖုရားအလှကို လှစ်ခနဲမြင်လိုက်ချိန် (အနုသယ၊ထိန်းချုပ်ထားတဲ့) ရာဂတဏှာပိုး ထကြွပြီး ဈာန်အဘိဥာဉ်ပျောက် ၊ မြေပေါ်ပြုတ်ကျ ၊ မိဖုရားကို မဖွယ်မရာပြုမိခဲ့တာ ၊ နောက်မှ သံဝေဂဥာဏ်ဝင်ပြီး လူတွေနဲ့ဝေးရာ တောနက်ထဲကို အပြီးကြွသွားခဲ့ရတာ သာဓကပါပဲ ။

( ယောက်ျားကောင်း မောင်းမတထောင် ၊ ရီးစားတထောင် လင်ကောင်တယောက် ) တဲ့ ။
ပုထုဇဉ်သဘာဝကို ဗြောင်ဖော်ပြလိုက်တဲ့ (ခပ်ကြမ်းကြမ်း)စကားပုံတွေပါပဲ ။
လောကလွတ်မြောက်ရေး(နိဗ္ဗာန်တရား) အားထုတ်နေသူဆိုရင်တော့ ထားပါတော့ ၊
ဒီလိုမဟုတ်ပဲ သာမန်ပုထုဇဉ်ဆိုရင်တော့ ဟိုမရောက်ဒီမရောက် (ငြိမ်းအေးယောင်ဆောင်)နေမဲ့အစား
လောကတိုးပွားကြောင်းကို (ပုထုဇဉ်သဘာဝ)သူများနည်းတူ လုပ်နိုင်ရမှာပေါ့ ။

ဒီစာ ရေးလိုက်ရတာကိုက - - -
သူများဘာသာတွေ - မိန်းမ(၄)ယောက် အနဲဆုံးယူပြီး
လူဦးရေတိုးပွားရေး ၊ သူ့ဘာသာဝင်တိုးပွားရေး လုပ်နေကြချိန်
တို့ဘာသာဝင် မြင့်မြတ်သူကြီးတွေကတော့ -
ဟန်မဆောင်တတ်သူ ကိုယ့်လူချင်းတော့ အယုတ်တမာထင် ၊
ကိုယ်ကျ (တဏှာမစင်ပဲ) အဖြူလို သန့်ပြချင်နေရင်တော့ -
လူအလစ်ကျမှ(အင်အားမမျှမှ) ငမဲအစားခံရမဲ့ ကံကြမ္မာ ၊
မလွှဲသာ၊မရှောင်သာ ၊ မလိုချင်ပဲ တွေ့ကြုံလာမှ
မျက်ရည်ဒူးခ နှောင်းနောင်တနဲ့ ဖြေသိမ့်လိုက်ကြပါတော့လို့
- - - ပြောပြချင်ရုံမှတပါး အခြားမရှိပြီ ။
Crd; ……….
…………………………………………………….

Tuesday, May 21, 2019

ဒီမိုနာ


ရမ်းမယုံဖို့ အကြောင်းဆယ်ပါးကို ပြဆိုပြီး  ကိုယ်တိုင်သိသော အသိဖြင့် မကောင်းမှုကို ရှောင် ၊ ကောင်းမှုကို ဆောင်ဖို့ တိုက်တွန်းလိုက်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ ( ကေသမုတ္တိသုတ်(ဝါ)ကာလာမသုတ္တံ ) ဟာ ကမ္ဘာပေါ်မှာ လွတ်လပ်မှု အရှိဆုံး ၊ ပွင့်လင်းမြင်သာမှု အရှိဆုံး ဖြစ်တဲ့အပြင် အစမ်းသပ်ခံနိုင်ဆုံး တရားတော်ကြီးဖြစ်ပြီး ဒီမိုကရေစီ လူနေမှုစံနစ်ရဲ့ စံပြ ၊ အလင်းရောင် ၊ မီးရှုးတန်ဆောင်တရားတော်ကြီးလဲ ဖြစ်ပါတယ် ။ 

ငါ့ဘုရားမှ ငါ့ဘုရားလို့ အတ္တဝါဒထွန်းကားတဲ့ ခေတ်ကြီးမှာ ဘယ်ဘာသာအယူမှာမှ မရှိတဲ့ အရည်အသွေးပါ ။ 

ဘာသာကြီးတခုဆို ငါတို့ဘုရားသာအမှန် ၊ ငါတို့ဘာသာကြီးသာ တကမ္ဘာလုံးရဲ့ဘာသာကြီးဖြစ်ရမယ် ဆိုပြီး တို့ဘုရားကိုမယုံကြည်တဲ့ ဘာသာခြား ( ကာရ်ဖိ ) တွေကို လည်လှီးသတ်ကြ လို့ မြှောက်ပေးတဲ့အထိ လူမဆန် ၊ အတ္တကြီး ၊ အစွန်းရောက် ၊ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ တသွေး၊တသံ၊တမိန့် ဘာသာကြီး ဖြစ်နေတာ တွေ့ရပါတယ် ။

ဒါပေမဲ့ ဝမ်းနဲစရာကောင်းတာက ယနေ့မြန်မာပြည် ကြုံနေရတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ ဒီမိုကရေစီအဆန်ဆုံး ဗုဒ္ဓဘာသာကြီးက ( မြန်မာပြည်ထောင်စုတိုင်းရင်းသားအများစု ကိုးကွယ်ရာဖြစ်ပါလျက်နဲ့ ) မတရားဖိနှိပ် ၊ ဖျက်ဆီး ၊ ချိုးဖဲ့ ၊ စော်ကားခံနေရပြီး ၊ အတ္တကြီးလွန်းတဲ့ တသွေး၊တသံ၊တမိန့် ဘာသာကြီးက အရေးပေးခံ နေရတာ ၊ နေရာယူလွန်းလာတာပါပဲ ။ 

