Wednesday, February 24, 2016

ရာစုနှစ် ၊ ဂဏန်းတွဲများ နဲ့ သာသနာ



၁ ။ ဒီနှစ် - သာသနာသက္ကရာဇ် ၂၅၆၀ ထဲကိုဝင်လာပြီ ။ သကျသာကီဝင် ၊ တထာဂတ ဂေါတမဗုဒ္ဓရဲ့ သာသနာတော် နှစ် (၅၀၀၀) မှာ သက်တမ်းတ၀က်ကျော်စ ၊ (နှစ်ငါးထောင်ဆိုတာ သာသနာတော် ထင်ရှားကျယ်ပြန့်စွာ တည်နေတာ ကို ပြောတာနော်) ၊ တဦးချင်းရင်ထဲက သာသနာကတော့ (သူကိုယ်တိုင်မဖျက်သရွေ့ ဘယ်သူဖျက်လို့မှ မပျက်ပါဘူး) အဲဒီတော့ ဗုဒ္ဓသာသနာထင်ရှားကျယ်ပြန့်စွာ တည်နေဖို့ နောက်ထပ်နှစ်ပေါင်း (၂၄၄၀) ၊ ရာစုအားဖြင့် ရာစုပေါင်း (၂၄) ခု ကျော်လောက်အထိ ကျန်သေးတယ် ။ ခု ခရစ်နှစ် (၂၁)ရာစုဆိုတော့ နောက် (၄၅)ရာစု အကျော်လောက်အထိ သာသနာတော် တည်တံ့နေဦးမှာ ။ ဒါပြီးရင် ဒီကမ္ဘာမပျက်ခင် နောက်ထပ် အရိမေတ္တေယျ ဗုဒ္ဓမြတ်စွာ ဘုရားရှင် သာသနာတော်က လာဦးမှာ - - -

၂ ။ (၂၁)ရာစု ဆိုတော့ (၂၁)နဲ့ဆိုင်တဲ့ ဂဏန်းတွဲတွေ - ၉၆၆ တို့ ၊ ၈၇၆ တို့ ၊ ၇၈၆ တို့ ၊ ၆၇၈ တို့ စသဖြင့်ပေါ့လေ - ဒီဂဏန်းတွဲတွေက ဒီရာစုမှာ ကမ္ဘာအ၀ှန်း ထင်ရှားဦးမှာ ၊ ခုတောင် တချို့နေရာတွေမှာ အုံးအုံးကျက်ကျက် ၊ ပွက်လောရိုက်လို့ (စစ် ၊ အကြမ်းဖက်မှု ၊ သေခြင်းတရား) ဒီမီးတွေကမ္ဘာမှာလောင်မြိုက် ၊ - - - ကမ္ဘာကြီးနှလုံးခုန်သံ ရပ်လုမတတ် ဖြစ်အပြီး - ပြန်လည်ရှင်သန်လာချိန် (၂၂)ရာစုရောက်ရင်တော့ ဒီဂဏန်းတွဲတွေနဲ့ မသက်ဆိုင်တော့ပါဘူး ၊ အဲအချိန်ဆို ၈၇၆ က ၈၇၇ ၊ ၇၈၆ က ၇၈၇ ဖြစ်နေရောပေါ့ ။ အဲဒီအချိန်လောက်ဆို ကမ္ဘာကြီးမှာ လောင်စရာလောင်စာ(ရေနံပါဝါ) ဘာညာလဲ ကျန်နိုင်မှာ မဟုတ်တော့ပါဘူးလေ ။

