Saturday, August 25, 2018
ကျေးဇူးကန်းလိုက်ပုံများ
လမ်းအထူးအဖွဲ့တခုမှာ ရှယ်ကြီး-မောင်(A) နဲ့ ၊ SAE-မောင်(B) ရှိကြတယ် ။ အဲဒီလမ်းကို AE(ကိုသစ္စာ) မရောက်ခင်တုန်းက - ရှယ်ကြီး မောင်(A)ကို ဘယ်လူကြီးမှ မယုံကြလို့ ချောင်ထိုး ထားတော့ - ရှယ်ကြီးခမျာ အိမ်မှာကုတ်ပြီး ဝပ်ရှော့လေးထောင် ၊ ကြက်လိုယက်စားနေရတယ် ။ AE(ကိုသစ္စာ) အဲဒီကိုတာဝန်ကျတယ်ဆိုတော့ လုပ်ဖော်ကိုင်ဖက်/သူငယ်ချင်းတွေအားလုံးက ရှယ်ကြီး ကို သတိထားဖို့ ၊ (ကျားသေအသက်မသွင်းဖို့) သေချာမှာခဲ့ကြတယ် ။ ကိုသစ္စာက ( အ ) တာကိုး ။
ဒါပေမဲ့ - ခေါင်းမာတဲ့ AE(ကိုသစ္စာ)က - ငါ့မှာ ငယ်သား(၂)ယောက်ရှိတယ် ၊ တန်းတူအခွင့်အရေးပေး ရမှာ ငါ့အလုပ် ဆိုပြီး - ရှယ်ကြီးကို လုပ်ငန်းခွင်ထဲ ပြန်ဆွဲခေါ်ခဲ့တယ် ။ သူ့ကို(ရှယ်ကြီးကို)မယုံတဲ့ လူကြီးတွေအားလုံးကိုတောင် အတိုက်အခံလုပ်ပြီး ရှယ်ကြီးကို ယုံကြည်ပေးခဲ့တယ် ၊ လုပ်ပိုင်ခွင့်တွေ ပေးခဲ့တယ် ။ ဒါပေမဲ့ ပထမဆုံး ပြင်ဆင်စရိတ်ထုတ်ပေးကတဲက ရှယ်ကြီးရဲ့ ဇ ကို AE သတိထားမိခဲ့ပါ တယ် ။ ကား(၂)စီး ၊ စက်(၁)စီး Bill ကျတာ ရှယ်ကြီး-မောင်(A)ကို ပေးလိုက်တယ် ၊ ဒါပေမဲ့ ကား(၂) စီးက SAE-မောင်(B)ပြင်ထားတာတွေ ။ SAEက ရှယ်ကြီးကို - ပိုတာအကုန်စားပါ ။ သူပြင်ထားတဲ့ ဘောက်ချာလေးတွေပဲ ရှင်းပေးပါလို့ ပြောတာတောင် တပြားမှ မပေးခဲ့ဘူး ။ အဲဒီကိစ္စကြောင့် SAE နဲ့ AE လူကြီးတွေနဲ့သွားတွေ့ ဂါရဝပြုရတဲ့နေရာမှာတောင် AE မျက်နှာငယ်ခဲ့ရပါသေးတယ် ။ ဒါပေမဲ့ AE က သည်းခံပေးဖို့ ပြောလို့ စကားနားထောင်တတ်တဲ့ SAE-မောင်(B)က သည်းခံခဲ့ပါတယ် ။