ပိုဆိုးတဲ့ နာကျည်းစရာတချက်က
(တချို့ဘုန်းကြီးတွေအပါအဝင်) ဗုဒ္ဓဘာသာဝင် ဆိုသူတွေကိုယ်တိုင်က ဗုဒ္ဓရဲ့ ကာလာမသုတ် တရားတော်လာ အနှစ်သာရတွေကို နားမလည်ပဲ (ကမ္ဘာကျော်ဆုများရှင်) ဆိုတဲ့ အဘွားကြီးတယောက်ရဲ့ စကားမှန်သမျှကို မျက်စိစုံမှိတ် ယုံကြည်နေကြပြီး ဗုဒ္ဓကို စော်ကားလိုစော်ကား ၊ ဓမ္မကို ပုံဖျက်လိုဖျက် ( ကိုယ်ကျ ၅ပါးမလုံပဲ ၂၂၇သွယ်ကို သွားလက်ညှိုးထိုးတာ ) ၊ သံဃာကို ဂိုဏ်းဂဏခွဲ စော်ကားချင်တိုင်းစော်ကား ( ကန်တော့ပါရဲ့ ) --- ( တို့ပါတီထောက်ခံ သံဃာအစစ် ၊ တို့ပါတီမထောက်ခံ - ဖန်ဂတုံး ) အဲလို အောက်တန်းကျ ယုတ်ညံ့တဲ့ ငရဲအလုပ်တွေကို လုပ်နေကြတာ ၊ 

ကိုယ့်ကို (ကာဖိရ်)လို့ သဘောထား ၊ အချိန်တန်လည်ဖြတ်ဖို့ ဘုရားကျောင်းမှာ ဓါးသွေး ၊ အပြင်မှာတော့ မျက်ရည်ချူ ၊ သူတော်ကောင်းယောင် ဆောင်ပြီး ဟန်ဆောင်မိတ်ဆွေဖွဲ့နေသူတွေကို အညှာလွယ်လွန်းစွာ နှင်းဆီဖြူတွေပေး ၊ ငြိမ်းချမ်းရေးအယောင်ပြပြီး ခြင်ထောင်ထဲကမထွက်ချင်တဲ့ တဏှာရမ္မက်သမီးပျိုတွေက သာသနာကို အားရပါးရဖျက်ဆီးနေကြတာ ရင်နာလို့မဆုံးလောက်အောင် ခံစားနေရပါတယ် ။

ဒီမှာဗျာ - ဗုဒ္ဓဘာသာမြန်မာတွေ ၊ ခင်ဗျားတို့အဘွားကြီးပြောနေကျအတိုင်း ကမ္ဘာကြည့် ကြည့်ပေးကြပါခင်ဗျာ ။ 
၂၀၁၀ မြန်မာပြည် ဒီမိုကရေစီအပြောင်းအလဲဟာ ကမ္ဘာကအသိအမှတ်ပြုရလောက်အောင် သိမ်မွေ့ညင်သာ ခဲ့ရတဲ့ အကြောင်းရင်းက မြန်မာအများစု ကိုးကွယ်ယုံကြည်တဲ့ ဟောဒီ ထေရဝါဒဗုဒ္ဓဘာသာက ဒီမိုကရေစီနဲ့ ထိုက်တန်ခဲ့လို့ပေါ့ဗျာ ။ ခေတ်ပြိုင်အပြောင်းအလဲတွေ ကြည့် ကြည့်လိုက် ၊ ဒီမိုကရေစီ နဲ့ မထိုက်တန်တဲ့ တသွေး၊တသံ၊တမိန့် ဘာသာကြီးရဲ့ ( အာရပ်နွေဦးအစ - အီဂျစ်မှသည် ဆီးရီးယားအဆုံး ) စစ်မီးလျှံ ဟုန်းဟုန်းတောက်နေတာ ခင်ဗျားတို့ မမြင်ကြဘူးလားဗျာ ။

ဒါကို ခင်ဗျားတို့အဘွားကြီးလက်ထက်ကျမှ ဒီမိုကရေစီဘာသာကြီး အစော်ကားခံရ ၊ ဂျီဟတ်တွေ ရှေ့တိုး လာကြ ၊ ခင်ဗျားတို့ကတော့ ပန်းလေးပေးပြီး လာပါ ၊ ယူပါ ၊ လူကိုမြိုပါ ၊ ဘာသာကိုဖျက်ပါ ၊ လူမျိုးပါဖျောက် လိုက်ပါလို့ တဏှာမာန်နဲ့ (ကိုယ့်ဘာသာကိုယ်) ရန်ဖက်တွေ လုပ်နေကြမယ်ဆိုရင်တော့ - - - -

သေမှ ငရဲကျမှာဆိုပေမဲ့ ၊ ငရဲမရောက်ခင် - ( ဒီမိုနာ ) ဆိုတဲ့ အာရပ်နွေဦးလို လောကငရဲကြီးတွေ ခင်ဗျားတို့ အရှင်လတ်လတ် ကိုယ်တိုင်ခံစားရလိမ့်မယ် ဆိုတာ ----- ( လွန်ခဲ့တဲ့ ၃နှစ်ကျော်ကတဲက သတိပေးခဲ့ပေမဲ့ လက်မခံတဲ့ ခင်ဗျားတို့အတွက် ) အတတ်ဟော နိမိတ်ကြီးပဲလို့ သာသနာစောင့် လောကပါလနတ်မင်းကြီး တွေကို တိုင်တည်ပြီး ရဲရဲကြီးပြောလိုက်ပါတယ် ။

