တနေ့မှာ လက်ျာတော်ရံ ရှင်သာရိပုတြာကိုယ်တော်မြတ်ကြီး
ဆွမ်းခံကြွတော့ နောက်ကအတူလိုက်ပါလာတဲ့ ကိုရင်လေးက - ( ကိုယ်တော့်ဝတ်ရုံ
နဲနဲစောင်းနေတယ်ဘုရား ) လို့ ဝေဖန်တော့ ရှင်သာရိပုတြာ ရဟန္တာ အရှင်သူမြတ်ကြီးက
(တင်ပါ့ဘုရား ၊ တပည့်တော်ပြင်လိုက်ပါ့မယ်ဘုရား)လို့ ကိုရင်လေးကို ရိုသေစွာ
ပြန်လျှောက်ရင်း (မဆိုစလောက်ကလေးစောင်းနေတဲ့) ဝတ်ရုံတော်သင်္ကန်းကို ပြန်ပြင် ရုံလိုက်ပါသတဲ့
။
အင်း ---
တို့ဆီမှာ တော့ - ဟို … သူတို့အမေဆိုတာကို (မှားနေလို့ မှားနေတယ်)ဆိုတာလေး
ထောက်ပြမိတာနဲ့ -
( မင်းကဘာအဆင့်ရှိလို့ ဝေဖန်တာလဲကွ ၊ မင်းကဘယ်လောက်တတ်လို့တုံးကွ ၊
မင်းက တို့အမေလို ဘာအနစ်နာခံပေးလို့လဲကွ ၊ သူ့လိုဘွဲ့တွေအများကြီးရလို့လားကွ ၊
အမေကအရိယာသူတော်ကောင်းကွ ၊ ဒုတိယဘုရားသခင်ကွ ၊ ဘာကွ .. ညာကွ ..) အလုံးကြီးတွေတပြုံကြီးနဲ့
ကိုင်ကိုင်ပေါက်ကြလွန်းလို့ …
(တနိုင်ငံလုံးစောင်းကျသွားလောက်အောင်) မှားနေတာတောင် ပြောချင်စိတ်မရှိတော့လို့
ပါးစပ်ပိတ်လိုက်ရတဲ့
ပညာရှင်တွေ တပုံကြီးပဲ ။
အဲဒီလို စိတ်ပျက်လောက်အောင် ညံ့ဖျင်းတဲ့ ဝန်းရံသူတွေကို တွေ့တော့ ဘုရားလက်ထက်က
ပုံပြင်တခု သွားသတိရမိတယ် ။
တခါတုန်းက ကုန်သည်တယောက် ပင်လယ်ခရီးထွက်ရင်း
မုန်တိုင်းမိ၊သင်္ဘောပျက်ပြီး ကျွန်းလေးတခုပေါ် သွားတင်တယ် ။ သူ့မှာ အဝတ်အစားကအစ
ဘာမှမကျန်တော့ဘူး ။ ဒါပေမဲ့ သူက အစေလက တက္ကတွန်း တွေလို မိစ္ဆာအယူ ယူတော့
ဒီကျွန်းသားတွေ အထင်ကြီးမှ ငါစားပေါက်ချောင်မယ်ဆိုပြီး ရွာသားတွေမစင်စွန့်တဲ့
မစင်တွင်းပေါ်က ကျောက်ဖျာကြီးပေါ်မှာ ကိုယ်လုံးတီးနေတယ် ။ လူရိပ်မြင်တာနဲ့
သုံးချောင်းထောက်ပြီး လက်တဖက်အပေါ်ကိုမြှောက် ပါးစပ်ဟပြီး နေတယ် ။ ပထမလူ တွေ့တော့ (
ဘယ်လိုလဲလို့ )စူးစမ်းတယ် ။ ဒိဌိကုန်သည်က - (ငါကား ကိလေသာ ကုန်ပြီးသူဖြစ်လို့
သင်လူသားတို့ရဲ့ ဝမ်းစာကိုယူပြီး မနှိပ်စက်လို ။ ဒါကြောင့် လေအဟာရနဲ့ နေအဟာရကိုပဲ
ယူပြီးနေတယ်) လို့ပြောလိုက်တယ် ။ ရွာသားငတုံးက ထူးဆန်းတာ မြင်ရတော့ ဟာ
ရဟန္တာတွေ့ပြီဆိုပြီး ကုန်း ဦးချတော့တာပဲ ။ သူတို့မှ ရဟန္တာမမြင်ဖူးတာကိုး ။
သူကစလိုက်တာ တရွာလုံး ရဟန္တာဆိုပြီး ကိုးကွယ်လိုက်ကြတာ ကျောက်ဖျာပေါ်မှာ
အစားအသောက်၊လှုဖွယ်ပစ္စည်းအပြည့်ပေါ့ ။ ငတိက ရွာသားတွေရှေ့မှာတော့ အဲဒီအတိုင်းပဲ
ခပ်တည်တည်နေ ၊ ည လူချေတိတ်မှ အစားတွေတဝကြီး ထတွယ်တော့ တာကိုး ။
တို့တိုင်းပြည်မှာလဲ အဲဒီလိုရွာသားတွေ များနေပြီလား ၊
ဘယ်နှစ်သန်းလောက်ရှိပြီလဲ ကဲ - ပြောကြည့်ကြပါဦး ။
( Vimansa ) 6-2-2018