အဲဒီတုန်းက AE ရဲ့ အထက်အရာရှိ EE က AE ရဲ့ ကျောင်းနေဖက်သူငယ်ချင်း ၊ ရှယ်ကြီးအကြောင်း သိလို့ လုံးဝ မယုံကြည်ခဲ့တဲ့လူ ၊ ဒါပေမဲ့ လူမိုက်ကြီး AE က သူငယ်ချင်းနဲ့ ရန်အကြီးအကျယ်ဖြစ်ပြီး သူ့တပည့် ရှယ်ကြီးကို စက်ပြင်စရိတ် ထပ်ထုတ်ပေးလိုက် ပြန်တယ် ။ အဲဒီ လူယုတ်မာ ရှယ်ကြီး ဘာလုပ်လဲ သိလား ၊ စက်ပြင်ဖို့မလုပ်ပဲ ၊ သူ့အောက်က စက်ပြင်လေးတွေ မျှော်နေတာ ဂရုမစိုက်ပဲ အဲဒီ စက်ပြင်စရိတ်ကို သူ့မယားငယ်ဆီ သွားပေးခဲ့တယ် ။ (စက်ကတော့ ငုတ်တုတ်)
ဒီလောက်အထိ AE အောင့်အည်း၊သည်းခံနေရတာ ဘယ်လောက်နာမလဲ စဉ်းစားကြည့် ။ ဒါလောက်နဲ့ အားမရသေးဘူး ။ ကွင်းတာဝန်ခံကြီးနဲ့လဲ AEကို ရှေ့တင် ၊ ကာဗာလုပ်ပြီး အခွင့်အရေးယူလိုက်တာ - ဟိုက မြေတူးစက်တစီးပြင်ဖို့ အနဲဆုံး(သိန်း၆၀)ပေးလိုက်တယ် ။ ရှယ်ကြီးဆရာ AE ဘာမှမသိရ ၊ သူသိတာက အဲဒီစက်ကို အင်ဂျင်ဝိုင်စစ် နဲ့ ဆီစစ်ကလေးပဲ လဲပေးခဲ့တာ သိတယ် ။ Hydraulic Main filter လဲကွာ ဆိုတာတောင် လဲမပေးခဲ့ဘူး ။ ရသမျှသိန်း(၆၀)ကျော် - တသိန်း/နှစ်သိန်းဖိုးလောက်ပဲ စက်ထဲ ထဲ့ပြီး ကျန်တာ သူ့အိတ်ထဲ/(သူ့မယားငယ်အိတ်ထဲ) ထဲ့ခဲ့တယ် ။ ကွင်းတာဝန်ခံကြီးက ငါပေးထား တဲ့ သိန်း(၆၀)ကျော် မင်းဘာပြင်ပြီးပလဲ ၊ စက်က မထွက်သေးဘူး ဆိုတော့ ကြားက ကာဗာကြီး AE ပဲ ယက်ကန်ယက်ကန် နဲ့ အဆဲခံခဲ့ရပြန်တယ် ။ ( ဒါ နမူနာတခုပဲ ရှိသေး )
ဒီထက်(၂)ဆ (၃)ဆမက ပိုများခဲ့ပါတယ် ။ တရားမျှတမှုအတွက် ၊ အဲဒီကောင်(ရှယ်ကြီး)ကို ကာကွယ် ပေးမှုအတွက် AE လှိမ့်ခံ ခဲ့ရတာပါ ။ AE မှားတာဆိုလို့ (အပြောချိုချိုလေးနဲ့) သူကျွေးသမျှ ၊ သူတိုက် သမျှ - စားခဲ့ သောက်ခဲ့ မိတာပါပဲ ။
အခု - ရှယ်ကြီးမပြင်နိုင်တဲ့ ၊ မပြင်ခဲ့တဲ့ အဲဒီ(မြေတူးစက်)ကို AE က SAE-မောင်(B)ကို ပေးပြင်ခိုင်း တော့ - ရှယ်ကြီးက ( အဲဒါ ကျုပ်စက် ၊ ဘာလို့ ဟိုကောင့်ပြင်ခိုင်းလဲလို့ ) ရန်ထောင်လာပြီလေ ။ ( ကျုပ်လဲ၁စီးပေး ) လို့ မိုက်ကြေးခွဲလာပြီလေ ။ အရင်က သူများပြင်ပြီးသား ကားဖိုးတွေ အရှက်မရှိ ငြိမ်စား နေတုန်းကတော့ AE က ကယ်တင်ရှင် တဲ့ ။ ခုကျ (သူပစ်ထားတဲ့)သူ့စက် SAE ပေးပြင်ခိုင်းရ ကောင်းလား လို့ ရန်ထောင်ပြီး AE က မတရားဘူး တဲ့ ။ အေးပေါ့ ၊ ပြောမှာပေါ့ ၊ AE ကို ကန်ထုတ် တော့မှာပေါ့ ၊ အားကိုးအသစ်ရသွား ပြီကိုး ။ ခုလာတဲ့ ကွင်းတာဝန်ခံကြီးက သူနဲ့ (အိမ်နီးချင်း) ဘော်ဒါတွေကိုးးး ။