( ဝီမံသာ )

မှတ်ချက် ။ ဘုရားစူး ၊ မိုးကြိုးပစ်ကို မယုံလို့ စမ်းကြည့်ချင်သူ အနီကြောင်သာသနာဖျက်များအတွက် …



Tuesday, May 14, 2019

နတ်ဝတ်ပုဆိုး တိမ်မီးခိုး


မပြောချင်ပေမဲ့ အမှန်တရားကိုတော့ ပြောရဦးမယ် ။
၁ ။
ပုံထဲက ဒီကလေးမလေးတောင် ဘာသာဓလေ့ထုံးတမ်းစဉ်လာ စည်းကမ်းတွေကို လိုက်နာနိုင်သေးတယ် ဆိုရင် ဟိုမိန်းမကြီးက ဘာလို့ မလိုက်နာနိုင်ရတာလဲ ။ ( ဒီကလေးမလေး လောက်မှ အသိတရားမရှိ ၊ ယဉ်ကျေးမှုမသိတာလား ) ။
ဒါမှမဟုတ် -ငါက အာဏာအရှိဆုံး ၊ ငါက ကမ္ဘာကျော်ဆုများရှင် ၊ ငါက လူထုခေါင်းဆောင် ၊ ငါက .. ငါက .. ငါက .. နဲ့ (ငါ)မာန်တွေ ဖြန်းဖြန်းထနေလို့ အသိတရားကင်းမဲ့ ၊ အရှက်အကြောက်ကင်းမဲ့စွာနဲ့ ရပ်ကွက်ထဲက ထောင်ထွက် အရက်သမား လူရမ်းကားလို ( ဘယ်ကောင်မှ လူမထင်ဘူးကွ ၊ ငါ့ဟာငါ လုပ်ချင်ရာလုပ်တာ ယိဖြစ်လား ) ဆိုတဲ့ အချိုးမျိုးနဲ့ လူမျိုးတစုရဲ့ ဘာသာယုံကြည်ချက် ၊ အထွဋ်အမြတ်ထားရာတွေကို ချိုးဖဲ့စော်ကား ငါကြွားချင်တာလား ။
၂ ။
ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးမှ ဖြစ်တဲ့ ဗုဒ္ဓရဲ့ ဓါတ်တော်၊မွေတော် ကိန်းဝပ်ရာ အထွဋ်အမြတ်နေရာတွေကို (အမျိုးသမီးမဝင်ရ) လို့ ဘုရားဟောအတိအကျမရှိနိုင်ပေမဲ့ ဟောသလိုဖြစ်တဲ့ ဖြစ်ရပ်တွေ ၊ ပညတ်တွေ ရှိခဲ့တယ် ။
(၁) ဘိက္ခူနီသာသနာကို လွယ်လွယ်ခွင့်မပြုခဲ့ဘူး ။ အမေအရင်းလို ကျေးဇူးရှိတဲ့ မိထွေးတော်ဂေါတမီ အကြိမ်ကြိမ် တောင်းဆိုတော့မှ ခြွင်းချက်တွေနဲ့ ခွင့်ပြုခဲ့တာ ။ ဥပမာ ဘိက္ခူနီရဟန်းမဟာ သံဃာတော်နဲ့ တတန်းထဲထိုင် ဆွမ်းမဘုဉ်း ရဘူး စသဖြင့် … ။
(၂) မာတုဂါမ လုံခြည်နဲ့ သံဃာတော်သင်္ဃန်း ထိရင် - ဂီလာနပြုစုတာမဟုတ်ရင် အာပတ်သင့်တယ် - (ချိတ်ထမိန် ကိုယ်တော်လေးသိသင့်တယ်) ၊ မာတုဂါမ(မိန်းမ)နဲ့ တမိုးအောက်အတူအိပ်ရင် အာပတ်သင့်တယ် စသဖြင့်ပေါ့ ။
ဘုရားသားတော်သံဃာတော်တွေအနားကိုတောင် မာတုဂါမ ကပ်ခွင့်မရ ၊ သီလရှင်တောင် လယ်ဗယ်တူ ထိုင်ခွင့် မရ လို့ ပညတ်ခဲ့တာ ၊ ဗုဒ္ဓရဲ့ ဓါတ်တော်၊မွေတော် ကိန်းဝပ်ရာ အထွဋ်အမြတ်နေရာတွေကို (အမျိုးသမီးမဝင်ရ) လို့ သတ်မှတ် ထားရင် သမ္မတကတော်လဲ မဝင်ရဲဘူး ၊ သီလရှင်တောင် မဝင်နိုင်ဘူး ၊ ယုတ်စွအဆုံး သူတောင်းစားမ ၊ ပြည့်တန်ဆာမ တောင် မဝင်ကြဘူး ဆိုတော့ - ဝင်တဲ့ မိန်းမကြီးက ပြည့်တန်ဆာမ လောက်မှ သောက်ဆင့်မရှိလို့လား လို့ မေးစရာ ဖြစ်နေပြီ ။ ( ဘာလဲ - ဗုဒ္ဓက ကျား/မ ခွဲခြားတယ် ပြောချင်တာလား ) –
ကဲ - ဖြေပါဦး - လောကမှာ/ကမ္ဘာမှာ - - ခရစ်ယာန် မိန်းမဘုရားသခင်ရှိဖူးလား ၊ ခရစ်ယာန် မိန်းမတမန်တော်ရှိဖူးလား ။ ကဲ - ဖြေပါဦး - လောကမှာ/ကမ္ဘာမှာ - - အစ္စလာမ် မိန်းမဘုရားသခင်ရှိဖူးလား ၊ အစ္စလာမ် မိန်းမတမန်တော်ရှိဖူးလား ။ ….. (ယောက်ျားနဲ့ခွာရာခြင်းသိပ်တိုင်းချင်ရင်) မက္ကာကိုသွား ၊ အမျိုးသမီးမဝင်ရတဲ့ အထွဋ်အမြတ်ဗလီထဲကို ဝင်ကြည့် ။ တချက်ထဲနဲ့ ဇက်ပြုတ်သွားရင် ကံအလွန်ကောင်းတယ်လို့မှတ် ၊ ကျောက်ခဲနဲ့ပေါက်သတ်တဲ့ ဓလေ့က ဘာလဲဆိုတာ သိချင်ရင်တော့ စမ်းကြည့်ကြပေါ့ ။