၃ ။ တို့ ခု(၂၁)ရာစု လူသားတွေ (၂၂)ရာစုကို မလိုက်နိုင်တော့ပါဘူး ။ တို့တွေရဲ့ သားသမီး ၊ မြေး ၊ မြစ် တို့ကိုသာ တွန်းပို့လိုက်ရတော့မှာပါ ။ သူတို့နဲ့အတူ (၂၁)ရာစု (၂၁)နဲ့သက်ဆိုင်တဲ့ ဂဏန်းတွဲတွေ အကြောင်း သင်ခန်းစာတွေ နောင်တတွေနဲ့ ရင့်ကျက်အောင် သင်ကြားပို့ချဖို့ပဲ တတ်နိုင်ပါတော့တယ် ။ အကြောက်တရားတွေနဲ့ ငြိမ်သက် ၊ မီးလောင်ဒဏ်ရာတွေနဲ့ရင့်ကျက်သွားကြတဲ့ အဲဒီမျိုးဆက်တွေက အိုင်စတိုင်း ၊ ကိုင်ရို နဲ့ ဥရောပက အကြားအမြင် ဆရာမကြီးတဦးတို့ရဲ့ ဟောကိန်းတခု ကို မှန်အောင် ဖန်တီးကြတော့မှာပါ ။ ခေတ်သိပ္ပံရဲ့လိုအပ်ချက်ကို ဖြည့်ပေးမဲ့ ဘာသာ ၊ အာရှတန်ဖိုး ၊ ရွှေဝါရောင် သာသနာ ကမ္ဘာကိုလွှမ်းမိုးမဲ့ ရာစုတွေကို တွန်းပို့ပေးကြတော့မှာပါ ။
ဥပမာ - ၉၆၉ ဂဏန်းတွဲနဲ့သက်ဆိုင်ရာ (၂၄)ရာစု လိုမျိုးပေါ့ ။

အဲဒီအချိန်မှာ အားလုံးသဘောပေါက်သွားကြလိမ့်မယ် ။ ( ရာစုနှစ်ကို မှီခိုချင်တဲ့ သာသနာ - ရာစုနှစ် ပျောက်တာနဲ့ ပျောက်သွားရပြီး (စစ်မှန်တဲ့ ၊ မပျောက်ပျက်တဲ့) ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့သာသနာကတော့ မပျောက်ရုံမက ရာစုနှစ်ကပါ မှီခိုရလိမ့်မယ် ) ဆိုတာပါပဲ ။

                                                          ( ၀ီမံသာ )



fb ပေါ်မှ စာစုများ (၁)



၁ ။
When mind tends to outer world, most of the people usually think that (I am right).But when mind concentrate inner world, he will exactly know that (I am very wrong).This consideration can take him to an Intellectual growth. (Reff: Buddha Literature)

စိတ်က အပြင်ဖက်ကိုအာရုံပြုနေချိန်မှာ လူအများစုဟာ (ငါမှန်တယ်) လို့ပဲ ထင်နေလေ့ရှိကြတယ် ။ ဒါပေမဲ့ မိမိအတွင်း ထဲကို စိတ်အာရုံစူးစိုက်ကြည့်လိုက်ရင် (ငါသိပ်မှားနေပါလား)ဆိုတာ အတိအကျသိသွားလိမ့်မယ် ။  အဲဒီအသိတရားက ပဲ သူ့ကို အသိဥာဏ်ဖွံ့ဖြိုးမှုတခုဆီ ခေါ်ဆောင်သွားနိုင်ပါလိမ့်မယ် ။ (ရည်ညွှန်း - ဗုဒ္ဓစာပေများ)

၂ ။
သူများနိုင်ငံတွေမှာ ဗုဒ္ဓဘာသာကို အလေးထားလာကြချိန် - တို့နိုင်ငံမှာတော့ သာသနာကို အထောက်အပံ့ ပေးမှုတွေ နဲလာရုံမက စော်ကားမှုတွေတောင်များလာလို့ သံဃာတော်အရေအတွက်ဟာ တနေ့ထက်တနေ့ နဲလာနေပြီ ။ အဲဒီလို သာသနာတော်ကြီး အကြပ်အတည်းကြုံနေရပြီဆိုတာကို ခံစားမိလို့ (ပိတ်ချင်းမြောင်) လှိုဏ်ဂူထဲက စေတီတော်တဆူ ပုံကို ရိုက်ယူပြီး Profile တင်လိုက်တာပါ ။ (မနူဟာဘုရား)ကိုတည်ခဲ့တဲ့ နန်းကျဘုရင်မနူဟာမင်းရဲ့ ခံစားချက်မျိုးပေါ့ ။ သူ့ခေတ်တုံးကမှ အနော်ရထာဘုရင်က သာသနာတော်ပိုမိုထွန်းကားအောင် ချီးမြှောက်နိုင်ခဲ့သေးတယ် ၊ ခုတော့ - - -