ကျုပ်သူငယ်ချင်းတွေကို အားနာတယ် ၊
ကျုပ်လုပ်ဖော်ကိုင်ဖက်တွေကို အားနာတယ် ၊
ကျုပ်ကို စေတနာရှိလို့ သတိပေးခဲ့ကြသူတွေကို အားနာတယ် ။
ကျုပ်က ကျားသေကို အသက်သွင်းပေးခဲ့မိတယ် ၊
ခု အဲဒီ အယုတ်တမာကျားကောင် ကျုပ်ကို ကိုက်နေပြီ ။
စိတ်ချ ၊ အဲဒီကောင် ဒဏ်ခတ်ခံရပြီး ကျားသေချင်းဆိုးနဲ့ မသေမချင်း
ရိုးသားသူတွေအတွက် ကျုပ် အသက်ရှင်နေဦးမယ်ဆိုတာ -----
(ဘုရားမှာတိုင်တည်လိုက်တယ်) ။
Credit ; ကားစီးနေတဲ့ ငယ်သား(SAE/ရှယ်ကြီး)တွေရဲ့ ကားမစီးနိုင်တဲ့ အရာရှိ
( ဝီမံသာ )
Saturday, August 18, 2018
ကိုးကွယ်မှု ပြဿနာ
ဗုဒ္ဓဘာသာဝင်တွေ
ဖတ်ကြည့်စေချင်ပါတယ် ၊ ဖတ်ပြီးတော့ မိမိကိုယ်ကို ပြန်ဆန်းစစ် ကြည့်စေချင်ပါတယ် ။
မိမိမှာ
ကိုးကွယ်၊အားထားရာအဖြစ် (ဘုရား၊တရား၊သံဃာ) ရတနာ(၃)ပါးဆိုတဲ့ သာသနာတော်ကြီး ထင်ရှား
ရှိနေပါလျက်နဲ့ - နတ်ကိုးကွယ် ၊ စုန်းကိုးကွယ် ၊ ဘိုးတော်ကိုးကွယ် ၊ မယ်တော်ကိုးကွယ်
၊ ဗေဒင်ကိုးကွယ် ၊ (နာမည်ကြီးလူပုဂ္ဂိုလ်)ကိုးကွယ် စသဖြင့် ကိုးကွယ်ရာတွေ လွဲမှားနေကြရင်တော့
- အဲဒီလူရဲ့စိတ်မှာ သာသနာ ကွယ်နေပြီ လို့ ပြောလို့ရပါတယ် ။
ဒီနေ့ခေတ်
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် လူတချို့(အတော်များများ)မှာ အဲဒီ ကိုးကွယ်မှုပြဿနာ ကြုံနေရပါပြီ
။ မြင်သာတဲ့ ဥပမာကတော့ - နိုင်ငံတော်မှာ နာမည်အကြီးဆုံး ၊ ဘွဲ့ထူး၊ဂုဏ်ထူးတွေပိုင်ရှင်
လူပုဂ္ဂိုလ်ကြီး (ကျား/မ) တဦးဦး က တဖက် ၊ သာသနာပြုဆရာတော်ကြီး/သံဃာ့ဝန်ဆောင် ဆရာတော်ကြီး/
စာချဆရာ ၊ ကျမ်းပြုဆရာတော် စတဲ့ သံဃာက တဖက် ဖြစ်နေပြီး အဲဒီနှစ်ဖက် - ဘယ်ဖက်ကိုလိုက်ကြမလဲ