၃ ။
ဒီဆောင်းပါး ခေါင်းစဉ်က အကြောင်းမဲ့ တပ်ခဲ့တာ မဟုတ် ၊ ဒီနေ့ ဒီလိုဖြစ်ရပ်တွေ မြင်နေ၊ကြားနေရတော့ ပုံပြင်တပုဒ် သွားသတိရတယ် ။
တခါတုန်းက အင်မတန် အမြှောက်ကြိုက်ပြီး စတန့်ထွင်ချင်တဲ့ ငကြွားဘုရင်တပါး ရှိခဲ့တယ် ။ သူဟာ တနေ့တမျိုး မရိုးရအောင် အကောင်းဆုံးအဝတ်အစားတွေ ၊ ရွှေထည် ၊ ပိုးထည် ပုဆိုးတွေ ထည်လဲဝတ်ပြီး တောက်ပ မော်ကြွား ရတာ အလွန်ကြိုက်တယ် ။ ဒီလိုနဲ့ ကြာလာတော့ တနေ့မှာ ဘုရင် ညည်းရှာတယ် ။ ( အိမ်း - ငါကိုယ်တော် ဘုန်းတန်ခိုးတွေ ညှိုးရှာပြီလား မောင်မင်းတို့ ၊ ( တခါလာလဲ မဲပြာပုဆိုး )၂ ၊ ဒီ လူလုပ်ပုဆိုးတွေနဲ့ ငါကိုယ်တော် သွားနေ ရတာ ငြီးငွေ့လှပြီ ။ နတ်တို့ဖန်တဲ့ ဝတ်လဲတော်၊ပုဆိုးတော်လေးတွေများ ဆက်သဖို့အကြောင်းမမြင်ဘူးလားကွယ်ရို့ ) …. စဉ်းစားကြည့် ၊ ဒါကြီးက ဘယ်လိုမှ မဖြစ်နိုင်တော့ အမတ်တွေလဲ အသာ နှာစေးနေရတာပေါ့ ။ ဒါပေမဲ့ အကြိမ်ကြိမ် ဘုရင် ညည်းညူလာတော့ (နားကြားပြင်းကတ်/မနေသာ)တဲ့ ချွန်တွန်းအမတ်တပါးက ဘုရင်ကို ဂျင်းအကြီးကြီးကျွေးဖို့ ကြံတယ် ။ ( မှန်လှပါဘုရား ၊ ဘုန်းတော်ကြောင့် ကျွန်တော်မျိုးကြီး ဂါထာမန္တာန်အစွမ်းနဲ့ နတ်တို့နဲ့ ညှိနှိုင်းပြီး နတ်ဝတ် ပုဆိုး အလှုခံထွက်ပါ့မယ် ။ သည်းခံတော်မူပါဘုရား ) လို့ လျှောက်သတဲ့ ။
 ဒီလိုနဲ့ အချိန်အခါ ကျရောက်လာချိန်မှာ အမတ်က ဘုရင်ကိုတိတ်တိတ်ခေါ် ၊ အစီအရင်ဘာညာတွေနဲ့ ကျကျနနလုပ်ပြီး  မင်းကြီးကိုလျှောက်တယ် ။ ( တန်ခိုး အရောင် ၊ မညှိုးပြောင်တဲ့ ဘဝရှင်မင်းတြားကြီး ဘုန်းတော်ကြောင့် နတ်ပြည်မှာ ဖြစ်သော (နတ်ဝတ်ပုဆိုး တိမ်မီးခိုး) ပုဆိုးတော်ကို ဘုရားကျွန်တော်မျိုး ရလာပါပြီ ။ တခုရှိတာက ဒီပုဆိုးတော်ဟာ ဘုန်းတန်ခိုးရှိသူတွေသာ မြင်နိုင်တဲ့ အရာမို့ - ဘုန်းမရှိ ၊ တန်းမဝင် ၊ မဲရှုံး အောက်တန်းစားတွေ မမြင်နိုင်တာကို သည်းခံပေးတော်မူပါ အရှင်ဘုရား ) လို့ လျှောက်ပြီးတော့ ….. ဘုရင့် ဝတ်လဲတော်တွေ အကုန် ချွတ်ချလိုက်တယ် ။
( ဘုရင်-ဖင်ပြောင်ကြီးပေါ့ )
 ပြီးတော့ -    ဥုံ-ဟရီဟရီ .. သျှရီ..သျှရာ … ဘာညာပေါ့လေ (ပေါက်ကရတွေရွတ်ပြီး) ဒီအတိုင်း လွှတ်ထဲ့လိုက်တယ် ။ ဘုရင်လဲ အဟုတ်မှတ် ၊ ညီလာခံဝင်မယ်လုပ်တော့ အမတ်က ကျန်အမတ်တွေ သွားစည်းရုံးတယ် ။ ( ဝန်မင်းတို့ ၊ ဒီကိစ္စ ပေါ့သေးသေး မမှတ်နဲ့ ၊ ဒါ နိုင်ငံရေးပါတယ် ၊ ကြည့်နေ၊ကြည့်စား ၊ တော်ကြာ (၆၆ဃ) အဲ ခြောက်ပေါက်မိသွားမယ် ။ ခု ဘုရင် ( နတ်ဝတ်ပုဆိုး တိမ်မီးခိုး ) ဝတ်လာပြီ ။ ခင်ဗျားတို့ ဘုန်းရှိမှ အဲဒါကိုမြင်မှာ ၊ ဘုန်းမရှိရင်တော့ ဟင်းဟင်းဟင်း )
