ဒီနေ့
(၄၉)နှစ် ပြည့်ခဲ့ပြီ ။ ပထမဦးဆုံး ( နေကောင်းလား မေမေ ) လို့ ဖုန်းဆက်မေးနိုင်လောက်အောင်
- မေမေ အသက်ရှင် ကျန်းမာ နေပေးလို့ လောကကြီးကို ကျေးဇူးပါ ။ လောကကြီးထဲ ကျနော့်ရဲ့
ပထမ မျက်လုံး စဖွင့် တော့ ကြင်နာစွာငုံ့ကြည့်နေတာ သူမ(မေမေ)ပါ ။ ကျနော်လူဖြစ်ဖို့
သူ့ခမျာ သေလုမျောပါး ပင်ပမ်းခဲ့ရှာမယ် ။ ဒါပေမဲ့ ကျနော့်ကို ထွေးပိုက်ဖို့ သူမ
အမြဲ အားရှိခဲ့တယ် ။ ဒါကြောင့် - - - - - ကျနော်လေ မွေးနေ့ရောက်တိုင်း ( နေကောင်းလား မေမေ ) လို့ အမြဲမေးချင်ခဲ့တာပါ ။
(၄၉)နှစ်
ဆိုတဲ့သက်တမ်းတလျောက်
- ဘ၀မှာ
လက်ဖြန့်တောင်းခဲ့ရတာတွေ များလှသလို ၊ ကိုယ်က ပြန်လည် ပေးမျှရတာတွေလဲ ရှိခဲ့ပြီ ။
-
ကိုယ်တောင်းစဉ်က အရနဲလှချည်ရဲ့လို့ မကျေနပ်စိတ်နဲ့ မွန်းကြပ်၊လေးလံခဲ့ဖူးပေမဲ့ ၊
ကိုယ်ပေးလိုက်လို့ သူတို့ စိတ်ချမ်းသာသွားတာ မြင်ရတော့လဲ ကြည်နူးစိတ်နဲ့ ပေါ့ပါး၊ပျော်ရွှင်မိခဲ့ပြန်ပေါ့
။
-
လိုချင်တာတွေ ၊ နာကျင်၊ဒေါသတွေ ၊ သိမ်ငယ်၊တက်ကြွမာနအမျိုးမျိုးတွေနဲ့ တုံလှုပ်စဉ်မှာ
မရင့်ကျက်သေးတဲ့ ကိုယ့်ကိုယ်ကို အားမရ ၊
အနာဂါတ်အတွက် စိုးရိမ်နေခဲ့ရဖူးတယ် ။
-
သိမြင်လာတာတွေ ၊ ယုံကြည်နိုင်လာတာတွေ ၊ ကျေးဇူးတင်၊ကြည်ညိုစိတ်တွေနဲ့ တည်ငြိမ်စဉ်အခိုက်မှာတော့
အနာဂါတ်ဆီက ငြိမ်းအေးမှု အလင်းပျပျတောင် လှမ်းမြင်ရတော့မလို ။
ဘယ်လိုပဲဖြစ်ဖြစ်
ဘ၀တခု (၄၉)နှစ်ထိတော့ ရောက်လာခဲ့ပါပြီ ။ သေခြင်းတရားနဲ့ မကင်းနိုင်လို့ မွေးလာပြီဆိုမှ
ဘ၀ရဲ့ ထိတွေ့နိုင်၊သိနိုင်သမျှသော ပစ္စုပ္ပန်အခိုက်လေးတွေကိုအားပြုလို့
လွတ်မြောက်ခြင်းတရားဆီ သွားနေ ရဦးမယ်လေ ။ အဲဒီတရား (နိဗ္ဗာန်)ဆီ သွားရာ သံသရာလမ်းမှာ
(သင်္ချိုင်း)ပေါင်းများစွာ ဖြတ်ရဦးမှာ လို့လဲ ကျေနပ်စွာ သိမြင် လက်ခံနိုင်ခဲ့ပါပြီ
။
(
၁၆-၄-၂၀၁၅ )