ဆိုတဲ့အခါမှာ တချို့တွေဟာ နာမည်ကြီးပုဂ္ဂိုလ်ကို စွဲလမ်းလွန်ပြီး ကိုးကွယ်အားထားရာအဖြစ်
သတ်မှတ်ကာ သံဃာကို ပစ်ပယ်ကြ ၊ ကိုယ့်ပုဂ္ဂိုလ်ကို ဝေဖန်တာနဲ့ ထိုဆရာတော်၊သံဃာတော်တွေ
ဘယ်လောက်ကျေးဇူးများပစေ ၊ ဘယ်လောက် သီလ၊သမာဓိ၊သိက္ခာ ပြည့်စုံပစေ လူယုတ်မာတယောက်လိုထင်မှတ်ပြီး
စော်ကား ၊ တိုက်ခိုက် ၊ ဖိနှိပ်နေကြတာ စိတ်မကောင်းစရာအဖြစ် တွေ့မြင်နေရပါတယ် ။ ဒါဟာ
( ဒေဝဒတ်ကို ကိုးကွယ်မှားပြီး နိုင်ငံရေးလောဘအတွက် အဖေရင်းကို ရက်စက်စွာ ထောင်ချ၊သတ်ပစ်တဲ့
အဇာတသတ်လို ) အဲဒီလူတွေရဲ့ စိတ်မှာ လူပုဂ္ဂိုလ်ကိုးကွယ်မှုကြောင့် သာသနာကွယ်နေကြတဲ့ သာဓကတခုပါပဲ
။
ပိုဆိုးတာကတော့
- ရဟန်းပုဂ္ဂိုလ် သက်သက်မျှ မကတော့ပဲ သံဃာတွေ ပေါင်းစုပါဝင်နေကြတဲ့ သံဃာ့ အဖွဲ့အစည်းကြီးကိုပါ
အာဏာအလွဲသုံးပြီး ဖြိုခွဲ၊ဖျက်ဆီးနေတဲ့အထိ လုပ်လာကြတာကတော့ သူတို့ကိုယ်တိုင် သာသနာကွယ်ရုံနဲ့
အားမရ ၊ ဒီနိုင်ငံမှာ မြတ်ဗုဒ္ဓသာသနာကွယ်အောင် ဖျက်ဆီးနေတဲ့ သာသနာဖျက်တွေ ဖြစ်ကုန်ကြပြီလို့
ဝမ်းနဲစွာ တွေ့မြင်နေရပါတယ် ။
ဒါကြောင့်မို့
မိမိတို့ နေ့စဉ် ရှိခိုးပူဇော် ၊ ရွတ်ဖတ်နေတဲ့ ( ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ
၊ သံဃံသရဏံ ဂစ္ဆာမိ ) ဆိုပြီး ( ဗုဒ္ဓဘုရားကိုသာ အမြတ်ဆုံးရတနာအဖြစ် ၊ ဓမ္မတရားကိုသာ အမြတ်ဆုံးရတနာအဖြစ်
၊ သံဃ သံဃာကိုသာ အမြတ်ဆုံးရတနာအဖြစ် ကိုးကွယ်အားထားပါမည် ) လို့ ကိုယ့်ကိုယ်ကိုပေးတဲ့
ကတိသစ္စာ ကို တည်အောင် မြဲအောင် မချိုးဖောက်မိအောင် ၊ ကတိတည်သူ လူပီသသူ အဖြစ် မိမိကိုယ်ကို
လေးစားနိုင်အောင် ( လူပုဂ္ဂိုလ်ကိုးကွယ်မှု အလွဲအမှားကြီးထဲက
လွတ်အောင်ရုန်းထွက်ကြပါ ) လို့ အချိန်မီ သတိတရားရကြဖို့ တိုက်တွန်းလိုက်ပါတယ် ။
( ဝီမံသာ )
၁၉-၈-၂၀၁၈
Subscribe to:
Posts (Atom)