ဒီလိုနဲ့ ( ဖင်ပြောင် ဘုရင်ကြီး ) နန်းတွင်းဝင်လာတော့ ညီလာခံအမတ်တွေက - ( ဟာ … ဟယ် … တို့ဘုရင်ကြီး ဘုန်းတန်ခိုးကြီးမားလိုက်တာ ကမ္ဘာတင်မက နတ်ပြည်ကတောင် ခြီးမြှောက်ရရှာတဲ့ လှလိုက်တဲ့ နတ်ဝတ်ပုဆိုး တိမ်မီးခိုး …. ဘာညာ ) နဲ့ ဘုန်းတော်ဘွဲ့တွေ ရေးလိုက်တာ စာရွက်မလောက်လို့ အမေရိကန်ကတောင် မှာယူရသတဲ့ ။
ဘုရင်လဲ ရွှေဘောတော်အလွန်ကျ ၊ ဂုဏ်လောဘက တက်လာတော့ ဒီညီလာခံအမတ်စုတ်တွေ သိနေရုံနဲ့ မပြီး ၊ ငါ့ဘုန်းတန်ခိုးကို တိုင်းသူပြည်သားတွေပါ သိရအောင် တိုင်းခန်းလှည့်လည်တော်မူမယ် ၊ ( ဝန်မင်းတို့စီစဉ်ဗျား ) ဆိုတော့ အမတ်တွေ ချွေးပြန်ရော ။ ဘာရမလဲ ချွန်တွန်းအမတ်ငနီလေ - ဝန်မင်းတို့ ဘာမှမပူနဲ့ ၊ ကျနော်ပြောတဲ့အတိုင်းသာ တိုင်းပြည်ကို ကြေညာမောင်းခတ် အယုံသွင်းထား ၊ အယုံမလွယ်တဲ့ ပညာတတ်အမျိုးသားရေးကောင်တွေကို ထောင်ထဲ ခဏထဲ့ပြီးထိန်းထား ဆိုပြီး - အစီအစဉ်အတိုင်း ( တိုင်းသူပြည်သား လဒူအများတို့လေး - ဘုန်းဘုရားတန်ခိုးတော်ကြောင့် နတ်ပြည်က ကျိုးနွံဆက်သသော နတ်ဝတ်ပုဆိုးတိမ်မီးခိုး ပုဆိုးတော်ဖြင့် ဘဝရှင်မင်းတြားကြီး တိုင်ခန်းလှည့်လည်တော် မူမည် ။ အသင်တို့ ဘုန်းတန်ခိုးရှိမှ ဖူးမြင်ခွင့်ရမှာမို့  ဘုန်းမရှိ၊ကံမရှိ၊ဖွတ်ကျား၊အပေအတေများ လွတ်ရာရှောင်ထားကြရန် ထီးဘုရားအမိန့်တော် - ဒူဟူဟူ… ) ………
အဲလိုနဲ့ ဘုရင်လဲ တိုင်းခန်းလှည့် ၊ တိုင်းသူပြည်သားတွေ လမ်းဘေးက ဒူးတုတ်ခစား … မင်္ဂလာဆင်တော်ပေါ်က ဘုရင် ကို မြင်တော့ ကလေးတယောက်က ( ဟာ - ဖင်ပြောင်…) အမေက သားပါးစပ်ပိတ် ၊ ( သေနာလေး ၊ တဆွေလုံး တမျိုးလုံး ခေါင်းပြုတ်သွားချင်လား ) စသဖြင့်ပေါ့လေ ၊ တပြည်လုံးလဲ (တရုတ်လို) ဝမ်စွေ့ဝမ်စွေ့ဝမ်းဝမ်းစွေ့ ၊ (ကိုရီးယားလို) မန်ဆယ်…မန်ဆယ်…မန်မန်ဆယ်… စသဖြင့် ဆူညံစည်ကားလို့ပေါ့ ။
အဲ - ဖြစ်ချင်တော့ ဈေးထဲအဖြတ် - ရွာသာကြီးက ထောင်ဖောက်ထွက်လာတဲ့ အရူးတယောက်က မြင်လဲသွားရော -  ဆင်ပေါ်ကဘုရင်ကိုရော ၊ ပရိတ်သတ်ကိုရော လက်ညှိုးငေါက်ငေါက်ထိုးပြီး - ( ဟားဟားဟား - စောက်ရူးတွေ ၊ စောက်ပေါတွေ ၊ ဘာ နတ်ဝတ်ပုဆိုးလဲ ၊ ဘာတိမ်မီးခိုးလဲ ၊ ဟိုမှာကြည့် - ဘုရင် ဖင်ပြောင်ကြီး ၊ ဘုရင် ဖင်ပြောင်ကြီး ) အဲဒီလို အော်ဟစ်၊ကခုန် ၊ ကလေးတွေလဲဝိုင်းလာကြ ၊ တော်တော် ရုတ်ရုတ်သဲသဲဖြစ် ၊ ဘုရင်လဲ သောက်ရှက်တေကွဲပြီး ပြန်ခေါက်ရတော့တယ် ။ အဲဒီကစ ချွန်တွန်းအမတ်ငနီလဲ ဘယ်ပျောက်သွားမှန်းကိုမသိ ၊ ဘုရင်လဲ အပြင်မထွက်တော့ ဘူးတဲ့ ။
နိဂုံး
ကျနော်တို့တိုင်းပြည် ၊ ကျနော်တို့ဘာသာသာသနာကို စော်ကားချင်တာနဲ့ ဟီရိသြတ္တပ္ပ မရှိ ၊ ကလေးလောက်မှ စည်းကမ်းမလိုက်နာပဲ ခွာရာတိုင်း၊စတန့်ထွင်ချင်တဲ့ ဒေါက်ဖိနပ်အာဏာရှင်ကြီး ကို တခု သတိပေးပါရစေ ။
ငါဘုရင်မ လို့ မာနကြီးတခွဲသားနဲ့ လူကြားထဲလျှောက်သွားချင်ရင် - ဟိုဘုရင်ကြီးလို (နတ်ဝတ်ပုဆိုးတိမ်မီးခိုး) လုံချည်ကြီးတော့ ( ပြောင်ပြောင်ကြီး ) ဝတ်မလာပါနဲ့ဗျာ ။

( ဝီမံသာ )

Wednesday, April 17, 2019

ဗုဒ္ဓဘာသာ ၁ ၂ ၃ ၎


၁ ။ တခုတည်းသော လွတ်မြောက်ခြင်းတရား ၊ ၀ိမုတ္တိရသ (၀ါ) နိဗ္ဗာန် ။
မြတ်ဗုဒ္ဓဟာ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံ ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် မျှ အတိုင်းအရှည်ရှိတဲ့ တရားတွေကို ၄၅၀ါပတ်လုံး ကမ္ဘာသူကမ္ဘာသားအားလုံးကို ဟောကြားခဲ့ပေမဲ့ အဲဒီတရားအားလုံးရဲ့ တခုတည်းသောအနှစ်သာရ ၊ ဗုဒ္ဓ မြတ်စွာ ရည်ညွှန်းတဲ့ တခုတည်းသော ထွက်ပေါက် အဖြေကြီးကတော့ အလုံးစုံသောသင်္ခါရတရားတို့မှ လွတ်မြောက်ရာ ၊ ဖြစ်ခြင်း၊ပျက်ခြင်းတို့မှ ကင်းရာ၊ကုန်ရာ၊ချုပ်ရာ၊ငြိမ်းရာ ၀ိမုတ္တိရသ ၊ သန္တိသုခ ၊ မြတ်နိဗ္ဗာန်ကြီးပဲဖြစ်ပါတယ် ။ ဒါကြောင့်မို့ ဘုရားကိုတကယ်ကြည်ညိုရင် ဘုရားစကားကို တကယ်နားထောင်ရပါမယ် ။ မိမိအလှုပေးနေတာ နံမည်ကြီးဖို့ ၊ နောက် ဘ၀ ကောင်းစားဖို့ ဒီလိုရည်ရွယ်ချက်တွေအစား နိဗ္ဗာန ပစ္စယော ဟောတု နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေ လို့ ဒီလို နိဗ္ဗာန်တခုတည်းကို ရည်ညွှန်းမှသာ ဘုရားစကားနားထောင်ရာရောက်ပါမယ် ။ သားတော်ရာဟုလာ အမွေ သွား တောင်းတော့ ဘုရားဟာ လောကစည်းစိမ်အမွေကို တပြားတချပ်မှမပေး ၊ လောကုတ္တရာ နိဗ္ဗာန်အမွေကိုပဲ ပေးခဲ့တာကို ထောက်ပြီး သားတော်ရာဟုလာလိုပဲ ဘုရားစကားကို နားထောင်သင့်ပါကြောင်း ဗုဒ္ဓဘာသာဝင်/ဗုဒ္ဓဘာသာကိုလေ့လာ နေကြသော လူကောင်း၊သူကောင်းအပေါင်းတို့ ခင်ဗျာ ။
          ၂ ။  ရုပ်၊နာမ် တရားနှစ်ပါး ။ (တနည်း) ဖြစ်/ပျက် တရားနှစ်ပါး ။
ကျနော်တို့နေထိုင်တဲ့ သတ္တ၀ါလောကကြီးနဲ့ ကမ္ဘာလောကကြီးကို ကြည့်လိုက်ရင် အပြုခံ ရုပ် တရားနဲ့ ပြုလုပ်သူ (စိတ်) နာမ်တရား ဒီနှစ်ပါးပဲ ဒွန်တွဲတည်ရှိနေတာ တွေ့ရပါလိမ့်မယ် ။ အကျယ်ချဲ့လျှင် ကျမ်းတစောင်မျှဖြစ်သွားဖွယ်ရှိလို့ အများ သိသာရုံ ပြောပါမည် ။ သင်တို့ရှိ မျက်လုံးဟူသောရုပ်ကြီးက ကြည့်ချင်တယ်၊ကြည့်မယ် ဟူသော စိတ်တရားပြုပြင်ပေးမှု ဖြင့် ကြည့်ခြင်း မြင်ခြင်းဖြစ်ရသည်ကို သေချာစဉ်းစားကြည့်ပါလေ ။
တဖန် စဉ်ဆက်မပြတ်ပြုပြင်ပြောင်းလဲနေခြင်း ဟူသော သင်္ခါရလောကကြီးကိုကြည့်ပါကလဲ ဖြစ်ခြင်း(အကြောင်းစုံမှ ထ ဖြစ်လာခြင်း)တရားနဲ့ ပျက်ခြင်း(အကြောင်းကုန်သည်နှင့် ချက်ခြင်းပျောက်ပျက်သွားခြင်း)တရား ၊ ဒီနှစ်ပါးပဲ အလှည့်ကျ ဖြစ်ပျက်နေကြတာ အသေအချာကြည့်ရင် သိနိုင်ပါတယ် ။လွယ်လွယ်လေးဥပမာပေးပါ့မယ် ။ ခင်ဗျားအသက်ရှုတာ ဖြစ် လာပြီး ပျက်မသွားဘူးဆိုရင် ခင်ဗျား တသက်မှာ အသက်တခါရှုရုံနဲ့ လုံလောက်မှာပေါ့ ။ ဒီလိုမဟုတ်လို့ အကြိမ်ကြိမ်ဖြစ် ၊ အကြိမ်ကြိမ်ပျက်နေလို့ ခင်ဗျား မနားတမ်း အသက်ရှုပေးနေရတာပေါ့ ။
          ၃ ။ အမြတ်ဆုံးရတနာသုံးပါး ၊ ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ။
ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်ထွန်းပေါ်တော်မူခဲ့လို့ ဖြစ်ပျက်သံသရာထဲ တ၀ဲလည်လည် ထွက်ပေါက်မရှိ ပိတ်မိနေကြတဲ့ ကျနော်တို့ လူ၊သတ္တ၀ါတွေ လွတ်မြောက်ရာကို သိခွင့်ရကြတာပါ ။ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို လေ့လာ၊သုံးသပ်၊ပွားများအားထုတ်နိုင်ကြလို့ သံသရာဝဋ်ဆင်းရဲအပေါင်းက လွတ်မြောက်ဖို့အရေး မျှော်လင့်ချက်ရှိ လာကြတာပါ ။ ဒီတရားတော်တွေကို ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးမရှိတော့တာနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ကြာပြီးတာတောင် မပျောက်ပျက်ရလေအောင် တနပ်တည်းသောဆွမ်းကိုစား ၊ ၂၂၇သွယ်သောသိက္ခာပုဒ်တွေကိုစောင့်ထိန်းရင်း ပင်ပမ်းကြီး စွာ စောင့်ရှောက်လာတဲ့ သံဃာတော်တွေမရှိရင် ကျနော်တို့တွေ တရားမသိ၊မှောင်အတိကျနေဦးမှာပါ ။ ဒီလောက် ကျေးဇူးကြီးလှတဲ့ ဘုရား၊တရား၊သံဃာကို အမြတ်ဆုံးရတနာအဖြစ် (ဗုဒ္ဓသရဏံ၊ဓမ္မံသရဏံ၊သံဃံသရဏံ)ဂစ္ဆာမိ ခဲ့ကြတဲ့ ကျနော်တို့ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ နှစ်စဉ်ငွေကျပ်သန်းချီအကုန်ခံပြီး တောင်ပြုံးပွဲကြီးကျင်းပ ဂစ္ဆာမိ လွဲနေကြတာက တော့ အရပ်ရပ် ကမ္ဘာပေါ် ကြားလို့မတော်ပါဘူး ၊ ကြည့်လုပ်ကြပါဦးအရပ်ကတို့ရေ ။

          ၄ ။ သစ္စာလေးပါးမြတ်တရား ၊ ဒုက္ခသစ္စာ ၊ သမုဒယသစ္စာ ၊ နိဂြောဓသစ္စာ ၊ မဂ္ဂသစ္စာ ။
ဂေါတမဗုဒ္ဓဟာ သဗ္ဗညုတမြတ်စွာဘုရားရှင် အဖြစ်ကိုရပြီးတဲ့နောက် ပထမဦးဆုံး တရားဦးဓမ္မစကြာအဖြစ် ကမ္ဘာလောက ကို ဦးစွာသိစေခဲ့တဲ့တရားကတော့ သစ္စာလေးပါး အမြတ်ဆုံးတရားပါပဲ ။ ဘုရားရှင်ကိုယ်တိုင် ၀န်ခံတော်မူခဲ့တာက ဒီတရားလေးပါးကို ဟုတ်တိုင်းမှန်စွာ မသိခင်တုန်းက အကျင့်လွဲ၊အယူလွဲတွေနဲ့ ငါကိုယ်တိုင်မှားခဲ့သေးတယ် ။ ဒီတရား လေးပါး ငါ့ဥာဏ်မှာ ဟုတ်တိုင်းမှန်စွာ ထင်ရှားဖြစ်ပေါ်လာတော့မှ ဘုရားအဖြစ်ကို ရရှိပေတယ်လို့ ၀န်ခံတော်မူခဲ့ပါတယ် ။
မကျဉ်းမကျယ် အနည်းငယ်ရှင်းပါရစေ ။
ဒုက္ခသစ္စာ - ဇာတိပိဒုက္ခာ တဲ့ ။ အများစုမြင်လိုက်ကြတာက ဇာတိ မွေးဖွားခြင်းဒုက္ခ ဒီလိုဖြစ်နေတယ် ။ ဗုဒ္ဓဘုရားရှင် မြင်တော်မူတဲ့ ၊ အရိယာဖြစ်ပြီးသူတွေမြင်လိုက်ကြတဲ့ ဒုက္ခအရိယာသစ္စာက ဇာတိ အဖန်တလဲလဲဖြစ်ခြင်း ဒုက္ခပါပဲ ။ ဘာကြောင့် ဖြစ်ခြင်းကို ဒုက္ခလို့ခေါ်လဲ ၊ ဖြစ်ခြင်းမှန်သမျှပျက်ရလို့ ဒုက္ခလို့ခေါ်တာပါ ။ ဒါကို သေချာ ဝေဖန်ပိုင်းခြား သိရမှာမို့ ပရိညေယျတဗ္ဗ ပိုင်းခြားသိအပ်သောတရားလို့ ခေါ်တာပါ ။ ကျနော်တို့ တနေ့အနည်းဆုံး ထမင်းနှစ်နပ်စား နေရတယ်ဗျာ ။ နေ့တိုင်း ၊ အဲဒီအတွက်ရှာလိုက်ရတာ မောလို့ ။ ဘာလို့ တခါစားပြီး မပြီးရတာလဲ ။ စားသမျှခဏခံ ၊ ပြန်ပျက် ချီးဖြစ် ပစ်လိုက်ရတာပဲမို့ အကြိမ်ကြိမ်စားနေရတာ ။ ဒါ နေ့စဉ်ကြုံတွေ့မှုမှာ ဒုက္ခတန်းလန်းကြီးပါနေတယ် ဆိုတာ သိစေချင်လို့ ဘုရားရှင်က ဇာတိပိဒုက္ခာကို သေချာဝေဖန်ပိုင်းခြားသိကြပါလို့ အဦးဆုံးထားဟောပါတယ် ။
သမုဒယသစ္စာ - ဒုက္ခဖြစ်ကြောင်းတရားတဲ့ ။ ကျနော်တို့ ဘ၀ကိုခင်တွယ်လို့ မသေအောင် ထမင်းအကြိမ်ကြိမ်စားနေရ တာ ဒီထက်ရှင်းတာ မရှိတော့ပါဘူးနော် ။ ဒါကြောင့် ဒုက္ခဖြစ်စေတဲ့ လိုချင်မှု သမုဒယ၊လောဘ၊တဏှာကို ပဟာတဗ္ဗ ပယ်အပ်၊သတ်အပ်သောတရားလို့ ဘုရားရှင်ထောက်ပြခဲ့ပါတယ် ။
နိဂြောဓ(နိရောဓ)သစ္စာ - ဒုက္ခလွတ်ရာလွတ်ကြောင်း၊ဒုက္ခချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်တရားပါတဲ့ ။ ဖြစ်ခြင်းတွေရှိနေမှတော့ ဖြစ်ခြင်းတွေချုပ်ငြိမ်းနေတာလဲရှိရမှာပေါ့ ၊ မြတ်စွာဘုရားက ဒီလိုဖောက်ထွက်စဉ်းစားပြီး ချုပ်ငြိမ်းရာအမှန် နိရောဓသစ္စာ နိဗ္ဗာန်တရားကို သစ္ဆိကာတဗ္ဗ မျက်မှောက်ပြုအပ်သောတရားအဖြစ် သတ္တ၀ါတွေကို ထွက်ပေါက်ဖွင့်ပေးခဲ့ပါပြီ ။
မဂ္ဂသစ္စာ - ဒုက္ခငြိမ်းရာငြိမ်းကြောင်း အကျင့်တရားပါတဲ့ ။ အင်္ဂါရှစ်ပါးရှိတဲ့ ဒီအကျင့်တရား မဂ္ဂသစ္စာဟာ ဘာဝေတဗ္ဗ ပွားများအပ်တဲ့ တရားပါ ။ ဒီအကျင့်ကိုနေ့စဉ်ပွားများရွက်ဆောင်မယ်ဆိုရင် ဒုက္ခတွေဧကန်ငြိမ်းစေမယ်လို့ ဗုဒ္ဓမြတ်စွာ အာမခံတော်မူခဲ့ပါတယ် ။ မှန်သောအမြင်(သမ္မာဒိဌိ)ကိုအခြေခံလို့ မှန်စွာတွေးကြံခြင်း ၊ မှန်စွာပြောဆိုခြင်း ၊ မှန်စွာ အသက်မွေးခြင်း ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်ခြင်း ၊ မှန်သောအားထုတ်မှုရှိခြင်း ၊ မှန်သောအောက်မေ့သတိရှိခြင်း ၊ မှန်သောတည်ကြည်စူးစိုက်မှုရှိခြင်း ၊ ဆိုတဲ့ အင်္ဂါရှစ်ပါးစုံတဲ့ အရိယာမဂ္ဂင်ရှစ်ပါးကိုသာ ပွားများအပ်တယ်လို့ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့ပါတယ် ။
အားတက်စရာကောင်းတဲ့အချက်ကတော့ ဒုက္ခအရိယသစ္စာကို သေချာဝေဖန်ပိုင်းခြားပြီး သိ လိုက်ပြီဆိုတာနဲ့တပြိုင်နက် သိ၊ပယ်၊ဆိုက်၊ပွား သစ္စာလေးပါးအစုံ တပါတည်း မိမိဥာဏ်မှာ ပွင့်လင်းစွာပေါ်လာနိုင်လို့ အခါမလင့်အကျိုးပေးတဲ့ ဒီ လေးပါးသစ္စာတရားကို ဒုက္ခကစ ပိုင်းခြားသိနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် ။
                                                                                      ( ၀ီမံသာ )